အဲရစ်တန်ဟက်အတွက် နောက်ကျလူစားဝင်ကစားရန် ငြင်းဆိုတဲ့နောက်ဆုံးကစားသမား ဘယ်လိုဖြစ်သွားခဲ့လဲ?

အဲရစ်တန်ဟက်ဟာအရန်အဖြစ်ဝင်ရောက်ကစားဖို့ငြင်းဆိုတဲ့ကစားသမားကို ခပ်ကြမ်းကြမ်းကိုင်တွယ်တဲ့သမိုင်းကြောင်းရှိခဲ့ဖူးသူဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးဟာဗုဒ္ဓဟူးနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်စပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာလူစားဝင်ရောက်ကစားဖို့ငြင်းဆိုတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကို ချဲလ်ဆီးနှင့်ပွဲစဉ်လူစာရင်းမှချန်လှပ်ထားပြီးဖြစ်ပါတယ်။

ဒါ့အပြင်အဲရစ်တန်ဟက်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုကိုပထမအသင်းလူစာရင်းမှဖယ်ရှားကို တစ်ကိုယ်တည်းလေ့ကျင့်ခန်းဆင်းစေတဲ့အပြင်နှစ်ပတ်လုပ်ခပေါင်၇၂၀၀၀၀ ဒဏ်ရိုက်သွားပါမယ်။

လက်ရှိအနေအထားအရခရစ္စတီယာနိုရော်နယ်ဒိုအတွက် ပိုပြီးတော့အဆိုးတွေကြုံတွေ့လာရဖို့ရှိနေပါတယ်။အဲရစ်တန်ဟက်ဟာ၂၀၁၇-၁၈ရာသီတုန်းကအေဂျက်စ်နှင့်ဟီရန်ဗင်းပွဲစဉ်မှာလူစားဝင်ရောက်ကစားဖို့ငြင်းခဲ့တဲ့အေမင်ယူနက်စ်ကိုခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့ဖူးပါတယ်။

Johan Cruyff Arena မှာကစားတဲ့ယင်းပွဲမှာအေဂျက်စ်က၄-၁ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။ဒါပေမဲ့မိုချင်ဂလက်ဘတ်စတားဟောင်းယူနက်စ်ဟာနောက်ဆုံးမိနစ်အနည်းငယ်ကိုအရန်အဖြစ်ဝင်ရောက်ကစားဖို့ငြင်းဆိုခဲ့ပါတယ်။

ယင်းအပေါ်အကြီးအကျယ်ဒေါသထွက်သွားခဲ့တဲ့အဲရစ်တန်ဟက်ဟာချက်ချင်းပင်ယူနက်စ်ကိုပထမအသင်းကနေဖယ်ရှားကိုဒုတိယအသင်းသို့ပို့ခဲ့ပါတယ်။

ယင်းနောက်မှာတော့ယူနက်စ်ဟာအေဂျက်စ်အတွက်နောက်ထပ်ပွဲကစားခွင့်မရခဲ့ပါတယ်။သူဟာနာပိုလီသို့ပြောင်းခဲ့ရပြီး ယင်းတွင်နှစ်ရာသီကစားခဲ့ရာမှာ၂၇ပွဲကစားခဲ့ပါတယ်။

အသက်၂၉နှစ်ရှိယိုနက်စ်ဟာဖရန့်ဖတ်တွင်နှစ်ရာသီအငှားဖြင့်သွားကစားခဲ့ပြီး ဆော်ဒီကလပ်အယ်အက်တီဖက်သို့ပြောင်းခဲ့ပါတယ်။

လက်ရှိအချိန်တွင်သူဟာနယ်သာလန်သို့ပြန်လာကာအူးထရက်မှာအငှားဖြင့်ကစားနေပါတယ်။

ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်ယူနိုက်တက်အတွက်နောက်ပွဲကစားပြီးဖြစ်ကာနောက်ထပ်ပွဲကစားရဖို့မရှိတော့တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။

ZawGyi

အဲရစ္တန္ဟက္အတြက္ ေနာက္က်လူစားဝင္ကစားရန္ ျငင္းဆိုတဲ့ေနာက္ဆုံးကစားသမား ဘယ္လိုျဖစ္သြားခဲ့လဲ?

အဲရစ္တန္ဟက္ဟာအရန္အျဖစ္ဝင္ေရာက္ကစားဖို႔ျငင္းဆိုတဲ့ကစားသမားကို ခပ္ၾကမ္းၾကမ္းကိုင္တြယ္တဲ့သမိုင္းေၾကာင္းရွိခဲ့ဖူးသူျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳးဟာဗုဒၶဟူးေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္စပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာလူစားဝင္ေရာက္ကစားဖို႔ျငင္းဆိုတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကို ခ်ဲလ္ဆီးႏွင့္ပြဲစဥ္လူစာရင္းမွခ်န္လွပ္ထားၿပီးျဖစ္ပါတယ္။

ဒါ့အျပင္အဲရစ္တန္ဟက္ဟာ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုပထမအသင္းလူစာရင္းမွဖယ္ရွားကို တစ္ကိုယ္တည္းေလ့က်င့္ခန္းဆင္းေစတဲ့အျပင္ႏွစ္ပတ္လုပ္ခေပါင္၇၂၀၀၀၀ ဒဏ္႐ိုက္သြားပါမယ္။

လက္ရွိအေနအထားအရခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ ပိုၿပီးေတာ့အဆိုးေတြႀကဳံေတြ႕လာရဖို႔ရွိေနပါတယ္။အဲရစ္တန္ဟက္ဟာ၂၀၁၇-၁၈ရာသီတုန္းကေအဂ်က္စ္ႏွင့္ဟီရန္ဗင္းပြဲစဥ္မွာလူစားဝင္ေရာက္ကစားဖို႔ျငင္းခဲ့တဲ့ေအမင္ယူနက္စ္ကိုခပ္ၾကမ္းၾကမ္းကိုင္တြယ္ခဲ့ဖူးပါတယ္။

Johan Cruyff Arena မွာကစားတဲ့ယင္းပြဲမွာေအဂ်က္စ္က၄-၁ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။ဒါေပမဲ့မိုခ်င္ဂလက္ဘတ္စတားေဟာင္းယူနက္စ္ဟာေနာက္ဆုံးမိနစ္အနည္းငယ္ကိုအရန္အျဖစ္ဝင္ေရာက္ကစားဖို႔ျငင္းဆိုခဲ့ပါတယ္။

ယင္းအေပၚအႀကီးအက်ယ္ေဒါသထြက္သြားခဲ့တဲ့အဲရစ္တန္ဟက္ဟာခ်က္ခ်င္းပင္ယူနက္စ္ကိုပထမအသင္းကေနဖယ္ရွားကိုဒုတိယအသင္းသို႔ပို႔ခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ယူနက္စ္ဟာေအဂ်က္စ္အတြက္ေနာက္ထပ္ပြဲကစားခြင့္မရခဲ့ပါတယ္။သူဟာနာပိုလီသို႔ေျပာင္းခဲ့ရၿပီး ယင္းတြင္ႏွစ္ရာသီကစားခဲ့ရာမွာ၂၇ပြဲကစားခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိယိုနက္စ္ဟာဖရန႔္ဖတ္တြင္ႏွစ္ရာသီအငွားျဖင့္သြားကစားခဲ့ၿပီး ေဆာ္ဒီကလပ္အယ္အက္တီဖက္သို႔ေျပာင္းခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္သူဟာနယ္သာလန္သို႔ျပန္လာကာအူးထရက္မွာအငွားျဖင့္ကစားေနပါတယ္။

ဒါေၾကာင့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္ယူႏိုက္တက္အတြက္ေနာက္ပြဲကစားၿပီးျဖစ္ကာေနာက္ထပ္ပြဲကစားရဖို႔မရွိေတာ့တာမ်ိဳးအထိ ျဖစ္လာႏိုင္ပါတယ္။