အံဆုံးသွားကို နှုတ်ခဲ့ရပြီးနောက် ရယ်စရာကောင်းတဲ့သူ့ဗီဒီယိုဖိုင်ကို တင်လာတဲ့ မေဆင်မောင့်

မေဆင်မောင့်ဟာညာဖက်အံဆုံးသွားကိုနှုတ်လိုက်ရပြီးနောက်ရယ်စရာကောင်းလှတဲ့သူ့ဖြစ်အင်အခြေအနေကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်အား တင်လာပါတယ်။

ချဲလ်ဆီးနှင့်အင်္ဂလန်အလယ်တန်းကစားသမားဟာသွားပြဿနာနှင့်ရင်ဆိုင်နေရပြီးအစားအစာမစားသောက်နိုင်ဖြစ်ကာဝိတ်ကျခြင်း၊နေထိုင်မကောင်းဖြစ်ခြင်းတို့ကြုံခဲ့ရပါတယ်။သူဟာသွားပြဿနာကြောင့်ချဲလ်ဆီးရဲ့နောက်ဆုံးပွဲနှစ်ပွဲကိုလွဲခဲ့ရပါတယ်။

မေဆင်မောင့်ဟာအင်္ဂလန်အသင်းနှင့်မပူးပေါင်းမီ နည်းပြဆောက်ဂိတ်ထံတင်ပြကာအံဆုံးသွားကိုနှုတ်ခဲ့ပါတယ်။

သူဟာအံဆုံးသွားကိုနှုတ်ခဲ့ပြီးတဲ့အချိန်မှာတောင်ထုံဆေးဒဏ်ကိုခံစားနေရတုန်းဖြစ်ပါတယ်။မေဆင်မောင့်ဟာသူ့ရဲ့အတွေ့အကြုံကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်အားဆိုရှယ်မီဒီယာမှမျှဝေခဲ့ပါတယ်။

၎င်းက “မျက်နှာကိုမခံစားရဘူး”လို့ TikTok မှာဆိုသွားပါတယ်။သွားဆရာဝန်နှင့်ပတ်သက်ပြီးမေးမြန်းမှုကို၎င်းက “သူတို့က GOATs၊ သူတို့ GOATs၊ သူတို့က GOATs”လို့ဖြေကြားသွားပါတယ်။အရင်ထက်နေလို့ထိုင်လို့ကောင်းသွားပြီ။အရင်ကလိုကောင်းတုန်းပဲ။တကယ်လို့လက်သီးတစ်ချက်လာကျွေးမယ်ဆိုရင်တောင်ဘာမှမခံစားရမှာမဟုတ်ဘူး”လို့ဆိုသွားပါတယ်။

ဒါ့အပြင်မေဆင်မောင့်ကသူတို့ရဲ့အံဆုံးသွားဟောင်းကို သေတ္တာတစ်ခုတွင်သိမ်းထားပြီး ရန်ပုံငွေအတွက်လှူဒါန်းသွားမှာဖြစ်ကာလူတွေကယင်းကိုကြေးကြီးပေးဝယ်လိမ့်မယ်လို့လည်းဟာသနှောပြောသွားပါသေးတယ်။

ယင်းသို့ပြောနေချိန်မှာမေဆင်မောင့်ဟာသူ့ပါးစောင်ကိုရေခဲကပ်နေခဲ့တာလည်းတွေ့ရပါတယ်။

သူဟာကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက်အင်္ဂလန်အသင်းနှင့်ပူးပေါင်းမလားဆိုတာကိုတော့မသိရသေးပါဘူး။သေချာတာကတော့သူဟာအနည်းငယ်အနားယူဖို့တော့လိုအပ်နေပါတယ်။

ZawGyi

အံဆုံးသြားကို ႏႈတ္ခဲ့ရၿပီးေနာက္ ရယ္စရာေကာင္းတဲ့သူ႔ဗီဒီယိုဖိုင္ကို တင္လာတဲ့ ေမဆင္ေမာင့္

ေမဆင္ေမာင့္ဟာညာဖက္အံဆုံးသြားကိုႏႈတ္လိုက္ရၿပီးေနာက္ရယ္စရာေကာင္းလွတဲ့သူ႔ျဖစ္အင္အေျခအေနကို႐ိုက္ကူးထားတဲ့ဗီဒီယိုဖိုင္အား တင္လာပါတယ္။

ခ်ဲလ္ဆီးႏွင့္အဂၤလန္အလယ္တန္းကစားသမားဟာသြားျပႆနာႏွင့္ရင္ဆိုင္ေနရၿပီးအစားအစာမစားေသာက္ႏိုင္ျဖစ္ကာဝိတ္က်ျခင္း၊ေနထိုင္မေကာင္းျဖစ္ျခင္းတို႔ႀကဳံခဲ့ရပါတယ္။သူဟာသြားျပႆနာေၾကာင့္ခ်ဲလ္ဆီးရဲ႕ေနာက္ဆုံးပြဲႏွစ္ပြဲကိုလြဲခဲ့ရပါတယ္။

ေမဆင္ေမာင့္ဟာအဂၤလန္အသင္းႏွင့္မပူးေပါင္းမီ နည္းျပေဆာက္ဂိတ္ထံတင္ျပကာအံဆုံးသြားကိုႏႈတ္ခဲ့ပါတယ္။

သူဟာအံဆုံးသြားကိုႏႈတ္ခဲ့ၿပီးတဲ့အခ်ိန္မွာေတာင္ထုံေဆးဒဏ္ကိုခံစားေနရတုန္းျဖစ္ပါတယ္။ေမဆင္ေမာင့္ဟာသူ႔ရဲ႕အေတြ႕အႀကဳံကို႐ိုက္ကူးထားတဲ့ဗီဒီယိုဖိုင္အားဆိုရွယ္မီဒီယာမွမွ်ေဝခဲ့ပါတယ္။

၎က “မ်က္ႏွာကိုမခံစားရဘူး”လို႔ TikTok မွာဆိုသြားပါတယ္။သြားဆရာဝန္ႏွင့္ပတ္သက္ၿပီးေမးျမန္းမႈကို၎က “သူတို႔က GOATs၊ သူတို႔ GOATs၊ သူတို႔က GOATs”လို႔ေျဖၾကားသြားပါတယ္။အရင္ထက္ေနလို႔ထိုင္လို႔ေကာင္းသြားၿပီ။အရင္ကလိုေကာင္းတုန္းပဲ။တကယ္လို႔လက္သီးတစ္ခ်က္လာေကြၽးမယ္ဆိုရင္ေတာင္ဘာမွမခံစားရမွာမဟုတ္ဘူး”လို႔ဆိုသြားပါတယ္။

ဒါ့အျပင္ေမဆင္ေမာင့္ကသူတို႔ရဲ႕အံဆုံးသြားေဟာင္းကို ေသတၱာတစ္ခုတြင္သိမ္းထားၿပီး ရန္ပုံေငြအတြက္လႉဒါန္းသြားမွာျဖစ္ကာလူေတြကယင္းကိုေၾကးႀကီးေပးဝယ္လိမ့္မယ္လို႔လည္းဟာသေႏွာေျပာသြားပါေသးတယ္။

ယင္းသို႔ေျပာေနခ်ိန္မွာေမဆင္ေမာင့္ဟာသူ႔ပါးေစာင္ကိုေရခဲကပ္ေနခဲ့တာလည္းေတြ႕ရပါတယ္။

သူဟာကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္အဂၤလန္အသင္းႏွင့္ပူးေပါင္းမလားဆိုတာကိုေတာ့မသိရေသးပါဘူး။ေသခ်ာတာကေတာ့သူဟာအနည္းငယ္အနားယူဖို႔ေတာ့လိုအပ္ေနပါတယ္။