အဲလ်ဗက်စ်ရဲ့ဘာကာအိပ်မက်ကို လာလီဂါငြင်းပယ်သွားမည်

ဒါနီအဲလ်ဗက်စ်ရဲ့အသက်၃၈နှစ်အရွယ်ရောက်မှဘာစီလိုနာသို့ကစားသမားတစ်ဦးအဖြစ်နူးကမ့်သို့တကျော့ပြန်ရေးအိပ်မက်မှာလာလီဂါကြောင့်ပျက်ပြယ်သွားဖို့ရှိနေပါတယ်။

အဲလ်ဗက်စ်ဟာဘာစီလိုနာတွင်ရှစ်နှစ်ကြာကစားခဲ့သူဖြစ်ပြီးလာလီဂါဖလား၈လုံး၊ချန်ပီယံလိဂ်ဖလား၃လုံးနှင့်ကိုပါဒယ်ရေးဖလား၄ကြိမ်ဆွတ်ခူးနိုင်သူဖြစ်ပါတယ်။

ဘရာဇီးနောက်ခံလူဟာရုပ်ပုံလွှာအသုံးခမပေးမှုနှင့်ပတ်သက်ပြီးဆာအိုပေါ်လိုနှင့်သဘောထားကွဲလွဲကာစာချုပ်ဖျက်သိမ်းပြီးနောက်ကလပ်လက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

အဲလ်ဗက်စ်ကဘာစီလိုနာကသာအလိုရှိလျှင်လာရောက်ကစားပြီးလူငယ်ကစားသမားများအတွေ့အကြုံဝေမျှပေးရန်အသင့်ရှိကြောင်းပြောကြားထားသလိုဘာစီလိုနာဥက္ကဌလာပေါ်တာကလည်းဇာဗီးအားနည်းပြသစ်အဖြစ်မိတ်ဆက်ပွဲတွင်အဲလ်ဗက်စ်ကိုပြန်ခေါ်နိုင်ကြောင်းဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာနှင့်အဲလ်ဗက်စ်တို့ဟာယခုအပတ်တွင်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်Esport 3 ရဲ့ဖော်ပြချက်အရလာလီဂါဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံနေရတဲ့ဘာစီလိုနာအားအဲလ်ဗက်စ်အားခေါ်ယူရေးကိုတားဆီးသွားမည်ဖြစ်ကြောင်းသိရပါတယ်။

တစ်ဖက်တွင် Marca သတင်းစာကလည်းဇာဗီးကိုယ်တိုင်ကလည်းအသက်၃၈နှစ်အရွယ်ရှိပြီဖြစ်တဲ့အဲလ်ဗက်စ်ကိုခေါ်ယူလိုခြင်းမရှိဘဲလူငယ်များကိုသာအာရုံစိုက်ရန်စီစဉ်ထားကြောင်းသိရပါတယ်။အထူးသဖြင့်ဘာစီလိုနာတွင်ညာနောက်ခံလူများအဖြစ်ဆာဂျီနိုဒက်စ်နှင့် ဆာဂျီရောဘတ်တိုတို့ရှိနေပါတယ်။

ZawGyi

အဲလ္ဗက္စ္ရဲ႕ဘာကာအိပ္မက္ကို လာလီဂါျငင္းပယ္သြားမည္

ဒါနီအဲလ္ဗက္စ္ရဲ႕အသက္၃၈ႏွစ္အ႐ြယ္ေရာက္မွဘာစီလိုနာသို႔ကစားသမားတစ္ဦးအျဖစ္ႏူးကမ့္သို႔တေက်ာ့ျပန္ေရးအိပ္မက္မွာလာလီဂါေၾကာင့္ပ်က္ျပယ္သြားဖို႔ရွိေနပါတယ္။

အဲလ္ဗက္စ္ဟာဘာစီလိုနာတြင္ရွစ္ႏွစ္ၾကာကစားခဲ့သူျဖစ္ၿပီးလာလီဂါဖလား၈လုံး၊ခ်န္ပီယံလိဂ္ဖလား၃လုံးႏွင့္ကိုပါဒယ္ေရးဖလား၄ႀကိမ္ဆြတ္ခူးႏိုင္သူျဖစ္ပါတယ္။

ဘရာဇီးေနာက္ခံလူဟာ႐ုပ္ပုံလႊာအသုံးခမေပးမႈႏွင့္ပတ္သက္ၿပီးဆာအိုေပၚလိုႏွင့္သေဘာထားကြဲလြဲကာစာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။

အဲလ္ဗက္စ္ကဘာစီလိုနာကသာအလိုရွိလွ်င္လာေရာက္ကစားၿပီးလူငယ္ကစားသမားမ်ားအေတြ႕အႀကဳံေဝမွ်ေပးရန္အသင့္ရွိေၾကာင္းေျပာၾကားထားသလိုဘာစီလိုနာဥကၠဌလာေပၚတာကလည္းဇာဗီးအားနည္းျပသစ္အျဖစ္မိတ္ဆက္ပြဲတြင္အဲလ္ဗက္စ္ကိုျပန္ေခၚႏိုင္ေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ဘာစီလိုနာႏွင့္အဲလ္ဗက္စ္တို႔ဟာယခုအပတ္တြင္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

ဒါေပမယ့္Esport 3 ရဲ႕ေဖာ္ျပခ်က္အရလာလီဂါဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေနရတဲ့ဘာစီလိုနာအားအဲလ္ဗက္စ္အားေခၚယူေရးကိုတားဆီးသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

တစ္ဖက္တြင္ Marca သတင္းစာကလည္းဇာဗီးကိုယ္တိုင္ကလည္းအသက္၃၈ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့အဲလ္ဗက္စ္ကိုေခၚယူလိုျခင္းမရွိဘဲလူငယ္မ်ားကိုသာအာ႐ုံစိုက္ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။အထူးသျဖင့္ဘာစီလိုနာတြင္ညာေနာက္ခံလူမ်ားအျဖစ္ဆာဂ်ီႏိုဒက္စ္ႏွင့္ ဆာဂ်ီေရာဘတ္တိုတို႔ရွိေနပါတယ္။