အံ့ဩဆန်းပြားလွန်းလှတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို နာဆာနှင့်သိပ္ပံပညာရှင်များ လေ့လာမှုပြုလုပ်သင့်ပြီလား?

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကစားဖော်ဟောင်းတစ်ဦးကပေါ်တူဂီစူပါစတားမှာသာမန်ထူးခြားဆန်းပြားသည်ထက်အံ့ဩစရာကောင်းလောက်အောင်ထူးခြားနေမှုကြောင့်အာကာသအေဂျင်စီနာဆာအနေဖြင့်သုသေသနပြုလုပ်လေ့လာသင့်ကြောင်းပြောကြားလိုက်ပါတယ်။

ကစားသမားဘဝမှအနားယူထားပြီးဖြစ်တဲ့တိုက်စစ်မှူးဟောင်းလိုင်းဒ်ဆင်ဒါဆေးလ်ဗားမူနီဇ်ဟာ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပေါ်တူဂီအသင်းတွင်မန်ယူသူရဲကောင်းနှင့်အတူကစားခဲ့ဖူးသူဖြစ်ပါတယ်။

၎င်းကရော်နယ်ဒိုရယူခဲ့တဲ့အောင်မြင်မှုများအပေါ်ပြောစရာစကားမရှိအောင်မြင့်မားလွန်းလှကြောင်းဆိုသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမကြာသေးမီတုန်းကအိုင်ယာလန်အားအနိုင်ရရှိတဲ့ပွဲတွင်ပေါ်တူဂီအတွက်၂ဂိုးသွင်းယူနိုင်ပြီးနောက်နိုင်ငံတကာသွင်းဂိုး၁၁၁ဂိုးဖြင့်ဘောလုံးသမိုင်းတွင်နိုင်ငံတကာဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

၎င်းက “မဖြစ်နိုင်တာကြီးဖြစ်သွားတာပါ။တကယ့်ကိုကြီးကျယ်ခမ်းနားလွန်းလှတယ်။ပြောစရာစကားတောင်မဲ့တယ်။သူ့မှတ်တမ်းနဲ့သူ့ကစားသမားတွေကတကယ့်ကိုခမ်းနားကြီးကျယ်လွန်းလှတယ်။ခရစ္စတီယာနိုနဲ့ပတ်သက်ပြီးပြောရတာအရမ်းလွယ်တယ်။သူ့ဂိုးသွင်းမှတ်တမ်းကြည့်လိုက်ရင်ဘယ်ကနေဘယ်လိုချီးကျူးရမယ်မှန်းတောင်မသိဘူး။ကစားတဲ့ပွဲတိုင်းစံချိန်သစ်ရေးတယ်။သူနဲ့ပတ်သက်ပြီးပြောစရာတောင်များများမရှိဘူး။သူကလူငယ်တွေကိုကိုယ်ပိုင်ဘဝမှာခရစ္စတီယာနိုဖြစ်ဖို့အိပ်မက်မက်လာကြတယ်။သူ့သမိုင်းနဲ့သူ့ရုန်းကန်မှုကိုသိရမယ်။ဒီအဆင့်အထိအလွယ်တကူရလာတာမျိုးတော့မဟုတ်ပါဘူး။သူ့ကိုနာဆာအပြင်အခြားသိပ္ပံပညာရှင်တွေလည်းသုသေသနပြုလုပ်ဆန်းစစ်သင့်တယ်။သူကသာမန်ထူးခြားတာထက်တာထက်ကိုပိုလွန်းလှတယ်”လို့ပြောကြားသွားပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညနယူးကာဆယ်နှင့်ပွဲစဉ်တွင်မန်ယူအတွက်ဒုတိယအကြိမ်မြောက်ပထမဆုံးပွဲကိုကစားသွားပါမယ်။

ZawGyi

အံ့ဩဆန္းျပားလြန္းလွတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုကို နာဆာႏွင့္သိပၸံပညာရွင္မ်ား ေလ့လာမႈျပဳလုပ္သင့္ၿပီလား?

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကစားေဖာ္ေဟာင္းတစ္ဦးကေပၚတူဂီစူပါစတားမွာသာမန္ထူးျခားဆန္းျပားသည္ထက္အံ့ဩစရာေကာင္းေလာက္ေအာင္ထူးျခားေနမႈေၾကာင့္အာကာသေအဂ်င္စီနာဆာအေနျဖင့္သုေသသနျပဳလုပ္ေလ့လာသင့္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ကစားသမားဘဝမွအနားယူထားၿပီးျဖစ္တဲ့တိုက္စစ္မႉးေဟာင္းလိုင္းဒ္ဆင္ဒါေဆးလ္ဗားမူနီဇ္ဟာ၂၀၁၀ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေပၚတူဂီအသင္းတြင္မန္ယူသူရဲေကာင္းႏွင့္အတူကစားခဲ့ဖူးသူျဖစ္ပါတယ္။

၎ကေရာ္နယ္ဒိုရယူခဲ့တဲ့ေအာင္ျမင္မႈမ်ားအေပၚေျပာစရာစကားမရွိေအာင္ျမင့္မားလြန္းလွေၾကာင္းဆိုသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမၾကာေသးမီတုန္းကအိုင္ယာလန္အားအႏိုင္ရရွိတဲ့ပြဲတြင္ေပၚတူဂီအတြက္၂ဂိုးသြင္းယူႏိုင္ၿပီးေနာက္ႏိုင္ငံတကာသြင္းဂိုး၁၁၁ဂိုးျဖင့္ေဘာလုံးသမိုင္းတြင္ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။

၎က “မျဖစ္ႏိုင္တာႀကီးျဖစ္သြားတာပါ။တကယ့္ကိုႀကီးက်ယ္ခမ္းနားလြန္းလွတယ္။ေျပာစရာစကားေတာင္မဲ့တယ္။သူ႔မွတ္တမ္းနဲ႔သူ႔ကစားသမားေတြကတကယ့္ကိုခမ္းနားႀကီးက်ယ္လြန္းလွတယ္။ခရစၥတီယာႏိုနဲ႔ပတ္သက္ၿပီးေျပာရတာအရမ္းလြယ္တယ္။သူ႔ဂိုးသြင္းမွတ္တမ္းၾကည့္လိုက္ရင္ဘယ္ကေနဘယ္လိုခ်ီးက်ဴးရမယ္မွန္းေတာင္မသိဘူး။ကစားတဲ့ပြဲတိုင္းစံခ်ိန္သစ္ေရးတယ္။သူနဲ႔ပတ္သက္ၿပီးေျပာစရာေတာင္မ်ားမ်ားမရွိဘူး။သူကလူငယ္ေတြကိုကိုယ္ပိုင္ဘဝမွာခရစၥတီယာႏိုျဖစ္ဖို႔အိပ္မက္မက္လာၾကတယ္။သူ႔သမိုင္းနဲ႔သူ႔႐ုန္းကန္မႈကိုသိရမယ္။ဒီအဆင့္အထိအလြယ္တကူရလာတာမ်ိဳးေတာ့မဟုတ္ပါဘူး။သူ႔ကိုနာဆာအျပင္အျခားသိပၸံပညာရွင္ေတြလည္းသုေသသနျပဳလုပ္ဆန္းစစ္သင့္တယ္။သူကသာမန္ထူးျခားတာထက္တာထက္ကိုပိုလြန္းလွတယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညနယူးကာဆယ္ႏွင့္ပြဲစဥ္တြင္မန္ယူအတြက္ဒုတိယအႀကိမ္ေျမာက္ပထမဆုံးပြဲကိုကစားသြားပါမယ္။