
ထုတ်ပယ်ခြင်းခံထားရတဲ့ဒိုင်လူကြီးအချောအလှဗာလီရီယာအင်ဒရာဒီဟာထုတ်ပယ်ခြင်းခံရပြီးနောက်ဆိုရှယ်မီဒီယာတွင်ဆက်စီဓာတ်ပုံများတင်လာပါတယ်။
အသက်၃၀နှစ်ရှိအင်ဒရာဒီဟာအင်စတာဂရမ်တွင်ဆက်စီဓာတ်ပုံများတင်ကာနာမည်ကြီးအောင်လုပ်လာတာလည်းဖြစ်ပါတယ်။
ဒိုင်လူကြီးဟောင်းဟာအင်စတာဂရမ်တွင်ဆက်စီဓာတ်ပုံများတင်လာပြီးနောက် Follower တစ်သိန်းခွဲနီးပါးရရှိလာပါတယ်။
တကယ်လို့များသူမသာOnlyFansသို့ဝင်ရောက်လာပါကလည်းပရိသတ်များအံ့ဩလာကြတော့မှာမဟုတ်ပါဘူး။
အင်ဒရာဒီဟာအင်စတာဂရမ်တွင်သူမရဲ့တင်ပါးနှင့်ရင်သားအလှအပများကိုဖော်ပြထားတဲ့ဓာတ်ပုံများတင်နေတာဖြစ်ပါတယ်။
သူမဟာယခင်တုန်းကမက္ကဆီကိုထိပ်တန်းလိဂ်တွင်စည်းကြပ်ဒိုင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမဲ့လည်းလောင်းကစားဝက်ဘ်ဆိုက်တစ်ခုကိုပရိုမိုးရှင်းလုပ်မှုကြောင့်ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူမကတော့ Liga MX အကြီးအကဲများရဲ့ဆုံးဖြတ်ချက်ကပြင်းထန်လွန်းတယ်လို့ယူဆနေရပါတယ်။
အင်ဒရာဒီက “ဒါကတစ်ယောက်ယောက်ကိုသတ်လိုက်သလိုပဲ။တကယ်ဆိုလူတိုင်းအမှားလုပ်မိကြတတ်တာပါ။ကျွန်မ ဘယ်သူ့ကိုမှမသတ်ဖူးပါဘူး။ဘယ်သူ့ကိုမှလည်းမုဒိန်းမကျင့်ခဲ့ပါဘူး။ကျွန်မလုပ်မိတဲ့အမှားကလေးတစ်ခုအတွက်ဒီလိုလုပ်တာမျှတတယ်လို့မထင်ပါဘူး”လို့ပြောကြားသွားပါတယ်။
သူမဟာမက္ကဆီကိုတွင်မည်သည့်လိဂ်တွင်မျှအလုပ်လုပ်ရတော့မှာမဟုတ်တော့ပေမဲ့လည်းသူမရဲ့အွန်လိုင်းတွင်အချောအလှဓာတ်ပုံများတင်နေမှုကြောင့်ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာရယူလာနိုင်ပြီဖြစ်ပါတယ်။
ZawGyi
အွန်လိုင်းတွင် ဆက်စီဓာတ်ပုံတွေ တင်လာတဲ့ အထုတ်ခံ ဒိုင်လူကြီးအချောအလှ