အံ့ဩသင့်ဖွယ်ဂိုးသွင်းနိုင်မှုနောက်ကွယ်မှ လျို့ဝှက်ချက်ကို အာလင်းဟာလန်းဖွင့်ဟလာ

အာလင်းဟာလန်းကမန်စီးတီးတွင်အံ့ဩသင့်စရာကောင်းတဲ့ဂိုးသွင်းနိုင်မှုရဲ့နောက်ကွယ်မှလျို့ဝှက်ချက်မှာပွဲမတိုင်ခင် ဖခင်ဖြစ်သူဖန်တီးပေးတဲ့ Lasagne (စပါဂတ်တီ)ကြောင့်ဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

မန်စီးတီးတိုက်စစ်မှူးဟာမန်ချက်စတာဒါဘီတွင်ဟက်ထရစ်သွင်းယူနိုင်ပြီးနောက်နောက်ဆုံးအိမ်ကွင်းသုံးပွဲဆက်ဟက်ထရစ်သွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာနွေရာသီတွင်ဒေါ့မွန်မှပြောင်းရွှေ့ကြေးပေါင်၅၁သန်းဖြင့်ပြောင်းလာပြီးနောက် မန်စီးတီးအတွက်၁၀ပွဲကစားထားရာတွင်၁၇ဂိုးအထိသွင်းထားနိုင်ပါတယ်။

ယခုအခါအာလင်းဟာလန်းကပွဲမတိုင်မီစားသောက်ရတဲ့ဖခင်ကိုယ်တိုင်ပြုလုပ်တဲ့အိမ်ချက်အီတာလျှံညနေစာကြောင့်ဂိုးများသွင်းယူနိုင်ခြင်းဖြစ်ကြောင်းပြောကြားလာပါတယ်။

အာလင်းဟာလန်းက “နောက်ဆုံးအိမ်ကွင်းသုံးပွဲဆက်မတိုင်ခင်မှာကျွန်တော့်အဖေကိုယ်တိုင် Lasagne ပြုလုပ်ပေးတယ်။အဲဒီထဲမှာသူတစ်ခုခုထူးထူးခြားခြားထည့်ပေးထားလိမ့်မယ်ထင်တယ်”လို့ Spox သို့ပြောကြားသွားပါတယ်။

ဟာလန်းဟာမန်ချက်စတာဒါဘီဟက်ထရစ်ကြောင့်အိမ်ကွင်းသုံးပွဲဆက်ဟက်ထရစ်သွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ZawGyi

အံ့ဩသင့္ဖြယ္ဂိုးသြင္းႏိုင္မႈေနာက္ကြယ္မွ လ်ိဳ႕ဝွက္ခ်က္ကို အာလင္းဟာလန္းဖြင့္ဟလာ

အာလင္းဟာလန္းကမန္စီးတီးတြင္အံ့ဩသင့္စရာေကာင္းတဲ့ဂိုးသြင္းႏိုင္မႈရဲ႕ေနာက္ကြယ္မွလ်ိဳ႕ဝွက္ခ်က္မွာပြဲမတိုင္ခင္ ဖခင္ျဖစ္သူဖန္တီးေပးတဲ့ Lasagne (စပါဂတ္တီ)ေၾကာင့္ျဖစ္ေၾကာင္းဖြင့္ဟလာပါတယ္။

မန္စီးတီးတိုက္စစ္မႉးဟာမန္ခ်က္စတာဒါဘီတြင္ဟက္ထရစ္သြင္းယူႏိုင္ၿပီးေနာက္ေနာက္ဆုံးအိမ္ကြင္းသုံးပြဲဆက္ဟက္ထရစ္သြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးဟာေႏြရာသီတြင္ေဒါ့မြန္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၅၁သန္းျဖင့္ေျပာင္းလာၿပီးေနာက္ မန္စီးတီးအတြက္၁၀ပြဲကစားထားရာတြင္၁၇ဂိုးအထိသြင္းထားႏိုင္ပါတယ္။

ယခုအခါအာလင္းဟာလန္းကပြဲမတိုင္မီစားေသာက္ရတဲ့ဖခင္ကိုယ္တိုင္ျပဳလုပ္တဲ့အိမ္ခ်က္အီတာလွ်ံညေနစာေၾကာင့္ဂိုးမ်ားသြင္းယူႏိုင္ျခင္းျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အာလင္းဟာလန္းက “ေနာက္ဆုံးအိမ္ကြင္းသုံးပြဲဆက္မတိုင္ခင္မွာကြၽန္ေတာ့္အေဖကိုယ္တိုင္ Lasagne ျပဳလုပ္ေပးတယ္။အဲဒီထဲမွာသူတစ္ခုခုထူးထူးျခားျခားထည့္ေပးထားလိမ့္မယ္ထင္တယ္”လို႔ Spox သို႔ေျပာၾကားသြားပါတယ္။

ဟာလန္းဟာမန္ခ်က္စတာဒါဘီဟက္ထရစ္ေၾကာင့္အိမ္ကြင္းသုံးပြဲဆက္ဟက္ထရစ္သြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။