အဲဗာတန်မှထွက်ခွာမည်ဆိုသည့်သတင်းများကို ဂျိမ်းစ်ရိုဒရီဂွက်ဇ်တုံ့ပြန်လာ

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာအင်္ဂလန်တွင်မပျော်မရွှင်ဖြစ်နေပြီးလာမယ့်နွေရာသီတွင်အဲဗာတန်မှထွက်ခွာရန်စဉ်းစားနေ ကြောင်းမီဒီယာများရဲ့ဖော်ပြမှုကိုငြင်းဆိုလာပါတယ်။

ကိုလံဘီယာလက်ရွေးစင်ဟာ၂၀၂၀ခုနှစ်၊နွေရာသီတွင်ရီးရဲလ်မက်ဒရစ်မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်အဲဗာတန်သို့ ရောက်လာခဲ့သူဖြစ်ပါတယ်။

အသက်၂၉နှစ်ရှိအန်ဆယ်လော့တီဟာအဲဗာတန်သို့ရောက်လာပြီးနောက်ဆက်တိုက်ခြေစွမ်းပြကစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမယ့်မကြာသေးမီတုန်းကဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာအင်္ဂလန်ရဲ့ရာသီဥတု၊ပရီးမီးယားလိဂ်ရဲ့ကြံ့ခိုင်မှုအသားပေးကစားဟန်တို့ကြောင့်မပျော်မရွင်ဖြစ်နေကြောင်းသတင်းထွက်ခဲ့ပါတယ်။

ယခုအခါဂျိမ်းစ်ရိုဒရီဂွက်ဇ်က “ကျွန်တော်အရမ်းပျော်တယ်။ဒါဟာကျွန်တော့်အတွက်စင်မြင့်တက်တယ်ဆိုတာအား လုံးလည်းအသိပါ။အသက်၃၀နှစ်ရှိနေပြီဖြစ်တဲ့ကျွန်တော်အတွက်အားလုံးအဆင်ပြေတယ်။ကျွန်တော့်ဘဝမှာကြုံ လာတဲ့အသစ်အဆန်းတွေနဲ့ပျော်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာယခုရာသီတွင်အဲဗာတန်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၁ပွဲကစားကာ၅ဂိုးသွင်းယူကာ၈ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

ZawGyi





