
အာဆင်နယ်စတားဟောင်းနစ်ကလပ်စ်ဘန်တနာဟာဆိုရှယ်မီဒီယာတွင်ကိုယ်လုံးတီးရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံကိုတင်လာပါတယ်။
အသက်၃၅နှစ်ရှိဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ၂၀၂၀ခုနှစ်တုန်းကစတုတ္ထတန်းကလပ် Tarnby တွင်ကစားပြီးနောက်ပြီးခဲ့တဲ့နှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့သူလည်းဖြစ်ပါတယ်။
သူဟာကိုဗစ်ကာလတုန်းက Counter-Strike ဂိမ်းကိုစွဲစွဲလန်းလန်းကစားပြီးနောက် eSport အသင်းတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။
နစ်ကလပ်ဘန်တနာဟာပြီးခဲ့တဲ့နှစ်များအတွင်းတွင်ကွင်းတွင်းကွင်းပြင်အပြုအမူများပြုလုပ်မှုကြောင့်ဝေဖန်မှုများနှင့်ကြုံခဲ့ရသူလည်းဖြစ်ပါတယ်။
သူဟာယူရို၂၀၁၂ပြိုင်ပွဲတုန်းက Paddy Power စပွန်ဆာအတွင်းခံကိုပြသအောင်ပွဲခံမှုကြောင့်ပေါင်၈၀၀၀၀ဒဏ်ရိုက်ခံခဲ့ရပါတယ်။
ယခုသူဟာအဝတ်ဗလာဖြင့်ကျောခိုင်းရိုက်ကူးထားတဲ့ဓာတ်ပုံကိုအွန်လိုင်းတွင်တင်လာပါတယ်။
ယင်းဓာတ်ပုံနှင့်ပတ်သက်ပြီးပရိသတ်များက ပုံမှန်မြင်တွေ့နေကြနစ်ကလပ်ဘန်တနာဖြစ်ကြောင်းဆိုသွားပါတယ်။
ဘန်တနာဟာအာဆင်နယ်တွင်ကိုးနှစ်ကြာကစားစဉ်အတွင်း၁၇၁ပွဲကစားကာ၄၅ဂိုးသွင်းထားနိုင်ပါတယ်။
Zawgyi
အွန်လိုင်းတွင် ကိုယ်လုံးတီးပုံတင်လာတဲ့ အာဆင်နယ်စတားဟောင်းဘန်တနာ