အွန်လိုင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ ဆန်းတို့စ်လူငယ်လေးဘရူနင်ဟိုကို နှစ်သိမ့်ပေးခဲ့တဲ့နေမာ

နေမာဟာအွန်လိုင်းတွင်တိုက်ခိုက်မှုများခံခဲ့ရတဲ့ဆန်းတို့စ်လူငယ်ကစားသမားလေးနှင့်တွေ့ဆုံနှစ်သိမ့်မှုပြုလုပ်ခဲ့ပါတယ်။ယင်းလူငယ်လေးဟာသူ့ရဲ့စံပြကစားသမားရဲ့ပုခုံးကိုမှီကာငိုယိုနေခဲ့တာတွေ့ရပါတယ်။

အသက်၉နှစ်အရွယ်ရှိဘရူနင်ဟိုဟာနိုဝင်ဘာလ၇ရက်နေ့တုန်းကပါးမီးရပ်စ်အား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်အပြီးတွင်ပြိုင်ဘက်ဂိုးသမားဂျိုင်းဆင်ရဲ့အင်္ကျီကိုတောင်းဆိုရယူခဲ့ပြီးအွန်လိုင်းတွင်တင်ခဲ့ပါတယ်။သူဟာယင်းဗီဒီယိုကြောင့်အွန်လိုင်းတွင်ဆန်းတို့စ်ပရိသတ်များရဲ့တိုက်ခိုက်ရေးသားမှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

ပီအက်စ်ဂျီနှင့်ဘရာဇီးစတားနေမာဟာနိုင်ငံတကာပွဲကြောင့်ဘရာဇီးသို့ရောက်နေစဉ်အတွင်းဘရူနင်ဟိုနှင့်တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အသက်၂၉နှစ်ရှိနေမာဟာယင်းလူငယ်လေးကိုလက်မှတ်ရေးထိုးထားတဲ့အင်္ကျီနှစ်ထည်လက်ဆောင်ပေးခဲ့ပြီးပွေ့ဖက်နှစ်သိမ့်မှုပြုလုပ်ခဲ့ပါတယ်။လူငယ်လေးဟာလည်းနေမာရဲ့ပုခုံးထက်တွင်ငိုယိုနေခဲ့ပါတယ်။

နေမာဟာသောကြာနေ့တုန်းကကိုလံဘီယာအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဘရာဇီးတိုက်စစ်ကိုဦးဆောင်ခဲ့ပါတယ်။သူဟာလာမယ့်အင်္ဂါနေ့မှာပီအက်စ်ဂျီကစားဖော်မက်ဆီရဲ့အာဂျင်တီးနားနှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

အြန္လိုင္းတိုက္ခိုက္မႈခံခဲ့ရတဲ့ ဆန္းတို႔စ္လူငယ္ေလးဘ႐ူနင္ဟိုကို ႏွစ္သိမ့္ေပးခဲ့တဲ့ေနမာ

ေနမာဟာအြန္လိုင္းတြင္တိုက္ခိုက္မႈမ်ားခံခဲ့ရတဲ့ဆန္းတို႔စ္လူငယ္ကစားသမားေလးႏွင့္ေတြ႕ဆုံႏွစ္သိမ့္မႈျပဳလုပ္ခဲ့ပါတယ္။ယင္းလူငယ္ေလးဟာသူ႔ရဲ႕စံျပကစားသမားရဲ႕ပုခုံးကိုမွီကာငိုယိုေနခဲ့တာေတြ႕ရပါတယ္။

အသက္၉ႏွစ္အ႐ြယ္ရွိဘ႐ူနင္ဟိုဟာႏိုဝင္ဘာလ၇ရက္ေန႔တုန္းကပါးမီးရပ္စ္အား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္အၿပီးတြင္ၿပိဳင္ဘက္ဂိုးသမားဂ်ိဳင္းဆင္ရဲ႕အက်ႌကိုေတာင္းဆိုရယူခဲ့ၿပီးအြန္လိုင္းတြင္တင္ခဲ့ပါတယ္။သူဟာယင္းဗီဒီယိုေၾကာင့္အြန္လိုင္းတြင္ဆန္းတို႔စ္ပရိသတ္မ်ားရဲ႕တိုက္ခိုက္ေရးသားမႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီႏွင့္ဘရာဇီးစတားေနမာဟာႏိုင္ငံတကာပြဲေၾကာင့္ဘရာဇီးသို႔ေရာက္ေနစဥ္အတြင္းဘ႐ူနင္ဟိုႏွင့္ေတြ႕ဆုံခြင့္ရခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိေနမာဟာယင္းလူငယ္ေလးကိုလက္မွတ္ေရးထိုးထားတဲ့အက်ႌႏွစ္ထည္လက္ေဆာင္ေပးခဲ့ၿပီးေပြ႕ဖက္ႏွစ္သိမ့္မႈျပဳလုပ္ခဲ့ပါတယ္။လူငယ္ေလးဟာလည္းေနမာရဲ႕ပုခုံးထက္တြင္ငိုယိုေနခဲ့ပါတယ္။

ေနမာဟာေသာၾကာေန႔တုန္းကကိုလံဘီယာအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဘရာဇီးတိုက္စစ္ကိုဦးေဆာင္ခဲ့ပါတယ္။သူဟာလာမယ့္အဂၤါေန႔မွာပီအက္စ္ဂ်ီကစားေဖာ္မက္ဆီရဲ႕အာဂ်င္တီးနားႏွင့္ရင္ဆိုင္ရပါမယ္။