အွန်လိုင်းတွင်ဓာတ်ပုံ၊ဗီဒီယိုကလစ်များရောင်းစားနေတဲ့ရီယက်မရာ့ဇ်ရဲ့ဇနီး

ရီယက်မရာ့ဇ်ရဲ့ဇနီးသည်အွန်လိုင်းတွင်သူမရောက်လေရာရာတွင်ရိုက်ကူးထားတဲ့ဓာတ်ပုံများ၊ဗီဒီယိုများနှင့် သူမသီဆိုထားတဲ့သီချင်းများကိုအွန်လိုင်းတွင်ရောင်းစားလျက်ရှိနေပါတယ်။

အသက်၂၈နှစ်ရှိရီသာဂျိုဟယ်ဟာပြီးခဲ့တဲ့အပတ်သောကြာနေ့တုန်းကလော့ဒေါင်းစည်းမျဉ်းကိုချိုးဖောက်ကာလန်ဒန်ရှိတိုက်ခန်းတွင်ပါတီပွဲပြုလုပ်မှုကြောင့်ရဲတပ်ဖွဲ့ရဲ့စီးနင်းခြင်းခံခဲ့ရပြီးဒဏ်ရိုက်ခံခဲ့ရပါတယ်။

သူမဟာယင်းသို့ဒဏ်ရိုက်ခြင်းခံခဲ့ရပြီးနောက်မကြာမီအချိန်တွင်နာမည်ကျော်အပြာဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ OnlyFansတွင်အကောင့်ဖွင့်လာပါတယ်။သူမရဲ့အကောင့်ကိုဝင်ကြည့်လိုသူများဟာတစ်လလျှင်၈ပေါင်နှုန်းပေးရပါမယ်။

Subscribe လုပ်သူများဟာသူမရဲ့ဓာတ်ပုံများ၊ဗီဒီယိုဖိုင်များ၊သီချင်းများအပြင်အထူးအားထုတ်ကြိုးပမ်းထားတဲ့အ ရာများကိုကြည့်ခွင့်ရရှိမှာဖြစ်ပါတယ်။

ZawGyi




