အွန်လိုင်းတွင်‌ နေ့စဉ်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုရင်ဆိုင်နေရတဲ့ နယူးကာဆယ်စတား

နယူးကာဆယ်အလယ်တန်းကစားသမားဂျိုးဝဲလ်လော့ခ်ကဆိုရှယ်မီဒီယာတွင်နေ့စဉ်နှင့်အမျှလူမျိုးရေးခွဲခြားတိုက်ခိုက်မှုနဲ့ရင်ဆိုင်နေရကြောင်းဖွင့်ဟလာပါတယ်။

ဝဲလ်လော့ခ်ဟာမကြာသေးမီတုန်းကအာဆင်နယ်မှနယူးကာဆယ်သို့ပြောင်းရွှေ့ကြေးပေါင်၂၅သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

သူဟာဆိုရှယ်မီဒီယာတွင်နေ့စဉ်နှင့်အမျှလူမျိုးရေးခွဲခြားတိုက်ခိုက်မှုများနှင့်ရင်ဆိုင်နေရပေမယ့်လည်းပရိသတ်များနှင့်အနီးကပ်ထိတွေ့နိုင်ရန်အတွက်ဆိုရှယ်မီဒီယာကိုအသုံးပြုလိုနေဆဲဖြစ်ပါတယ်။

အသက်၂၁နှစ်ရှိဝဲလ်လော့ခ်က “နေ့တိုင်းမက်ဆေ့ချ်တွေရပါတယ်။အသားအရောင်၊ကွဲပြားတာတွေနဲ့ပတ်သက်ပြီးရေးသားထားတဲ့စာတွေပါ။ဒါတွေကိုဂရုမစိုက်ဘဲနေရုံပါပဲ။အင်စတာဂရမ်၊ဖစ်ဘုတ်၊တွစ်တာတို့ဟာကျွန်တော်တို့အတွက်လုံလောက်တဲ့တိုက်ခိုက်မှုပြုလုပ်ပေးခြင်းရှိတယ်လို့မထင်ပါဘူး။ဒီနေ့ခေတ်ကာလမှာလုပ်နိုင်တာကတော့ဂရုမစိုက်ဘဲနေ့ဖို့ပါပဲ။ဖုန်းဖွင့်လိုက်ပြီဆိုတာနဲ့လက်မခံနိုင်စရာအကြောင်းတွေ၊နာကျင်စရာအကြောင်းတွေတိုက်ရိုက်ပို့ခံရပါတယ်။ဒါနဲ့ပတ်သက်ပြီးပြောနေတယ်ဆိုပေမယ့်အရမ်းနာကျင်ရပါတယ်”လို့ဆိုသွားပါတယ်။

ဒါပေမယ့်ဝဲလ်လော့ခ်ကဆိုရှယ်မီဒီယာမသုံးဘဲနေမည်ဆိုပါကကမ္ဘာကြီးနဲ့ကင်းကွာသွားမည်ဖြစ်သောကြောင့်မသုံးဘဲနေမည်မဟုတ်ကြောင်းလည်းပြောကြားသွားပါတယ်။

ဂျိုးဝဲလ်လော့ခ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကနယူးကာဆယ်တွင်ခြောက်လအငှားဖြင့်သွားရောက်ကစားစဉ်အတွင်း၈ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။

ZawGyi

အြန္လိုင္းတြင္‌ ေန႔စဥ္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈရင္ဆိုင္ေနရတဲ့ နယူးကာဆယ္စတား

နယူးကာဆယ္အလယ္တန္းကစားသမားဂ်ိဳးဝဲလ္ေလာ့ခ္ကဆိုရွယ္မီဒီယာတြင္ေန႔စဥ္ႏွင့္အမွ်လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈနဲ႔ရင္ဆိုင္ေနရေၾကာင္းဖြင့္ဟလာပါတယ္။

ဝဲလ္ေလာ့ခ္ဟာမၾကာေသးမီတုန္းကအာဆင္နယ္မွနယူးကာဆယ္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၅သန္းျဖင့္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

သူဟာဆိုရွယ္မီဒီယာတြင္ေန႔စဥ္ႏွင့္အမွ်လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ားႏွင့္ရင္ဆိုင္ေနရေပမယ့္လည္းပရိသတ္မ်ားႏွင့္အနီးကပ္ထိေတြ႕ႏိုင္ရန္အတြက္ဆိုရွယ္မီဒီယာကိုအသုံးျပဳလိုေနဆဲျဖစ္ပါတယ္။

အသက္၂၁ႏွစ္ရွိဝဲလ္ေလာ့ခ္က “ေန႔တိုင္းမက္ေဆ့ခ်္ေတြရပါတယ္။အသားအေရာင္၊ကြဲျပားတာေတြနဲ႔ပတ္သက္ၿပီးေရးသားထားတဲ့စာေတြပါ။ဒါေတြကိုဂ႐ုမစိုက္ဘဲေန႐ုံပါပဲ။အင္စတာဂရမ္၊ဖစ္ဘုတ္၊တြစ္တာတို႔ဟာကြၽန္ေတာ္တို႔အတြက္လုံေလာက္တဲ့တိုက္ခိုက္မႈျပဳလုပ္ေပးျခင္းရွိတယ္လို႔မထင္ပါဘူး။ဒီေန႔ေခတ္ကာလမွာလုပ္ႏိုင္တာကေတာ့ဂ႐ုမစိုက္ဘဲေန႔ဖို႔ပါပဲ။ဖုန္းဖြင့္လိုက္ၿပီဆိုတာနဲ႔လက္မခံႏိုင္စရာအေၾကာင္းေတြ၊နာက်င္စရာအေၾကာင္းေတြတိုက္႐ိုက္ပို႔ခံရပါတယ္။ဒါနဲ႔ပတ္သက္ၿပီးေျပာေနတယ္ဆိုေပမယ့္အရမ္းနာက်င္ရပါတယ္”လို႔ဆိုသြားပါတယ္။

ဒါေပမယ့္ဝဲလ္ေလာ့ခ္ကဆိုရွယ္မီဒီယာမသုံးဘဲေနမည္ဆိုပါကကမာၻႀကီးနဲ႔ကင္းကြာသြားမည္ျဖစ္ေသာေၾကာင့္မသုံးဘဲေနမည္မဟုတ္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

ဂ်ိဳးဝဲလ္ေလာ့ခ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကနယူးကာဆယ္တြင္ေျခာက္လအငွားျဖင့္သြားေရာက္ကစားစဥ္အတြင္း၈ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။