အွန်လိုင်းတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူရန် ဇာဟာတောင်းဆို

ဝီလ်ဖရိုင်းဇာဟာဟာအသားအရောင်ခွဲခြားမှုထပ်မံကြုံတွေ့ရပြီးနောက် အွန်လိုင်းတွင်အသားအရောင်ခွဲခြားမှုပပျောက်ရေးပြင်းထန်စွာအရေးယူလုပ်ဆောင်ရန်ဆိုရှယ်မီဒီယာကုမ္ပဏီများကိုတောင်းဆိုလိုက်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမားဟာအင်စတာဂရမ်အကောင့်ကနေသူ့ကိုတိုက်ခိုက်ပြောဆိုတဲ့မှုများကို Screenshot ရိုက်ကာပို့စ်တင်လာခဲ့တာလည်းဖြစ်ပါတယ်။

ဇာဟာဟာစနေနေ့တုန်းကပရီးမီးယားလိဂ်ဟဲဗီးဝိတ်မန်စီးတီးကိုအဝေးကွင်းမှာ၂-၀ဂိုးဖြင့်အနိုင်ရရှိအောင်အဓိကနေရာမှစွမ်းဆောင်ပြီးနောက် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများနှင့်ကြုံလာရတာပါ။

သူဟာပဲလေ့စ်အတွက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့သလိုမန်စီးတီးနောက်ခံလူလာပေါ်တီအထုတ်ခံရရာတွင်လည်းပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ဇာဟာကမျက်မှောက်ခေတ်တွင်အသားအရောင်ခွဲခြားမှုများကြုံနေမှုကြောင့်စိတ်အနှောက်အယှက်မဖြစ်ရသော်လည်း၊သူ့အသားအရောင်မှာပြဿနာအစစ်အမှန်ကဲ့သို့ဖြစ်နေကြောင်း၊သို့သော်လူမည်းဖြစ်ရမှုအတွက်ဂုဏ်ယူကြောင်းဆိုသွားပါတယ်။

ဇာဟာကိုအသားအရောင်ခွဲခြားတိုက်ခိုက်သူများထဲတွင် မြန်မာအမည် Shinn Wai That(Shin29waithant) အမည်ဖြင့်အကောင့်တစ်ခုလည်းပါဝင်ပြီးမျောက်၊ခွေး၊ဒရာမာဘုရင်ဆိုပြီးတိုက်ခိုက်ရေးသားခဲ့တာတွေ့ရပါတယ်။

ZawGyi






