အဲရစ်တန်ဟက်ကို တစ်နှစ်လုပ်ခပေါင် ၁၂ သန်းတန် စာချုပ်သစ်ချုပ်ဆိုလာမဲ့ ယူနိုက်တက်

အဲရစ်တန်ဟက်ဟာလာမယ့်နွေရာသီတွင်ယူနိုက်တက်နှင့်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုလာမှာဖြစ်ပြီးစာချုပ်သစ်ကြောင့်တစ်နှစ်လုပ်ခပေါင်၁၂သန်းအထိခံစားခွင့်ရရှိလာပါမယ်။

မန်ချက်စတာယူနိုက်တက်ဟာအသင်းကိုကိုင်တွယ်တဲ့ပထမဆုံးရာသီမှာပင်ကောင်းမွန်တဲ့ရာသီတစ်ခုပိုင်ဆိုင်ထားနိုင်အောင်ဦးဆောင်ပေးထားတဲ့ဒတ်ချ်လူမျိုးနည်းပြကို၂၀၂၈ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုလာပါမယ်။

အသက်၅၃နှစ်ရှိဒတ်ချ်လူမျိုးနည်းပြဟာတစ်နှစ်လုပ်ခပေါင်၃သန်းအထိတိုးမြှင့်ရရှိလာမှာဖြစ်ပြီးနွေရာသီတွင် ယူနိုက်တက်ပိုင်ရှင်သစ်မည်သူဖြစ်လာပါစေစာချုပ်သစ်ချုပ်ဆိုလာပါမယ်။

တဖက်တွင်အဲရစ်တန်ဟက်ကိုယ်တိုင်ကလည်းယူနိုက်တက်တွင်အဆင်ပြေချောမွေ့နေမှုနဲ့အတူလက်ရှိ၃နှစ်စာချုပ်အားသက်တမ်းတိုးရန်အသင့်ရှိနေပါတယ်။

အဲရစ်တန်ဟက်ဟာယခုရာသီတွင်ယူနိုက်တက်ကိုခါရာဘောင်ဖလားဆွတ်ခူးပေးထားသလိုထိပ်ဆုံး၄သင်းစာရင်းဝင်အောင်လည်းလုပ်ဆောင်ထားပါတယ်။ဒါ့အပြင်၎င်းတို့ဟာယူရိုပါလိဂ်နှင့်အက်ဖ်အေဖလားတို့ဆွတ်ခူးနိုင်တဲ့အခွင့်အရေးလည်းပိုင်ဆိုင်ထားပါတယ်။