အဲရစ်ဆင်ကြောင့် ပွဲထွက်ခွင့်နေရာပျောက်ဆုံးလာနိုင်တဲ့ ဘရူနိုဖာနန်ဒက်စ်

တိုနီကာစကာရီနိုကဘရူနိုဖာနန်ဒက်စ်မှာအသင်းသို့ခရစ္စတီယန်အဲရစ်ဆင်ရောက်လာမှုကြောင့်ယူနိုက်တက်ပွဲထွက်ကစားသမားနေရာပျောက်ဆုံးလာနိုင်ကြောင်းသုံးသပ်ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာအသက်၃၀နှစ်ရှိဒိန်းမတ်ကွင်းလယ်ကစားသမားကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်သုံးနှစ်စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဖီယင်နုမှမာလာစီယာကိုခေါ်ယူလိုက်ပြီးတဲ့နောက်ဒုတိယမြောက်ကစားသမားအဖြစ်အဲရစ်ဆင်ကိုခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာမာတီနက်ဇ်အပြောင်းအရွှေ့အားအပြီးသတ်လုနီးပါးဖြစ်နေပြီဖြစ်သလိုဒီဂျောင်ကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ယခုအခါအိုင်ယာလန်လက်ရွေးစင်ဟောင်းကာစကာရီနိုက အဲရစ်ဆင်မှာအဲရစ်တန်ဟက်ရဲ့ကစားဟန်နဲ့ပိုမိုအံဝင်မှုနဲ့အတူဘရူနိုဖာနန်ဒက်စ်နေရာပျောက်နိုင်ကြောင်းသုံးသပ်လာပါတယ်။

ကာစကာရီနိုက “အဲရစ်ဆင်ကအမြဲတမ်းဘောလုံးတောင်းနေတဲ့ကစားသမာတွေထဲကတစ်ဦးပါ။အလွတ်တည်ကန်ဘောကောင်းတယ်။အမြင်ကောင်းတယ်။တိကျတဲ့ပေးပို့မှုတွေလုပ်နိုင်တယ်။သူကယူနိုက်တက်ပိုင်ဆိုင်လာတဲ့ အကောင်းဆုံးအလယ်တန်းကစားသမားဖြစ်လာပါလိမ့်မယ်။ကျွန်တော်က ဖာနန်ဒက်စ်အတွက်ပဲစိုးရိမ်တာ။ပြီးခဲ့တဲ့နှစ်တုန်းကသူ တကယ်ခက်ခဲခဲ့တယ်။ကွဲပြားတဲ့နေရာကိုတဖြည်းဖြည်းရွှေ့ကစားမယ်လို့မထင်ဘူး။သူကကျောနံပါတ်၁၀ကစားသမားမျိုးမဟုတ်ဘူး။ပြီးခဲ့တဲ့နှစ်တုန်းကအလယ်တန်းနဲ့ယူနိုက်တက်တိုက်စစ်ကိုမချိတ်ဆက်ပေးနိုင်ခဲ့ဘူး။အခုအနေအထားအရအဲရစ်ဆင်ကဖာနန်ဒက်စ်ထက်ကစားခွင့်ပိုရလာမယ်လို့ထင်တယ်”လို့ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာယူနိုက်တက်သို့ရောက်လာတဲ့ပထမဆုံး၁၈လတွင်ဂိုးများစွာသွင်းနိုင်ခဲ့သလိုဖန်တီးမှုများလည်းပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ပြိုင်ပွဲအရပ်ရပ်တွင်၁၀ဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။

ZawGyi

အဲရစ္ဆင္ေၾကာင့္ ပြဲထြက္ခြင့္ေနရာေပ်ာက္ဆုံးလာႏိုင္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

တိုနီကာစကာရီႏိုကဘ႐ူႏိုဖာနန္ဒက္စ္မွာအသင္းသို႔ခရစၥတီယန္အဲရစ္ဆင္ေရာက္လာမႈေၾကာင့္ယူႏိုက္တက္ပြဲထြက္ကစားသမားေနရာေပ်ာက္ဆုံးလာႏိုင္ေၾကာင္းသုံးသပ္ေျပာၾကားလာပါတယ္။

ယူႏိုက္တက္ဟာအသက္၃၀ႏွစ္ရွိဒိန္းမတ္ကြင္းလယ္ကစားသမားကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္သုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူလိုက္ၿပီျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာဖီယင္ႏုမွမာလာစီယာကိုေခၚယူလိုက္ၿပီးတဲ့ေနာက္ဒုတိယေျမာက္ကစားသမားအျဖစ္အဲရစ္ဆင္ကိုေခၚယူခဲ့တာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ဟာမာတီနက္ဇ္အေျပာင္းအေ႐ႊ႕အားအၿပီးသတ္လုနီးပါးျဖစ္ေနၿပီျဖစ္သလိုဒီေဂ်ာင္ကိုလည္းေခၚယူရန္ႀကိဳးပမ္းေနပါတယ္။

ယခုအခါအိုင္ယာလန္လက္ေ႐ြးစင္ေဟာင္းကာစကာရီႏိုက အဲရစ္ဆင္မွာအဲရစ္တန္ဟက္ရဲ႕ကစားဟန္နဲ႔ပိုမိုအံဝင္မႈနဲ႔အတူဘ႐ူႏိုဖာနန္ဒက္စ္ေနရာေပ်ာက္ႏိုင္ေၾကာင္းသုံးသပ္လာပါတယ္။

ကာစကာရီႏိုက “အဲရစ္ဆင္ကအၿမဲတမ္းေဘာလုံးေတာင္းေနတဲ့ကစားသမာေတြထဲကတစ္ဦးပါ။အလြတ္တည္ကန္ေဘာေကာင္းတယ္။အျမင္ေကာင္းတယ္။တိက်တဲ့ေပးပို႔မႈေတြလုပ္ႏိုင္တယ္။သူကယူႏိုက္တက္ပိုင္ဆိုင္လာတဲ့ အေကာင္းဆုံးအလယ္တန္းကစားသမားျဖစ္လာပါလိမ့္မယ္။ကြၽန္ေတာ္က ဖာနန္ဒက္စ္အတြက္ပဲစိုးရိမ္တာ။ၿပီးခဲ့တဲ့ႏွစ္တုန္းကသူ တကယ္ခက္ခဲခဲ့တယ္။ကြဲျပားတဲ့ေနရာကိုတျဖည္းျဖည္းေ႐ႊ႕ကစားမယ္လို႔မထင္ဘူး။သူကေက်ာနံပါတ္၁၀ကစားသမားမ်ိဳးမဟုတ္ဘူး။ၿပီးခဲ့တဲ့ႏွစ္တုန္းကအလယ္တန္းနဲ႔ယူႏိုက္တက္တိုက္စစ္ကိုမခ်ိတ္ဆက္ေပးႏိုင္ခဲ့ဘူး။အခုအေနအထားအရအဲရစ္ဆင္ကဖာနန္ဒက္စ္ထက္ကစားခြင့္ပိုရလာမယ္လို႔ထင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာယူႏိုက္တက္သို႔ေရာက္လာတဲ့ပထမဆုံး၁၈လတြင္ဂိုးမ်ားစြာသြင္းႏိုင္ခဲ့သလိုဖန္တီးမႈမ်ားလည္းျပဳလုပ္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီမွာေတာ့ၿပိဳင္ပြဲအရပ္ရပ္တြင္၁၀ဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။