အဲဗာတန်အတွက်ချေပဂိုးသွင်းပြီးနောက် ရော်နယ်ဒိုရဲ့ SiiiUUU အောင်ပွဲခံစတိုင်ဖြင့် အောင်ပွဲခံခဲ့တဲ့ တောင်းဆင့်

အဲဗာတန်တောင်ပံကစားသမားအင်ဒရို့စ်တောင်းဆင့်ဟာမန်ချက်စတာယူနိုက်တက်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာအဲဗာတန်အတွက်ချေပဂိုးသွင်းယူလိုက်ပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်ပွဲခံမှုစတိုင် SiiiUUU ဖြင့်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ယနေ့ညတွင်အိုးထရက်ဖို့ဒ်မှာမန်ယူနှင့်အဲဗာတန်တို့တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲထွက်ခွင့်မရဘဲအရန်ခုံမှာဘဲထိုင်နေခဲ့ရပါတယ်။သူဟာကြားရက်တုန်းကဗီလာရီးရဲလ်နှင့်ပွဲစဉ်မှာပွဲချိန်ပြည့်ကစားပြီးနာကျင်အချိန်ပိုမှာအနိုင်ဂိုးသွင်းယူခဲ့ပြီးနောက်အနားပေးခံခဲ့ရတာလည်းဖြစ်ပါတယ်။

သူဟာအဲဗာတန်ကိုမာရှယ်ရဲ့ဂိုးဖြင့်ဦးဆောင်နေတဲ့ဒုတိယပိုင်းမှာလူစားဝင်ရောက်ကစားခဲ့ပါတယ်။ဒါပေမယ့်အင်ဒရို့စ်တောင်းဆင့်ဟာအဲဗာတန်အတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူခဲ့ပါတယ်။

အင်ဒရို့စ်တောင်းဆင့်ဟာအဲဗာတန်အတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူနိုင်ပြီးနောက် ထောင့်ကန်ဘောအလံတိုင်သို့ပြေးလွှားသွားကာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးသွင်းအောင်ပွဲခံမှုစတိုင် SiiiUUU ဖြင့်အောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

အဲဗာတန္အတြက္ေခ်ပဂိုးသြင္းၿပီးေနာက္ ေရာ္နယ္ဒိုရဲ႕ SiiiUUU ေအာင္ပြဲခံစတိုင္ျဖင့္ ေအာင္ပြဲခံခဲ့တဲ့ ေတာင္းဆင့္

အဲဗာတန္ေတာင္ပံကစားသမားအင္ဒ႐ို႕စ္ေတာင္းဆင့္ဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာအဲဗာတန္အတြက္ေခ်ပဂိုးသြင္းယူလိုက္ၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံမႈစတိုင္ SiiiUUU ျဖင့္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ယေန႔ညတြင္အိုးထရက္ဖို႔ဒ္မွာမန္ယူႏွင့္အဲဗာတန္တို႔တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲထြက္ခြင့္မရဘဲအရန္ခုံမွာဘဲထိုင္ေနခဲ့ရပါတယ္။သူဟာၾကားရက္တုန္းကဗီလာရီးရဲလ္ႏွင့္ပြဲစဥ္မွာပြဲခ်ိန္ျပည့္ကစားၿပီးနာက်င္အခ်ိန္ပိုမွာအႏိုင္ဂိုးသြင္းယူခဲ့ၿပီးေနာက္အနားေပးခံခဲ့ရတာလည္းျဖစ္ပါတယ္။

သူဟာအဲဗာတန္ကိုမာရွယ္ရဲ႕ဂိုးျဖင့္ဦးေဆာင္ေနတဲ့ဒုတိယပိုင္းမွာလူစားဝင္ေရာက္ကစားခဲ့ပါတယ္။ဒါေပမယ့္အင္ဒ႐ို႕စ္ေတာင္းဆင့္ဟာအဲဗာတန္အတြက္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူခဲ့ပါတယ္။

အင္ဒ႐ို႕စ္ေတာင္းဆင့္ဟာအဲဗာတန္အတြက္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူႏိုင္ၿပီးေနာက္ ေထာင့္ကန္ေဘာအလံတိုင္သို႔ေျပးလႊားသြားကာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးသြင္းေအာင္ပြဲခံမႈစတိုင္ SiiiUUU ျဖင့္ေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။