အဲဗာတန်မှာ ချစ်တပည့်ရွန်ဒွန်နှင့်သုံးကြိမ်မြောက်လက်တွဲသွားမယ့် ဘင်နီတက်ဇ်

အဲဗာတန်နည်းပြရာဖေးလ်ဘင်နီတက်ဇ်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးမိနစ်မှာဆော်လမွန်ရွန်ဒွန်အားခေါ်ယူလိုက်ပါတယ်။

အသက်၃၁နှစ်ရှိတိုက်စစ်မှူးဟာအဲဗာတန်သို့ရောက်လာပြီးနောက်နည်းပြရာဖေးလ်ဘင်နီတက်ဇ်နှင့်သုံးကြိမ်မြောက်အဖြစ်လက်တွဲရပါမယ်။

၎င်းတို့နှစ်ဦးဟာယခင်တုန်းကတရုတ်ကလပ် ဒါလီယန်ပရိုတွင်လည်းကောင်း၊နယူးကာဆယ်တွင်လည်းကောင်းလက်တွဲခဲ့ကြဖူးပါတယ်။

ဘင်နီတက်ဇ်ဟာ၂၀၁၈-၁၉ရာသီတုန်းကရွန်ဒွန်ကိုဝက်စ်ဘရွန်းမှနယူးကာဆယ်သို့အငှားဖြင့်ခေါ်ယူခဲ့ပါတယ်။ဘင်နီတက်ဇ်ဟာယင်းရာသီအကုန်မှာရွန်ဒွန်အားအပြီးသတ်ခေါ်ယူပေးရန်နယူးကာဆယ်ကငြင်းဆိုမှုနဲ့အတူထွက်ခွာခဲ့သူလည်းဖြစ်ပါတယ်။

အဲဗာတန်ဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်တိုက်စစ်မှူးမွိုက်စ်ကိန်းကိုဂျူဗင်တပ်သို့၂ရာသီအငှားချခဲ့ပါတယ်။ဂျူဗင်တပ်ဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကကိန်းကိုအဲဗာတန်သို့ရောင်းချစဉ်ကပေးခဲ့ရတဲ့ပြောင်းရွှေ့ကြေးပေါင်၂၄သန်းဖြင့်ပင်အပြီးသတ်ပြန်ခေါ်ယူမယ့်အချက်ကိုအငှားစာချုပ်မှာထည့်သွင်းထားပါတယ်။

ZawGyi

အဲဗာတန္မွာ ခ်စ္တပည့္႐ြန္ဒြန္ႏွင့္သုံးႀကိမ္ေျမာက္လက္တြဲသြားမယ့္ ဘင္နီတက္ဇ္

အဲဗာတန္နည္းျပရာေဖးလ္ဘင္နီတက္ဇ္ဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးမိနစ္မွာေဆာ္လမြန္႐ြန္ဒြန္အားေခၚယူလိုက္ပါတယ္။

အသက္၃၁ႏွစ္ရွိတိုက္စစ္မႉးဟာအဲဗာတန္သို႔ေရာက္လာၿပီးေနာက္နည္းျပရာေဖးလ္ဘင္နီတက္ဇ္ႏွင့္သုံးႀကိမ္ေျမာက္အျဖစ္လက္တြဲရပါမယ္။

၎တို႔ႏွစ္ဦးဟာယခင္တုန္းကတ႐ုတ္ကလပ္ ဒါလီယန္ပ႐ိုတြင္လည္းေကာင္း၊နယူးကာဆယ္တြင္လည္းေကာင္းလက္တြဲခဲ့ၾကဖူးပါတယ္။

ဘင္နီတက္ဇ္ဟာ၂၀၁၈-၁၉ရာသီတုန္းက႐ြန္ဒြန္ကိုဝက္စ္ဘ႐ြန္းမွနယူးကာဆယ္သို႔အငွားျဖင့္ေခၚယူခဲ့ပါတယ္။ဘင္နီတက္ဇ္ဟာယင္းရာသီအကုန္မွာ႐ြန္ဒြန္အားအၿပီးသတ္ေခၚယူေပးရန္နယူးကာဆယ္ကျငင္းဆိုမႈနဲ႔အတူထြက္ခြာခဲ့သူလည္းျဖစ္ပါတယ္။

အဲဗာတန္ဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္တိုက္စစ္မႉးမြိဳက္စ္ကိန္းကိုဂ်ဴဗင္တပ္သို႔၂ရာသီအငွားခ်ခဲ့ပါတယ္။ဂ်ဴဗင္တပ္ဟာလြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကကိန္းကိုအဲဗာတန္သို႔ေရာင္းခ်စဥ္ကေပးခဲ့ရတဲ့ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၄သန္းျဖင့္ပင္အၿပီးသတ္ျပန္ေခၚယူမယ့္အခ်က္ကိုအငွားစာခ်ဳပ္မွာထည့္သြင္းထားပါတယ္။pmnews

pmnews