အဲရစ်တန်ဟက်ရဲ့ပထမဆုံးပွဲမှာ လီဗာပူးကို ၄-၀ ဖြင့် ဖြိုချပစ်ခဲ့တဲ့ ယူနိုက်တက်

အဲရစ်တန်ဟက်ဟာယူနိုက်တက်အတွက်ပထမဆုံးပွဲကတော့လီဗာပူးကို၄-၀ဂိုးဖြင့်ဂိုးပြတ်အနိုင်ရခဲ့တာထက်ချိုမြိန်တာရှိမှာမဟုတ်ပါဘူး။

ယူနိုက်တက်ဟာအဲရစ်တန်ဟက်ရဲ့ပထမဆုံးပွဲစဉ်မှာဆန်ချို၊ဖရက်၊အန်တိုနီယိုမာရှယ်၊ပယ်လီစထရီတို့ရဲ့သွင်းဂိုးတွေနဲ့ လီဗာပူးကို၄-၀ဂိုးနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာပထမပိုင်းမှာဖရက်၊ဆန်ချို၊မာရှယ်တို့ရဲ့ဂိုးနဲ့အနိုင်ရနေခဲ့တာဖြစ်ပြီးဒုတိယပိုင်းမှာလူစားဝင်ရောက်လာတဲ့ဖာကန်ဒိုပယ်လီစထရီက စတုတ္ထဂိုးသွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အတွက်ဆိုးရွားသွားတာကတော့ဂိုးသမားဒီဂီယာဒဏ်ရာရရှိပြီးလူစားလဲခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာပြီးခဲ့တဲ့ဧပြီလတုန်းကလီဗာပူးကို၄-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးပရီးမီးယားလိဂ်မှာနှစ်ကျော့ပေါင်းရလဒ်၉-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာယနေ့မှာတော့ကလော့ပ်ရဲ့လီဗာပူးကို အာရှပရိသတ်များရှေ့မှောက်မှာ၄-၀ဂိုးဖြင့်အနိုင်ယူပြီးကလဲ့စားပြန်ချေလိုက်နိုင်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီတုန်းကကလပ်အတွက်ဂိုးအများဆုံးသွင်းယူထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်ပေမဲ့လည်းဂိုးရဖို့မခက်ခဲဘဲ၄ဂိုးပြတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

တကယ်တော့ယူနိုက်တက်ဟာလီဗာပူးကိုဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ခြေပြတ်ခဲ့တာတော့မဟုတ်ပါဘူး။လီဗာပူးဟာတိုက်စစ်ပိုင်းအသာနဲ့ကစားနိုင်ခဲ့သလိုလီဗာပူးရဲ့တိုင်ထိမှု၊ဂိုးကံခေမှု၊နောက်တန်းအမှားများမှုတို့ကြောင့်ယူနိုက်တက်ကိုဂိုးပြတ်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi


အဲရစ်တန်ဟက်ဟာယူနိုက်တက်အတွက်ပထမဆုံးပွဲကတော့လီဗာပူးကို၎-၀ဂိုးဖြင့်ဂိုးပြတ်အနိုင်ရခဲ့တာထက်ချိုမြိန်တာရှိမှာမဟုတ်ပါဘူး။

ယူနိုက်တက်ဟာအဲရစ်တန်ဟက်ရဲ့ပထမဆုံးပွဲစဉ်မှာဖရက်၊ဆန်ချို၊အန်တိုနီယိုမာရှယ်၊ပယ်လီစထရီတို့ရဲ့သွင်းဂိုးတွေနဲ့ လီဗာပူးကို၎-၀ဂိုးနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။



ယူနိုက်တက်ဟာပြီးခဲ့တဲ့ဧပြီလတုန်းကလီဗာပူးကို၎-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးပရီးမီးယားလိဂ်မှာနှစ်ကျော့ပေါင်းရလဒ်၉-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာယနေ့မှာတော့ကလော့ပ်ရဲ့လီဗာပူးကို အာရှပရိသတ်များရှေ့မှောက်မှာ၎-၀ဂိုးဖြင့်အနိုင်ယူပြီးကလဲ့စားပြန်ချေလိုက်နိုင်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီတုန်းကကလပ်အတွက်ဂိုးအများဆုံးသွင်းယူထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်ပေမဲ့လည်းဂိုးရဖို့မခက်ခဲဘဲ၎ဂိုးပြတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
