အဲဗာတန်ရဲ့ကွင်းသစ်အမည်ပိုင်ဆိုင်ခွင့် ပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းလာတဲ့ လူကြီးကြိုက်ဝက်ဘ်ဆိုက်

လူကြီးကြိုက်ဝက်ဘ်ဆိုက် Stripchatဟာအဲဗာတန်ရဲ့ပေါင်သန်း၅၀၀တန်ကွင်းသစ်ကိုStripchat Sustainability Stadiumလို့အမည်ပေးရေးအတွက် ကြီးမားတဲ့ကမ်းလှမ်းမှုပြုလုပ်လာပါတယ်။

အဲဗာတန်ဟာလီဗာပူးရှိBramley-Moore Dock တွင်ပရိသတ်၅၂၈၈၈ဆန့်ကွင်းသစ်ကြီးတည်ဆောက်နေပြီး၂၀၂၄-၁၅ပရီးမီးယားလိဂ်ရာသီတွင်စတင်အသုံးပြုရန်ရည်မှန်းထားပါတယ်။

အဲဗာတန်ဟာအဆိုပါကွင်းကို၁၈၉၂ခုနှစ်ကတည်းကအသုံးပြုလာတဲ့ဂူဒီဆင်ပါ့ခ်ကွင်းနေရာတွင်အစားထိုးအသုံးပြုလာမှာလည်းဖြစ်ပါတယ်။

ယင်းကွင်းတွင်ဂိုးပေါက်နောက်ဘက်မှာအဲဗာတန်အမာခံပရိသတ်များအတွက်ပရိသတ်၁၃၀၀၀ဆန့်ပွဲကြည့်စင်ပါဝင်လာမှာဖြစ်ပါတယ်။တကယ်လို့များပရီးမီးယားလိဂ်စည်းမျဉ်းအတိုင်းကွင်းလုံခြုံရေးစိတ်ချရပါကပရိသတ်၆၂၀၀၀ဆန့်ကွင်းအထိတိုးချဲ့သွားနိုင်ပါသေးတယ်။

အဲဗာတန်ရဲ့ကွင်းသစ်အမည်ကိုဘယ်လိုခေါ်ဝေါ်လာမလဲ။ယခုအခါမှာတော့အမေရိကန်ဝက်ဘ်ဆိုက် Stripchat ကတစ်နှစ်လျှင်ပေါင်သန်း၂၀တန် ၁၀နှစ်စာချုပ်ဖြင့်ကမ်းလှမ်းမှုပြုလုပ်လာပြီဖြစ်ပါတယ်။

အဲဗာတန်ဟာStripchat ရဲ့ကမ်းလှမ်းမှုကိုချက်ချင်းလက်ခံသွားဦးမှာမဟုတ်သေးဘဲအချိန်ယူကာအခြားကမ်းလှမ်းမှုများကိုလည်းလက်ခံစဉ်းစားသွားဖို့ရှိနေပါသေးတယ်။

ZawGyi

အဲဗာတန္ရဲ႕ကြင္းသစ္အမည္ပိုင္ဆိုင္ခြင့္ ေပါင္သန္း ၂၀ ျဖင့္ ကမ္းလွမ္းလာတဲ့ လူႀကီးႀကိဳက္ဝက္ဘ္ဆိုက္

လူႀကီးႀကိဳက္ဝက္ဘ္ဆိုက္ Stripchatဟာအဲဗာတန္ရဲ႕ေပါင္သန္း၅၀၀တန္ကြင္းသစ္ကိုStripchat Sustainability Stadiumလို႔အမည္ေပးေရးအတြက္ ႀကီးမားတဲ့ကမ္းလွမ္းမႈျပဳလုပ္လာပါတယ္။

အဲဗာတန္ဟာလီဗာပူးရွိBramley-Moore Dock တြင္ပရိသတ္၅၂၈၈၈ဆန႔္ကြင္းသစ္ႀကီးတည္ေဆာက္ေနၿပီး၂၀၂၄-၁၅ပရီးမီးယားလိဂ္ရာသီတြင္စတင္အသုံးျပဳရန္ရည္မွန္းထားပါတယ္။

အဲဗာတန္ဟာအဆိုပါကြင္းကို၁၈၉၂ခုႏွစ္ကတည္းကအသုံးျပဳလာတဲ့ဂူဒီဆင္ပါ့ခ္ကြင္းေနရာတြင္အစားထိုးအသုံးျပဳလာမွာလည္းျဖစ္ပါတယ္။

ယင္းကြင္းတြင္ဂိုးေပါက္ေနာက္ဘက္မွာအဲဗာတန္အမာခံပရိသတ္မ်ားအတြက္ပရိသတ္၁၃၀၀၀ဆန႔္ပြဲၾကည့္စင္ပါဝင္လာမွာျဖစ္ပါတယ္။တကယ္လို႔မ်ားပရီးမီးယားလိဂ္စည္းမ်ဥ္းအတိုင္းကြင္းလုံၿခဳံေရးစိတ္ခ်ရပါကပရိသတ္၆၂၀၀၀ဆန႔္ကြင္းအထိတိုးခ်ဲ႕သြားႏိုင္ပါေသးတယ္။

အဲဗာတန္ရဲ႕ကြင္းသစ္အမည္ကိုဘယ္လိုေခၚေဝၚလာမလဲ။ယခုအခါမွာေတာ့အေမရိကန္ဝက္ဘ္ဆိုက္ Stripchat ကတစ္ႏွစ္လွ်င္ေပါင္သန္း၂၀တန္ ၁၀ႏွစ္စာခ်ဳပ္ျဖင့္ကမ္းလွမ္းမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။

အဲဗာတန္ဟာStripchat ရဲ႕ကမ္းလွမ္းမႈကိုခ်က္ခ်င္းလက္ခံသြားဦးမွာမဟုတ္ေသးဘဲအခ်ိန္ယူကာအျခားကမ္းလွမ္းမႈမ်ားကိုလည္းလက္ခံစဥ္းစားသြားဖို႔ရွိေနပါေသးတယ္။