အွန်လိုင်းတွင် ကာကွယ်ဆေးမထိုးရန် အငြင်းပွားဖွယ်ပို့စ်တင်လာတဲ့ ဂျွန်စတုန်းရဲ့ချစ်သူ

အင်္ဂလန်လက်ရွေးစင်စတားဂျွန်စတုန်းရဲ့ချစ်သူဟာအွန်လိုင်းတွင်ကိုဗစ်ကာကွယ်ဆေးမထိုးရန်ပို့စ်တင်ကာအငြင်းပွားစရာလုပ်ဆောင်လာပါတယ်။

ပြီးခဲ့တဲ့စနေနေ့တုန်းကအင်္ဂလန်အသင်းကစားသမားငါးဦးတို့မှာကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုလျက်ရှိကြောင်း The Sun ကဖော်ပြခဲ့ဖူးပါတယ်။

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာအဆိုပါကစားသမားငါးဦးတို့ရဲ့ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုနေမှုနဲ့အတူ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်စီမံထားမှု အနှောက်အယှက်ဖြစ်လာမှာစိုးရိမ်နေပါတယ်။ကမ္ဘာ့ဖလားအိမ်ရှင်ကာတာဟာကမ္ဘာ့ဖလားပြိုင်ပွဲသို့ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ကစားသမားများကိုသာဝင်ရောက်ခွင့်ပေးရန်စီစဉ်ထားပါတယ်။

ယင်းသို့သောအချိန်တွင်ဂျွန်စတုန်းရဲ့ချစ်သူအိုလီဗီယာနေလာဟာအခြားသူများကိုလည်းကိုဗစ်ကာကွယ်ဆေးမထိုးရန်တိုက်တွန်းတဲ့ပို့စ်ကိုတင်လာခဲ့တာဖြစ်ပါတယ်။

သူမဟာမကြာသေးမီတုန်းကအင်တာဗျူးတစ်ခုတွင်အော်လန်ဒိုမက်ဂျစ်ဘတ်စကက်ဘောစတားဂျိုနသန်အိုင်ဆစ်ကဗိုင်းရပ်စ်ကိုကာကွယ်ရန်သူ့တွင်ကိုယ်ခံနိုင်တဲ့သဘာဝကိုယ်ခံအားသူ့တွင်ရှိနေကြောင်းပြောကြားထားတဲ့ပို့စ်ကိုအင်စတာဂရမ်မှာထပ်တင်လာတာဖြစ်ပါတယ်။

သူမရဲ့အမြင်ဟာမန်စီးတီးနောက်ခံလူဂျွန်စတုန်းရဲ့အမြင်နဲ့ထပ်တူကျသလားဆိုတာမသိရသေးသလိုဗဟိုနောက်ခံလူဟာလည်းကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းထားတဲ့သူလားဆိုတာအတိအကျမပြောနိုင်ပါဘူး။

ဒါပေမယ့်အင်္ဂလန်အသင်းမှကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုထားကြတဲ့သူအများစုဟာချစ်သူ(သို့မဟုတ်)ဇနီးတို့ရဲ့လွှမ်းမိုးမှုကြောင့်ကိုဗစ်ကာကွယ်ဆေးထိုးရန်ငြင်းဆိုထားကြခြင်းဖြစ်ကြောင်းသတင်းထွက်နေပါတယ်။

ZawGyi

အြန္လိုင္းတြင္ ကာကြယ္ေဆးမထိုးရန္ အျငင္းပြားဖြယ္ပို႔စ္တင္လာတဲ့ ဂြၽန္စတုန္းရဲ႕ခ်စ္သူ

အဂၤလန္လက္ေ႐ြးစင္စတားဂြၽန္စတုန္းရဲ႕ခ်စ္သူဟာအြန္လိုင္းတြင္ကိုဗစ္ကာကြယ္ေဆးမထိုးရန္ပို႔စ္တင္ကာအျငင္းပြားစရာလုပ္ေဆာင္လာပါတယ္။

ၿပီးခဲ့တဲ့စေနေန႔တုန္းကအဂၤလန္အသင္းကစားသမားငါးဦးတို႔မွာကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုလ်က္ရွိေၾကာင္း The Sun ကေဖာ္ျပခဲ့ဖူးပါတယ္။

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာအဆိုပါကစားသမားငါးဦးတို႔ရဲ႕ကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုေနမႈနဲ႔အတူ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္စီမံထားမႈ အေႏွာက္အယွက္ျဖစ္လာမွာစိုးရိမ္ေနပါတယ္။ကမာၻ႔ဖလားအိမ္ရွင္ကာတာဟာကမာၻ႔ဖလားၿပိဳင္ပြဲသို႔ကိုဗစ္ကာကြယ္ေဆးထိုးထားတဲ့ကစားသမားမ်ားကိုသာဝင္ေရာက္ခြင့္ေပးရန္စီစဥ္ထားပါတယ္။

ယင္းသို႔ေသာအခ်ိန္တြင္ဂြၽန္စတုန္းရဲ႕ခ်စ္သူအိုလီဗီယာေနလာဟာအျခားသူမ်ားကိုလည္းကိုဗစ္ကာကြယ္ေဆးမထိုးရန္တိုက္တြန္းတဲ့ပို႔စ္ကိုတင္လာခဲ့တာျဖစ္ပါတယ္။

သူမဟာမၾကာေသးမီတုန္းကအင္တာဗ်ဴးတစ္ခုတြင္ေအာ္လန္ဒိုမက္ဂ်စ္ဘတ္စကက္ေဘာစတားဂ်ိဳနသန္အိုင္ဆစ္ကဗိုင္းရပ္စ္ကိုကာကြယ္ရန္သူ႔တြင္ကိုယ္ခံႏိုင္တဲ့သဘာဝကိုယ္ခံအားသူ႔တြင္ရွိေနေၾကာင္းေျပာၾကားထားတဲ့ပို႔စ္ကိုအင္စတာဂရမ္မွာထပ္တင္လာတာျဖစ္ပါတယ္။

သူမရဲ႕အျမင္ဟာမန္စီးတီးေနာက္ခံလူဂြၽန္စတုန္းရဲ႕အျမင္နဲ႔ထပ္တူက်သလားဆိုတာမသိရေသးသလိုဗဟိုေနာက္ခံလူဟာလည္းကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းထားတဲ့သူလားဆိုတာအတိအက်မေျပာႏိုင္ပါဘူး။

ဒါေပမယ့္အဂၤလန္အသင္းမွကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုထားၾကတဲ့သူအမ်ားစုဟာခ်စ္သူ(သို႔မဟုတ္)ဇနီးတို႔ရဲ႕လႊမ္းမိုးမႈေၾကာင့္ကိုဗစ္ကာကြယ္ေဆးထိုးရန္ျငင္းဆိုထားၾကျခင္းျဖစ္ေၾကာင္းသတင္းထြက္ေနပါတယ္။