အဲဗာတန်မှလက်စွဲတော် တပည့်ဟောင်းကို ဘာနေဗျူးသို့ ခေါ်ဖို့ ကြိုးစားနေတဲ့ အန်ဆယ်လော့တီ

ကာလိုအန်ဆယ်လော့တီဟာအဲဗာတန်စတားရီချက်လီဆင်အားရီးရဲလ်မက်ဒရစ်သို့ခေါ်ယူနိုင်ရေးအတွက် ဖုန်းဆက်သွယ်ပြောကြားမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အဲဗာတန်နည်းပြဟောင်းဟာယခုနွေရာသီတွင်ရီးရဲလ်မက်ဒရစ်သို့၃နှစ်စာချုပ်ဖြင့်ရောက်လာခဲ့သူဖြစ်ပြီးရီးရဲလ်မက်ဒရစ်ကိုပြန်လည်တည်ဆောက်ရန်စီစဉ်နေပါတယ်။

အန်ဆယ်လော့တီဟာပြီးခဲ့တဲ့လတုန်းကအဲဗာတန်နည်းပြရာထူးမှမထင်မှတ်ဘဲနုတ်ထွက်ကာရီးရဲလ်မက်ဒရစ်နည်းပြရာထူးကိုလက်ခံခဲ့သူဖြစ်ပါတယ်။အဲဗာတန်ဟာအန်ဆယ်လော့တီနေရာမှာဘင်နီတက်ဇ်ကိုအစားထိုးထားပြီးဖြစ်ပါတယ်။

အန်ဆယ်လော့တီထွက်ခွာမှုနဲ့အတူအဲဗာတန်ရှိစတားကစားသမားများရဲ့အနာဂတ်ဟာလည်းမရေမရာဖြစ်လျက်ရှိနေပါတယ်။

တိုက်စစ်မှူးဒိုမီနစ်ကယ်ဗတ်လီဝင်းကိုချဲလ်ဆီးနှင့်မန်ယူတို့ကစိတ်ဝင်စားနေပြီးဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုလည်းအက်သလက်တီကိုနှင့်အေစီမီလန်တို့ကစိတ်ဝင်စားနေပါတယ်။

ရီချက်လီဆင်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအဲဗာတန်အတွက်ပြိင်ပွဲအရပ်ရပ်မှာပွဲ၄၀ကစားကာ၁၃ဂိုးသွင်းထားပါတယ်။

သူဟာဘရာဇီးနှင့်အတူကိုပါအမေရိကဖလားကစားနေပြီးဗိုလ်လုပွဲသို့တက်ရောက်အောင်ကူညီထားပါတယ်။

ZawGyi

အဲဗာတန္မွလက္စြဲေတာ္ တပည့္ေဟာင္းကို ဘာေနဗ်ဴးသို႔ ေခၚဖို႔ ႀကိဳးစားေနတဲ့ အန္ဆယ္ေလာ့တီ

ကာလိုအန္ဆယ္ေလာ့တီဟာအဲဗာတန္စတားရီခ်က္လီဆင္အားရီးရဲလ္မက္ဒရစ္သို႔ေခၚယူႏိုင္ေရးအတြက္ ဖုန္းဆက္သြယ္ေျပာၾကားမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

အဲဗာတန္နည္းျပေဟာင္းဟာယခုေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္သို႔၃ႏွစ္စာခ်ဳပ္ျဖင့္ေရာက္လာခဲ့သူျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ကိုျပန္လည္တည္ေဆာက္ရန္စီစဥ္ေနပါတယ္။

အန္ဆယ္ေလာ့တီဟာၿပီးခဲ့တဲ့လတုန္းကအဲဗာတန္နည္းျပရာထူးမွမထင္မွတ္ဘဲႏုတ္ထြက္ကာရီးရဲလ္မက္ဒရစ္နည္းျပရာထူးကိုလက္ခံခဲ့သူျဖစ္ပါတယ္။အဲဗာတန္ဟာအန္ဆယ္ေလာ့တီေနရာမွာဘင္နီတက္ဇ္ကိုအစားထိုးထားၿပီးျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီထြက္ခြာမႈနဲ႔အတူအဲဗာတန္ရွိစတားကစားသမားမ်ားရဲ႕အနာဂတ္ဟာလည္းမေရမရာျဖစ္လ်က္ရွိေနပါတယ္။

တိုက္စစ္မႉးဒိုမီနစ္ကယ္ဗတ္လီဝင္းကိုခ်ဲလ္ဆီးႏွင့္မန္ယူတို႔ကစိတ္ဝင္စားေနၿပီးဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကိုလည္းအက္သလက္တီကိုႏွင့္ေအစီမီလန္တို႔ကစိတ္ဝင္စားေနပါတယ္။

ရီခ်က္လီဆင္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအဲဗာတန္အတြက္ၿပိင္ပြဲအရပ္ရပ္မွာပြဲ၄၀ကစားကာ၁၃ဂိုးသြင္းထားပါတယ္။

သူဟာဘရာဇီးႏွင့္အတူကိုပါအေမရိကဖလားကစားေနၿပီးဗိုလ္လုပြဲသို႔တက္ေရာက္ေအာင္ကူညီထားပါတယ္။