ဥက္ကဌဟောင်းရဲ့ရယ်စရာကောင်းတဲ့ ကတိစကားကြောင့် ပိုင်ရှင်ဟောင်းကို ပေါင် ၁၀ သန်းပေးခဲ့ရတဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာဟာပိုင်ရှင်ဟောင်းတိုနီရှောင်ရဲ့ရယ်စရာကောင်းတဲ့ကတိစကားကြောင့် ပိုင်ရှင်ဟောင်းရန်ဒီလာနာကိုပေါင်၁၀သန်းအထိပေးခဲ့ရပါတယ်။

တိုနီရှောင်ဟာအက်စတွန်ဗီလာအသင်းတန်းတက်လာပြီးနောက်ပရီးမီးယားလိဂ်တွင်၃နှစ်ဆက်ရပ်တည်နိုင်ပါကအမေရိကန်သန်းကြွယ်သူဌေးကိုပေါင်၁၀သန်းပေးမယ်လို့ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့လည်းတရုတ်စီးပွားရေးလုပ်ငန်းရှင်ဟာ၂၀၁၈ခုနှစ်မှာတော့လက်ရှိ ဘီလျှံနာပိုင်ရှင်တွေဖြစ်ကြတဲ့နက်စ်ဆစ်ဖ်ဆာဝီရစ်နှင့်ဝက်စ်အေဒင်တို့ရဲ့NSWE Group ထံသို့ရောင်းချခဲ့ပါတယ်။

ဒါပေမဲ့လည်းဗီလာဟာယခင်ပိုင်ရှင်ဟောင်းတိုနီရှောင်ကယခင်ပိုင်ရှင်ဟောင်းရန်ဒီလာနာကိုပေးခဲ့တဲ့ကတိစကားကြောင့်ပရီးမီးယားလိဂ်တွင်၃နှစ်ဆက်ရပ်တည်နိုင်ခဲ့မှုနှင့်အတူပေါင်၁၀သန်းပေးခဲ့ရပါတယ်။

လာနာဟာ၂၀၁၆ခုနှစ်တုန်းကရှောင်ကိုရောင်းချပြီးတဲ့နောက်ပရီးမီးယားလိဂ်သို့ပြန်လည်တန်းတက်လာနိုင်မှုနဲ့အတူပေါင်သန်း၃၀လည်းရရှိခဲ့ပါသေးတယ်။

အက်စတွန်ဗီလာဟာဝင်ငွေပေါင်၅သန်းလျှော့ကျကာပေါင်၁၇၈.၄သန်းသာရရှိပေမဲ့လည်းအမြတ်ငွေပေါင်၄သိန်းရရှိခဲ့ပါတယ်။

ဗီလာဟာဂျက်ဂရဲလ်လစ်ရှ်ကိုပေါင်သန်း၁၀၀ဖြင့်ရောင်းချခဲ့ပေမဲ့လည်းဒန်နီအင်းစ်၊ဘူအန်ဒီအာ၊လီယွန်ဘိုင်လီ၊လူးကပ်စ်ဒီဂနီတို့ကိုပေါင်၂၀၃.၅သန်းအကုန်အကျခံကာခေါ်ယူခဲ့မှုနှင့်အတူအမြတ်ငွေထိုမျှသာရရှိခဲ့တာဖြစ်ပါတယ်။

ZawGyi

ဥကၠဌေဟာင္းရဲ႕ရယ္စရာေကာင္းတဲ့ ကတိစကားေၾကာင့္ ပိုင္ရွင္ေဟာင္းကို ေပါင္ ၁၀ သန္းေပးခဲ့ရတဲ့ အက္စတြန္ဗီလာ

အက္စတြန္ဗီလာဟာပိုင္ရွင္ေဟာင္းတိုနီေရွာင္ရဲ႕ရယ္စရာေကာင္းတဲ့ကတိစကားေၾကာင့္ ပိုင္ရွင္ေဟာင္းရန္ဒီလာနာကိုေပါင္၁၀သန္းအထိေပးခဲ့ရပါတယ္။

တိုနီေရွာင္ဟာအက္စတြန္ဗီလာအသင္းတန္းတက္လာၿပီးေနာက္ပရီးမီးယားလိဂ္တြင္၃ႏွစ္ဆက္ရပ္တည္ႏိုင္ပါကအေမရိကန္သန္းႂကြယ္သူေဌးကိုေပါင္၁၀သန္းေပးမယ္လို႔ကတိျပဳခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့လည္းတ႐ုတ္စီးပြားေရးလုပ္ငန္းရွင္ဟာ၂၀၁၈ခုႏွစ္မွာေတာ့လက္ရွိ ဘီလွ်ံနာပိုင္ရွင္ေတြျဖစ္ၾကတဲ့နက္စ္ဆစ္ဖ္ဆာဝီရစ္ႏွင့္ဝက္စ္ေအဒင္တို႔ရဲ႕NSWE Group ထံသို႔ေရာင္းခ်ခဲ့ပါတယ္။

ဒါေပမဲ့လည္းဗီလာဟာယခင္ပိုင္ရွင္ေဟာင္းတိုနီေရွာင္ကယခင္ပိုင္ရွင္ေဟာင္းရန္ဒီလာနာကိုေပးခဲ့တဲ့ကတိစကားေၾကာင့္ပရီးမီးယားလိဂ္တြင္၃ႏွစ္ဆက္ရပ္တည္ႏိုင္ခဲ့မႈႏွင့္အတူေပါင္၁၀သန္းေပးခဲ့ရပါတယ္။

လာနာဟာ၂၀၁၆ခုႏွစ္တုန္းကေရွာင္ကိုေရာင္းခ်ၿပီးတဲ့ေနာက္ပရီးမီးယားလိဂ္သို႔ျပန္လည္တန္းတက္လာႏိုင္မႈနဲ႔အတူေပါင္သန္း၃၀လည္းရရွိခဲ့ပါေသးတယ္။

အက္စတြန္ဗီလာဟာဝင္ေငြေပါင္၅သန္းေလွ်ာ့က်ကာေပါင္၁၇၈.၄သန္းသာရရွိေပမဲ့လည္းအျမတ္ေငြေပါင္၄သိန္းရရွိခဲ့ပါတယ္။

ဗီလာဟာဂ်က္ဂရဲလ္လစ္ရွ္ကိုေပါင္သန္း၁၀၀ျဖင့္ေရာင္းခ်ခဲ့ေပမဲ့လည္းဒန္နီအင္းစ္၊ဘူအန္ဒီအာ၊လီယြန္ဘိုင္လီ၊လူးကပ္စ္ဒီဂနီတို႔ကိုေပါင္၂၀၃.၅သန္းအကုန္အက်ခံကာေခၚယူခဲ့မႈႏွင့္အတူအျမတ္ေငြထိုမွ်သာရရွိခဲ့တာျဖစ္ပါတယ္။