အဲရစ်ဂါစီယာကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် ဘာစီလိုနာ သဘောတူညီမှုရရှိ

အဲရစ်ဂါစီယာဟာလာမယ့်နွေရာသီမှာဘာစီလိုနာသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိထားပြီ ဖြစ်ကြောင်းသိရပါတယ်။

ဂါစီယာဟာမန်စီးတီးရဲ့စာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းမှုကိုပယ်ချထားသူဖြစ်ပြီးယခုရာသီအကုန်တွင်အသင်း ဟောင်းဘာစီလိုနာသို့ငါးနှစ်စာချုပ်ဖြင့်ပြောင်းရန်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။

ဘာစီလိုနာဟာယခုဇန်နဝါရီအပြောင်းအရွှေ့ကတည်းကအဲရစ်ဂါစီယာကိုခေါ်ယူလိုနေပြီးမန်စီးတီးနှင့်ဆွေးနွေးမှု ပြုလုပ်ရပါမယ်။ဘာစီလိုနာဟာနွေရာသီတုန်းကဂါစီယာကိုခေါ်ယူရေးအတွက်ပေါင်၉သန်းဖြင့်ကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီးကပယ်ချခဲ့ပါတယ်။အခြားတစ်ဖက်မှာဘာစီလိုနာဟာငွေကြေးပိုင်းပြဿနာရှိမှုနဲ့အတူဇန်နဝါရီမှာခေါ်ယူဖို့ကခက်ခဲနေပါတယ်။

မန်စီးတီးဟာဂါစီယာကိုခေါ်ယူရေးစာချုပ်သစ်ကမ်းလှမ်းမှုများပြုလုပ်လာခဲ့ပေမယ့်လည်းကစားသမားကပယ်ချခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကမန်စီးတီးမှာအရေးပါတဲ့ကစားသမားအဖြစ်ကစားခွင့်ရရှိခဲ့ပေမယ့်လည်းယခုရာသီမှာ တော့စာချုပ်သစ်ချုပ်ဆိုရန်ငြင်းပယ်ထားမှုနဲ့အတူမိနစ်၂၀၀ဝန်းကျင်တည်းသာကစားခွင့်ရထားပါတယ်။

ZawGyi





