အွန်လိုင်းမှ ကီးဘုတ်ဖိုက်တာများကို တုံ့ပြန်လာတဲ့ သရဲနီအမေ့ခံ ဖီးလ်ဂျုံးစ်

မန်ချက်စတာယူနိုက်တက်နောက်ခံလူဖီးလ်ဂျုံးစ်ဟာအွန်လိုင်းတွင်သူ့ကိုဝေဖန်တိုက်ခိုက်မှုများပြုလုပ်နေကြတဲ့ ကီးဘုတ်ဖိုက်တာများကိုတုံ့ပြန်မှုပြုလုပ်လာပါတယ်။

အသက်၂၉နှစ်ရှိနောက်ခံလူဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတုန်းကမန်ယူရဲ့အက်ဖ်အေဖလားပွဲတွင်ကစားရပြီးနောက်တစ်ပွဲမျှကစားခွင့်မရလာခဲ့သူလည်းဖြစ်ပါတယ်။သူဟာဒူးဒဏ်ရာမှပြန်လည်ကောင်းမွန်လာတာကြာမြင့်ပြီဖြစ်ပေမယ့်ကစားခွင့်မရလာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းတွင်ဒဏ်ရာပြဿနာများနှင့်ကြုံလာရပေမယ့်လည်းပြီးခဲ့တဲ့နွေမှာတော့အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။

မန်ယူနောက်ခံလူဟာမကြာသေးမီတုန်းကမန်ယူပထမအသင်းကစားသမားများနှင့်အတူလေ့ကျင့်ခန်းဆင်းခဲ့ကာကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်အောင်အပြင်းအထန်လေ့ကျင့်ခန်းဆင်းနေပါတယ်။

ယခုအခါမှာတော့ဖီးလ်ဂျုံးစ်ဟာသူ့ကိုအွန်လိုင်းမှတိုက်ခိုက်နေတဲ့ ကီးဘုတ်ဖိုက်တာများကိုပြန်လည်ထိုးနှက်မှုပြုလုပ်လာပါတယ်။

ဖီးလ်ဂျုံးစ်က “ကျွန်တော့်ကစားသမားကုန်ဆုံးတဲ့အခါကျွန်တော့်ဘဝကိုပျော်ပျော်နေပါမယ်။ကျွန်တော့်မှာအဲဒီလိုလုပ်ဖို့အခွင့်အရေးရှိပါတယ်။ဒါပေမယ့်ကီးဘုတ်သူရဲကောင်းတွေမှာတော့ အမေ့အိမ်ကအခန်းလေးမှာနေပြီးပက်ပစီလေးသောက်၊ Pot Noodle စား၊ ဘောက်ဆာလေးဝတ်ရင်း ရေးကြပေါ့ဗျာ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဖီးလ်ဂျုံးစ်ကမျက်မှောက်ခေတ်ဘောလုံးလောကတွင်မည်သည့်ဘောလုံးကစားသမားမဆို လှောင်ပြောင်မှုများနှင့်ရင်ဆိုင်ရနိုင်ကြောင်းလည်းပြောကြားသွားပါတယ်။

ဖီးလ်ဂျုံးစ်ဟာမန်ယူအသင်းနှင့်၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးဆိုးလ်ရှား ပထမဆုံးစာချုပ်ချုပ်ဆိုတဲ့ကစားသမားလည်းဖြစ်ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာဖီးလ်ဂျုံးစ်ကို ပရီးမီးယားလိဂ်လူစာရင်းတွင်ထည့်သွင်းထားပြီးအသုံးပြုရန်စီစဉ်ထားပါတယ်။

ဒါ့အပြင်ဖီးလ်ဂျုံးစ်ကအိုးထရက်ဖို့ဒ်မှထွက်ခွာသွားမည်မဟုတ်ဘဲနေရာအတွက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကြုံးဝါးသွားပါတယ်။

ဖီးလ်ဂျုံးစ်က “တစ်ယောက်ယောက်က တစ်နေရာရာကိုသွားတော့ပြောတဲ့အထိ ယူနိုက်တက်အတွက်တိုက်ပွဲဝင်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အြန္လိုင္းမွ ကီးဘုတ္ဖိုက္တာမ်ားကို တုံ႔ျပန္လာတဲ့ သရဲနီအေမ့ခံ ဖီးလ္ဂ်ဳံးစ္

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူဖီးလ္ဂ်ဳံးစ္ဟာအြန္လိုင္းတြင္သူ႔ကိုေဝဖန္တိုက္ခိုက္မႈမ်ားျပဳလုပ္ေနၾကတဲ့ ကီးဘုတ္ဖိုက္တာမ်ားကိုတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

အသက္၂၉ႏွစ္ရွိေနာက္ခံလူဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတုန္းကမန္ယူရဲ႕အက္ဖ္ေအဖလားပြဲတြင္ကစားရၿပီးေနာက္တစ္ပြဲမွ်ကစားခြင့္မရလာခဲ့သူလည္းျဖစ္ပါတယ္။သူဟာဒူးဒဏ္ရာမွျပန္လည္ေကာင္းမြန္လာတာၾကာျမင့္ၿပီျဖစ္ေပမယ့္ကစားခြင့္မရလာတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္းတြင္ဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံလာရေပမယ့္လည္းၿပီးခဲ့တဲ့ေႏြမွာေတာ့ေအာင္ျမင္စြာခြဲစိတ္ကုသႏိုင္ခဲ့ပါတယ္။

မန္ယူေနာက္ခံလူဟာမၾကာေသးမီတုန္းကမန္ယူပထမအသင္းကစားသမားမ်ားႏွင့္အတူေလ့က်င့္ခန္းဆင္းခဲ့ကာႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးျဖစ္ေအာင္အျပင္းအထန္ေလ့က်င့္ခန္းဆင္းေနပါတယ္။

ယခုအခါမွာေတာ့ဖီးလ္ဂ်ဳံးစ္ဟာသူ႔ကိုအြန္လိုင္းမွတိုက္ခိုက္ေနတဲ့ ကီးဘုတ္ဖိုက္တာမ်ားကိုျပန္လည္ထိုးႏွက္မႈျပဳလုပ္လာပါတယ္။

ဖီးလ္ဂ်ဳံးစ္က “ကြၽန္ေတာ့္ကစားသမားကုန္ဆုံးတဲ့အခါကြၽန္ေတာ့္ဘဝကိုေပ်ာ္ေပ်ာ္ေနပါမယ္။ကြၽန္ေတာ့္မွာအဲဒီလိုလုပ္ဖို႔အခြင့္အေရးရွိပါတယ္။ဒါေပမယ့္ကီးဘုတ္သူရဲေကာင္းေတြမွာေတာ့ အေမ့အိမ္ကအခန္းေလးမွာေနၿပီးပက္ပစီေလးေသာက္၊ Pot Noodle စား၊ ေဘာက္ဆာေလးဝတ္ရင္း ေရးၾကေပါ့ဗ်ာ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဖီးလ္ဂ်ဳံးစ္ကမ်က္ေမွာက္ေခတ္ေဘာလုံးေလာကတြင္မည္သည့္ေဘာလုံးကစားသမားမဆို ေလွာင္ေျပာင္မႈမ်ားႏွင့္ရင္ဆိုင္ရႏိုင္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

ဖီးလ္ဂ်ဳံးစ္ဟာမန္ယူအသင္းႏွင့္၂၀၂၃ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ၿပီးဆိုးလ္ရွား ပထမဆုံးစာခ်ဳပ္ခ်ဳပ္ဆိုတဲ့ကစားသမားလည္းျဖစ္ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာဖီးလ္ဂ်ဳံးစ္ကို ပရီးမီးယားလိဂ္လူစာရင္းတြင္ထည့္သြင္းထားၿပီးအသုံးျပဳရန္စီစဥ္ထားပါတယ္။

ဒါ့အျပင္ဖီးလ္ဂ်ဳံးစ္ကအိုးထရက္ဖို႔ဒ္မွထြက္ခြာသြားမည္မဟုတ္ဘဲေနရာအတြက္တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္းႀကဳံးဝါးသြားပါတယ္။

ဖီးလ္ဂ်ဳံးစ္က “တစ္ေယာက္ေယာက္က တစ္ေနရာရာကိုသြားေတာ့ေျပာတဲ့အထိ ယူႏိုက္တက္အတြက္တိုက္ပြဲဝင္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။