အဲဗာတန်မှ ထွက်ခွာဖို့ နီးစပ်နေပြီဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာအဲဗာတန်ရဲ့သူရဲကောင်းတစ်ဦးအဖြစ်တစ်ရာသီကြာကစားခဲ့ရပြီးနောက်အဲဗာတန်မှထွက်ခွာဖို့နီးစပ်နေပြီဖြစ်ပါတယ်။

ကိုလံဘီယာလက်ရွေးစင်ဟာနွေရာသီအစောပိုင်းတုန်းကအဲဗာတန်သို့နည်းပြအဖြစ်ရာဖေးလ်ဘင်နီတက်ဇ်ရောက်လာပြီးနောက်ယခုရာသီမှာတစ်ပွဲမျှကစားခွင့်မရထားသူလည်းဖြစ်ပါတယ်။

သူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအသင်းဟောင်းပေါ်တိုသို့ပြောင်းလုနီးပါးဖြစ်ခဲ့ပေမယ့်ကလပ်နှစ်ခုအကြားသဘောတူညီမှုမရရှိခဲ့ပါဘူး။

ဒါပေမယ့်ယခုအခါမှာတော့အသက်၃၀နှစ်ရှိဘိုင်ယန်နှင့်ရီးရဲလ်မက်ဒရစ်စတားဟောင်းဟာကာတာကလပ်တစ်ခုရဲ့ကမ်းလှမ်းမှုရရှိထားပြီဖြစ်ပါတယ်။ကာတာအပြောင်းအရွှေ့ဈေးကွက်ကစက်တင်ဘာလ၃၀ရက်နေ့မှာကုန်ဆုံးမှာဖြစ်တာကြောင့်ယင်းသို့ပြောင်းရွှေ့ခွင့်ရှိနေပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကရီးရဲလ်မက်ဒရစ်မှထွက်ခွာကာဆရာဟောင်းအန်ဆယ်လော့တီရှိရာအဲဗာတန်သို့ပြောင်းလာခဲ့သူဖြစ်ပါတယ်။

သူဟာရာသီအစပိုင်းတုန်းကအကောင်းဆုံးပုံစံပြသနိုင်ခဲ့ပေမယ့်ဒဏ်ရာပြဿနာကြောင့်ခြေစွမ်းပိုင်းအနိမ့်အမြင့်အတက်အကျများနှင့်ကြုံခဲ့ရပါတယ်။

ZawGyi

အဲဗာတန္မွ ထြက္ခြာဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာအဲဗာတန္ရဲ႕သူရဲေကာင္းတစ္ဦးအျဖစ္တစ္ရာသီၾကာကစားခဲ့ရၿပီးေနာက္အဲဗာတန္မွထြက္ခြာဖို႔နီးစပ္ေနၿပီျဖစ္ပါတယ္။

ကိုလံဘီယာလက္ေ႐ြးစင္ဟာေႏြရာသီအေစာပိုင္းတုန္းကအဲဗာတန္သို႔နည္းျပအျဖစ္ရာေဖးလ္ဘင္နီတက္ဇ္ေရာက္လာၿပီးေနာက္ယခုရာသီမွာတစ္ပြဲမွ်ကစားခြင့္မရထားသူလည္းျဖစ္ပါတယ္။

သူဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကအသင္းေဟာင္းေပၚတိုသို႔ေျပာင္းလုနီးပါးျဖစ္ခဲ့ေပမယ့္ကလပ္ႏွစ္ခုအၾကားသေဘာတူညီမႈမရရွိခဲ့ပါဘူး။

ဒါေပမယ့္ယခုအခါမွာေတာ့အသက္၃၀ႏွစ္ရွိဘိုင္ယန္ႏွင့္ရီးရဲလ္မက္ဒရစ္စတားေဟာင္းဟာကာတာကလပ္တစ္ခုရဲ႕ကမ္းလွမ္းမႈရရွိထားၿပီျဖစ္ပါတယ္။ကာတာအေျပာင္းအေ႐ႊ႕ေဈးကြက္ကစက္တင္ဘာလ၃၀ရက္ေန႔မွာကုန္ဆုံးမွာျဖစ္တာေၾကာင့္ယင္းသို႔ေျပာင္းေ႐ႊ႕ခြင့္ရွိေနပါတယ္။

ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္မွထြက္ခြာကာဆရာေဟာင္းအန္ဆယ္ေလာ့တီရွိရာအဲဗာတန္သို႔ေျပာင္းလာခဲ့သူျဖစ္ပါတယ္။

သူဟာရာသီအစပိုင္းတုန္းကအေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ေပမယ့္ဒဏ္ရာျပႆနာေၾကာင့္ေျခစြမ္းပိုင္းအနိမ့္အျမင့္အတက္အက်မ်ားႏွင့္ႀကဳံခဲ့ရပါတယ္။