အဲဗာတန်ရရှိသွားတဲ့ ချေပဂိုးကြောင့် ဖာဂူဆန်ဆိုရင် ဖရက်ကို တစ်လလောက်ပွဲကစားခွင့်ပေးမှာမဟုတ်ဘူး

ဖရက်မှာစနေနေ့တုန်းကမန်ယူနှင့်အဲဗာတန်ပွဲစဉ်တွင်အဲဗာတန်အသင်းရရှိသွားတဲ့ချေပဂိုးကြောင့် တစ်လခန့်ပွဲမကစားရတော့မှာမဟုတ်ကြောင်းမန်ယူအလယ်တန်းကစားသမားဟောင်းအိုဝင်ဟားဂရေ့ဗ်ကပြောကြားလိုက်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကအဲဗာတန်နှင့်ပွဲစဉ်တွင်မာရှယ်သွင်းယူတဲ့ပထမပိုင်းဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့သော်လည်းဒုတိယပိုင်းတွင်တောင်းဆင့်ရဲ့ချေပဂိုးကြောင့်တစ်ဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရပါတယ်။မန်ယူဟာအဲဗာတန်နှင့်ပွဲသရေကျမှုကြောင့်နောက်ဆုံးခြောက်ပွဲတွင်နိုင်ပွဲနှစ်ပွဲတည်းသာရထားပါတယ်။

တောင်းဆင့်ဟာအဲဗာတန်အတွက်ချေပဂိုးသွင်းယူပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ SiiiUUU ရဲ့အောင်ပွဲခံမှုပုံစံမျိုးဖြင့်အောင်ပွဲခံသွားပါတယ်။

ဘရာဇီးကွင်းလယ်ကစားသမားဖရက်ဟာတောင်းဆင့်သွင်းယူတဲ့ဂိုးအတွက်အဲဗာတန်အသင်းကစားကွက်တည်ဆောက်နေစဉ်ဂရေးအားတားဆီးရန်အခွင့်အရေးနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး။

ဟားဂရေ့ဗ်ဟာဆာအဲလက်စ်ဖာဂူဆန်ဆိုလျှင်ယင်းအမှားကျူးလွန်ခဲ့တဲ့ဖရက်ကိုတစ်လလောက်အနားပေးလိုက်မှာသေချာကြောင်းဆိုသွားပါတယ်။

ဟားဂရေ့ဗ်က “ဒီလိုဂိုးမျိုးကလုံးဝကိုမဖြစ်သင့်တဲ့ဂိုးမျိုးပါ။သူ့အလုပ်ကတားရမယ့်အလုပ်ပါ။အဲဒီမှာလည်းသူရှိနေတယ်။ဒီအတွက်တော့ပေးဆပ်ရပါမယ်။ပုဂ္ဂိုလ်ရေးအရပြောတာမဟုတ်ပါဘူး။သူနှစ်ကြိမ်တားတယ်။နှစ်ကြိမ်လုံးမအောင်မြင်ခဲ့ဘူး။ဒီလိုမျိုးလုံးဝမဖြစ်သင့်ဘူး။ဖာဂူဆန်ဆိုရင်သူ့ကိုလုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူး။သူဟာတစ်လလောက်ပွဲကစားခွင့်ရမှာမဟုတ်ပါဘူး။ဒီလိုမျိုးအခြေအနေမှာဖျက်ထုတ်မှုအောင်မြင်ရပါမယ်။ပြစ်ဒဏ်ဘောကျူးလွန်တာမျိုးလုပ်ရမယ်။သူကိုလှဲချပစ်ရမယ်။ယူနိုက်တက်ကလည်းပွဲကိုမထိန်းနိုင်ခဲ့ပါဘူး။သူတို့ရတဲ့ထောင့်ကန်ဘောကနေဖြစ်သွားတာမျိုးကျလုံးဝမဖြစ်သင့်ပါဘူး”လို့ပြောကြားသွားပါတယ်။

မန်ယူဟာလာမယ့်အောက်တိုဘာလ၁၆ရက်နေ့တွင်လက်စတာစီးတီးကိုအဝေးကွင်းသို့ ပွဲကျပ်သွားရောက်ရင်ဆိုင်ရပါဦးမယ်။

ZawGyi

အဲဗာတန္ရရွိသြားတဲ့ ေခ်ပဂိုးေၾကာင့္ ဖာဂူဆန္ဆိုရင္ ဖရက္ကို တစ္လေလာက္ပြဲကစားခြင့္ေပးမွာမဟုတ္ဘူး

ဖရက္မွာစေနေန႔တုန္းကမန္ယူႏွင့္အဲဗာတန္ပြဲစဥ္တြင္အဲဗာတန္အသင္းရရွိသြားတဲ့ေခ်ပဂိုးေၾကာင့္ တစ္လခန႔္ပြဲမကစားရေတာ့မွာမဟုတ္ေၾကာင္းမန္ယူအလယ္တန္းကစားသမားေဟာင္းအိုဝင္ဟားဂေရ႕ဗ္ကေျပာၾကားလိုက္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကအဲဗာတန္ႏွင့္ပြဲစဥ္တြင္မာရွယ္သြင္းယူတဲ့ပထမပိုင္းဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေသာ္လည္းဒုတိယပိုင္းတြင္ေတာင္းဆင့္ရဲ႕ေခ်ပဂိုးေၾကာင့္တစ္ဂိုးစီသေရျဖင့္ေက်နပ္ခဲ့ရပါတယ္။မန္ယူဟာအဲဗာတန္ႏွင့္ပြဲသေရက်မႈေၾကာင့္ေနာက္ဆုံးေျခာက္ပြဲတြင္ႏိုင္ပြဲႏွစ္ပြဲတည္းသာရထားပါတယ္။

ေတာင္းဆင့္ဟာအဲဗာတန္အတြက္ေခ်ပဂိုးသြင္းယူၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ SiiiUUU ရဲ႕ေအာင္ပြဲခံမႈပုံစံမ်ိဳးျဖင့္ေအာင္ပြဲခံသြားပါတယ္။

ဘရာဇီးကြင္းလယ္ကစားသမားဖရက္ဟာေတာင္းဆင့္သြင္းယူတဲ့ဂိုးအတြက္အဲဗာတန္အသင္းကစားကြက္တည္ေဆာက္ေနစဥ္ဂေရးအားတားဆီးရန္အခြင့္အေရးႏွစ္ႀကိမ္တိုင္တိုင္ရရွိခဲ့ေပမယ့္လည္းမေအာင္ျမင္ခဲ့ပါဘူး။

ဟားဂေရ႕ဗ္ဟာဆာအဲလက္စ္ဖာဂူဆန္ဆိုလွ်င္ယင္းအမွားက်ဴးလြန္ခဲ့တဲ့ဖရက္ကိုတစ္လေလာက္အနားေပးလိုက္မွာေသခ်ာေၾကာင္းဆိုသြားပါတယ္။

ဟားဂေရ႕ဗ္က “ဒီလိုဂိုးမ်ိဳးကလုံးဝကိုမျဖစ္သင့္တဲ့ဂိုးမ်ိဳးပါ။သူ႔အလုပ္ကတားရမယ့္အလုပ္ပါ။အဲဒီမွာလည္းသူရွိေနတယ္။ဒီအတြက္ေတာ့ေပးဆပ္ရပါမယ္။ပုဂၢိဳလ္ေရးအရေျပာတာမဟုတ္ပါဘူး။သူႏွစ္ႀကိမ္တားတယ္။ႏွစ္ႀကိမ္လုံးမေအာင္ျမင္ခဲ့ဘူး။ဒီလိုမ်ိဳးလုံးဝမျဖစ္သင့္ဘူး။ဖာဂူဆန္ဆိုရင္သူ႔ကိုလုံးဝခြင့္လႊတ္မွာမဟုတ္ပါဘူး။သူဟာတစ္လေလာက္ပြဲကစားခြင့္ရမွာမဟုတ္ပါဘူး။ဒီလိုမ်ိဳးအေျခအေနမွာဖ်က္ထုတ္မႈေအာင္ျမင္ရပါမယ္။ျပစ္ဒဏ္ေဘာက်ဴးလြန္တာမ်ိဳးလုပ္ရမယ္။သူကိုလွဲခ်ပစ္ရမယ္။ယူႏိုက္တက္ကလည္းပြဲကိုမထိန္းႏိုင္ခဲ့ပါဘူး။သူတို႔ရတဲ့ေထာင့္ကန္ေဘာကေနျဖစ္သြားတာမ်ိဳးက်လုံးဝမျဖစ္သင့္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာလာမယ့္ေအာက္တိုဘာလ၁၆ရက္ေန႔တြင္လက္စတာစီးတီးကိုအေဝးကြင္းသို႔ ပြဲက်ပ္သြားေရာက္ရင္ဆိုင္ရပါဦးမယ္။