အံ့ဩဖွယ် လီယွန်နယ်မက်ဆီကိုယ်တိုင် အင်္ကျီလဲလှယ်ခွင့်တောင်းဆိုခံခဲ့ရတဲ့ ကစားသမား

လီယွန်နယ်မက်ဆီကသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်တာနဲ့အညီသူနဲ့အင်္ကျီလဲလှယ်ဖို့ကစားသမားတိုင်းဆန္ဒရှိကြပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်မက်ဆီကပွဲအပြီးမှာဘယ်ကစားသမားကိုမှအင်္ကျီလဲလှယ်ဖို့မတောင်းဆိုခဲ့ဖူးပါတယ်။ဒါပေမယ့်သူ့ကစားသမားဘဝအစောပိုင်းတုန်းကရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားဇီဒန်းကိုအင်္ကျီလဲလှယ်ဖို့တောင်းဆိုခဲ့ဖူးပါတယ်။

မက်ဆီက “ကျွန်တော်ကအင်္ကျီလဲလှယ်ဖို့တောင်းဆိုတတ်တဲ့သူမျိုးမဟုတ်ပါဘူး။တစ်ကြိမ်တည်းဘဲ ကျွန်တော် တောင်းဆိုခဲ့ဖူးပါတယ်။ဇီဒန်းကိုတောင်းဆိုခဲ့တာပါ။အခြားသူတစ်ဦးဦးကလဲလှယ်ဖို့တောင်းဆိုလာရင်တော့ကျွန် တော်လဲလှယ်ပေးပါတယ်။ဒါပေမယ့်ကျွန်တော်ကိုယ်တိုင်ကတော့ဘယ်တော့မှမတောင်းဆိုပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်၂၀၁၀ခုနှစ်မှာတော့Ballon d’Or ဆုကို ခြောက်ကြိမ်ဆွတ်ခူးထားတဲ့လီယွန်နယ်မက်ဆီဟာအာဆင်နယ် ကစားသမားဟောင်းသီယိုဝဲလ်ကော့ကိုအင်္ကျီလဲလှယ်ဖို့တောင်းဆိုခဲ့ပါတယ်။မက်ဆီဟာအမ်းမရိတ်ကွင်းမှာအာဆင်နယ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာဝဲလ်ကော့ကိုအင်္ကျီလဲလှယ်ဖို့တောင်းဆိုခဲ့တာလည်းဖြစ်ပါ တယ်။

ဝဲလ်ကော့က “သူ့ဘောလုံးရတဲ့အချိန်မှာကျွန်တော်နဲ့ရင်ဆိုင်လိုခဲ့တယ်။ဒါပေမယ့်သူကကျွန်တော်ကိုမြင်တာနဲ့ နောက်လမ်းကြောင်းတစ်ခုသို့ပြောင်းသွားပါတော့တယ်။ကျွန်တော်ကတော့သူကျွန်တော့်ကိုမရင်ဆိုင်လိုဘူးလို့ဘဲ မြင်တယ်။ကျွန်တော်တို့ဘာစီလိုနာနဲ့တော်တော်ဆုံဖူးတယ်။မက်ဆီကကျွန်တော့်ကိုအင်္ကျီလဲလှယ်ဖို့တောင်းဆိုခဲ့ ပါတယ်။ “ဝိုး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးကငါ့ကိုအင်္ကျီလဲဖို့တောင်းသတဲ့လား”လို့တောင်တွေးခဲ့တယ်။ ဒီအတွက်ပြောစရာစကားမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာသူ့ကစားသမားဘဝမှာလဲလှယ်ခဲ့ဖူးတဲ့အင်္ကျီများကိုအမှတ်တရအဖြစ်တခုပ်တရသိမ်းဆည်းထားပါတယ်။အင်္ကျီကများပြားလွန်းတာကြောင့်သီယိုဝဲလ်ကော့အမည်တော့ရှာမရပါဘူး။

တကယ်တော့နောက်ပိုင်းနှစ်တွေမှာမက်ဆီကအင်္ကျီလဲလှယ်ဖို့တောင်းဆိုတာသီယိုဝဲလ်ကော့တစ်ဦးတည်းမဟုတ် ပါဘူး။ချဲလ်ဆီးနောက်ခံလူရူဒီဂါကလည်းစတမ်းဖို့ဒ်ဘရစ်ချ်မှာဘာစီလိုနာနှင့်ချဲလ်ဆီးတစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာမက်ဆီရဲ့အင်္ကျီလဲလှယ်ဖို့တောင်းဆိုခြင်းခံခဲ့ရဖူးကြောင်းဆိုသွားပါတယ်။

ကံဆိုးတာကတေ့ ဘိုင်ယန်မြူးနစ်နောက်ခံလူအယ်ဖွန်ဆိုဒါးဗီးစ်ပါ။ဒါးဗီးစ်ဟာပြီးခဲ့တဲ့နှစ်တုန်းကဘာစီလိုနာကို၈-၂ဂိုးနဲ့အနိုင်ရတဲ့ပွဲအပြီးမှာမက်ဆီနှင့်အင်္ကျီလဲလှယ်ဖို့တောင်းဆိုခဲ့ပေမယ့်မက်ဆီကလဲလှယ်ဖို့ငြင်းဆိုခဲ့ပါတယ်။

ZawGyi

လီယြန္နယ္မက္ဆီကိုယ္တိုင္ အက်ႌလဲလွယ္ခြင့္ေတာင္းဆိုခံခဲ့ရတဲ့ အံ့ဩဖြယ္ကစားသမား

လီယြန္နယ္မက္ဆီကသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္တာနဲ႔အညီသူနဲ႔အက်ႌလဲလွယ္ဖို႔ကစားသမားတိုင္းဆႏၵရွိၾကပါတယ္။

ပုံမွန္အားျဖင့္ဆိုရင္မက္ဆီကပြဲအၿပီးမွာဘယ္ကစားသမားကိုမွအက်ႌလဲလွယ္ဖို႔မေတာင္းဆိုခဲ့ဖူးပါတယ္။ဒါေပမယ့္သူ႔ကစားသမားဘဝအေစာပိုင္းတုန္းကရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားဇီဒန္းကိုအက်ႌလဲလွယ္ဖို႔ေတာင္းဆိုခဲ့ဖူးပါတယ္။

မက္ဆီက “ကြၽန္ေတာ္ကအက်ႌလဲလွယ္ဖို႔ေတာင္းဆိုတတ္တဲ့သူမ်ိဳးမဟုတ္ပါဘူး။တစ္ႀကိမ္တည္းဘဲ ကြၽန္ေတာ္ ေတာင္းဆိုခဲ့ဖူးပါတယ္။ဇီဒန္းကိုေတာင္းဆိုခဲ့တာပါ။အျခားသူတစ္ဦးဦးကလဲလွယ္ဖို႔ေတာင္းဆိုလာရင္ေတာ့ကြၽန္ ေတာ္လဲလွယ္ေပးပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ကိုယ္တိုင္ကေတာ့ဘယ္ေတာ့မွမေတာင္းဆိုပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္၂၀၁၀ခုႏွစ္မွာေတာ့Ballon d’Or ဆုကို ေျခာက္ႀကိမ္ဆြတ္ခူးထားတဲ့လီယြန္နယ္မက္ဆီဟာအာဆင္နယ္ ကစားသမားေဟာင္းသီယိုဝဲလ္ေကာ့ကိုအက်ႌလဲလွယ္ဖို႔ေတာင္းဆိုခဲ့ပါတယ္။မက္ဆီဟာအမ္းမရိတ္ကြင္းမွာအာဆင္နယ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္အၿပီးမွာဝဲလ္ေကာ့ကိုအက်ႌလဲလွယ္ဖို႔ေတာင္းဆိုခဲ့တာလည္းျဖစ္ပါ တယ္။

ဝဲလ္ေကာ့က “သူ႔ေဘာလုံးရတဲ့အခ်ိန္မွာကြၽန္ေတာ္နဲ႔ရင္ဆိုင္လိုခဲ့တယ္။ဒါေပမယ့္သူကကြၽန္ေတာ္ကိုျမင္တာနဲ႔ ေနာက္လမ္းေၾကာင္းတစ္ခုသို႔ေျပာင္းသြားပါေတာ့တယ္။ကြၽန္ေတာ္ကေတာ့သူကြၽန္ေတာ့္ကိုမရင္ဆိုင္လိုဘူးလို႔ဘဲ ျမင္တယ္။ကြၽန္ေတာ္တို႔ဘာစီလိုနာနဲ႔ေတာ္ေတာ္ဆုံဖူးတယ္။မက္ဆီကကြၽန္ေတာ့္ကိုအက်ႌလဲလွယ္ဖို႔ေတာင္းဆိုခဲ့ ပါတယ္။ “ဝိုး ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးကငါ့ကိုအက်ႌလဲဖို႔ေတာင္းသတဲ့လား”လို႔ေတာင္ေတြးခဲ့တယ္။ ဒီအတြက္ေျပာစရာစကားမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာသူ႔ကစားသမားဘဝမွာလဲလွယ္ခဲ့ဖူးတဲ့အက်ႌမ်ားကိုအမွတ္တရအျဖစ္တခုပ္တရသိမ္းဆည္းထားပါတယ္။အက်ႌကမ်ားျပားလြန္းတာေၾကာင့္သီယိုဝဲလ္ေကာ့အမည္ေတာ့ရွာမရပါဘူး။

တကယ္ေတာ့ေနာက္ပိုင္းႏွစ္ေတြမွာမက္ဆီကအက်ႌလဲလွယ္ဖို႔ေတာင္းဆိုတာသီယိုဝဲလ္ေကာ့တစ္ဦးတည္းမဟုတ္ ပါဘူး။ခ်ဲလ္ဆီးေနာက္ခံလူ႐ူဒီဂါကလည္းစတမ္းဖို႔ဒ္ဘရစ္ခ်္မွာဘာစီလိုနာႏွင့္ခ်ဲလ္ဆီးတစ္ဂိုးစီသေရက်တဲ့ပြဲအၿပီးမွာမက္ဆီရဲ႕အက်ႌလဲလွယ္ဖို႔ေတာင္းဆိုျခင္းခံခဲ့ရဖူးေၾကာင္းဆိုသြားပါတယ္။

ကံဆိုးတာကေတ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူအယ္ဖြန္ဆိုဒါးဗီးစ္ပါ။ဒါးဗီးစ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကဘာစီလိုနာကို၈-၂ဂိုးနဲ႔အႏိုင္ရတဲ့ပြဲအၿပီးမွာမက္ဆီႏွင့္အက်ႌလဲလွယ္ဖို႔ေတာင္းဆိုခဲ့ေပမယ့္မက္ဆီကလဲလွယ္ဖို႔ျငင္းဆိုခဲ့ပါတယ္။