အံဆုံးသွားပြဿနာကြောင့် အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲကို မေဆင်မောင့်လွဲချော်နိုင်

မေဆင်မောင့်ဟာအံဆုံးသွားပြသနာများနှင့်ကြုံနေရပြီးနေထိုင်မကောင်းဖြစ်နေကာအင်္ဂလန်ရဲ့အရေးပါတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးနှစ်ပွဲကိုလွဲချော်နိုင်ကြောင်းသိရပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကမေဆင်မောင့်မှာယနေ့ညဘန်လေနှင့်ကစားရမယ့်ပရီးမီးယားလိဂ်တွင်အသင်းလူစာရင်းတွင်ပါဝင်ကြောင်းဆိုသွားပါတယ်။

ဒါပေမယ့်တူချယ်ကမေဆင်မောင့်ဟာ၁၀၀ရာခိုင်နှုန်းကောင်းမွန်ခြင်းမရှိဘဲ အံဆုံးသွားပြဿနာကြောင့်နေထိုင်မကောင်းဖြစ်ကာဝိတ်ကျနေပြီးအင်္ဂလန်အသင်းနှင့်နောက်ကျမှပူးပေါင်းခြင်း၊လွဲချော်ခြင်းတို့ဖြစ်နိုင်ကြောင်းဆိုလာပါတယ်။

တူချယ်က “မေဆင်မှာပြဿနာတစ်ခုရှိနေပါတယ်။သူနေမကောင်းဖြစ်ခဲ့တယ်။အံဆုံးသွားကြောင့်နေထိုင်မကောင်းဖြစ်တာပါ။ကြာသပတေးနေ့တုန်းကလေ့ကျင့်ခန်းပြန်ဆင်းပေမယ့်ဝိတ်ကျသွားတယ်။သူကဘာမှကောင်းကောင်းမစားနိုင်ဘဲဆေးလည်းသောက်နေခဲ့ရတယ်။ဘာဖြစ်လာမလဲကြည့်ရပါဦးမယ်။အသင်းလူစာရင်းမှာသူပါဝင်ပါတယ်။ဘန်လေနဲ့ပွဲမှာမိနစ်တချို့ပါဝင်နိုင်ပါတယ်။ဒါပေမယ့်သူ့အခြေအနေကြည့်ရဦးမယ်။အားလုံးအဆင်ပြေရင်တော့ပူးပေါင်းနိုင်မယ်။သူ့အံဆုံးကကုသဖို့လိုနေတယ်။ဒီတော့နောက်ဟာနောက်ကျမှပူးပေါင်းတာမျိုးဖြစ်နိုင်သလိုလွဲတာမျိုးလည်းဖြစ်နိုင်တယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi




