ဥမင်လှိုဏ်ခေါင်းတွင် ပြောတဲ့စကားကို လူသိရှင်ကြား ပြောရဲသလားဆိုပြီး ဂျူဗီကို ငကြောက်လို့ မော်ရင်ဟိုဝေဖန်

တနင်္ဂနွေနေ့ညတုန်းကစီးရီးအေရှုံးပွဲကြုံရပြီးနောက်အကြီးအကျယ်ဒေါသထွက်နေတဲ့ရိုးမားနည်းပြမော်ရင်ဟိုကဥမင်လှိုဏ်ခေါင်းတွင်ပြောတဲ့စကားများကိုလူသိရှင်ကြားပြောရဲသလားလို့ဂျူဗင်တပ်ကိုတိုက်ခိုက်ပြောဆိုလိုက်ပါတယ်။

မော်ရင်ဟိုရဲ့ရိုးမားဟာပထမပိုင်းတွင်တမ်မီအေဘရာဟမ်ရဲ့ဂိုးကြောင့်၁ဂိုးစီသရေကျခဲ့ပေမယ့်ဒိုင်လူကြီးကဂိုးအဖြစ်မပေးဘဲရိုးမားကိုပင်နယ်တီပေးခဲ့ပါတယ်။ယင်းပင်နယ်တီကိုရိုးမားရဲ့ဂျော်ဒန်ဗီရီတော့ကန်ရာမှာဂျူဗင်တပ်ဂိုးသမားဆက်ဇက်နီကာကွယ်သွားပါတယ်။

ဂျူဗင်တပ်ဟာရိုးမားကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးနည်းပြမော်ရင်ဟိုနှင့်ရိုးမားကစားသမားတို့အကြီးအကျယ်ဒေါသထွက်ခဲ့ကြပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက “ဥမင်လှိုဏ်ခေါင်းနဲ့အဝတ်အစားလဲခန်းမှာဂျူဗင်တပ်ဆီကစကားတွေကြားရပါတယ်။အဲဒီစကားတွေကိုလူသိရှင်ကြားပြောလာဖို့လည်းမျှော်လင့်ပါတယ်။ကျွန်တော်တို့နဲ့ပွဲမှာသူတို့ဘယ်လောက်ရုန်းကန်ရသလဲသူတို့အသိဆုံးပါ။ကျွန်တော်ဟာကောင်းကောင်းမကစားဘဲနှစ်ပေါင်းများစွာနိုင်ပွဲယူလာတဲ့သူပါ။ဒီတော့ကောင်းကောင်းကစားပြီးရှုံးခဲ့ရပါတယ်”လို့ပြောကြားသွားပါတယ်။

အဆိုပါပွဲစဉ်တွင်မော်ရင်ဟိုဟာဂျူဗင်တပ်ပရိသတ်များကို လက်သုံးချောင်းထောင်ပြီးတော့ပြသခဲ့ပါတယ်။မော်ရင်ဟိုဟာအင်တာမီလန်ကိုကိုင်တွယ်စဉ်ကတစ်နှစ်တည်းတွင်ချန်ပီယံလိဂ်အပါအဝင်ဖလားသုံးလုံးရရှိခဲ့မှုကိုရည်ရွယ်ကာဂျူဗင်တပ်ပရိသတ်များကိုတုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ဥမင္လႈိဏ္ေခါင္းတြင္ ေျပာတဲ့စကားကို လူသိရွင္ၾကား ေျပာရဲသလားဆိုၿပီး ဂ်ဴဗီကို ငေၾကာက္လို႔ ေမာ္ရင္ဟိုေဝဖန္

တနဂၤေႏြေန႔ညတုန္းကစီးရီးေအရႈံးပြဲႀကဳံရၿပီးေနာက္အႀကီးအက်ယ္ေဒါသထြက္ေနတဲ့႐ိုးမားနည္းျပေမာ္ရင္ဟိုကဥမင္လႈိဏ္ေခါင္းတြင္ေျပာတဲ့စကားမ်ားကိုလူသိရွင္ၾကားေျပာရဲသလားလို႔ဂ်ဴဗင္တပ္ကိုတိုက္ခိုက္ေျပာဆိုလိုက္ပါတယ္။

ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာပထမပိုင္းတြင္တမ္မီေအဘရာဟမ္ရဲ႕ဂိုးေၾကာင့္၁ဂိုးစီသေရက်ခဲ့ေပမယ့္ဒိုင္လူႀကီးကဂိုးအျဖစ္မေပးဘဲ႐ိုးမားကိုပင္နယ္တီေပးခဲ့ပါတယ္။ယင္းပင္နယ္တီကို႐ိုးမားရဲ႕ေဂ်ာ္ဒန္ဗီရီေတာ့ကန္ရာမွာဂ်ဴဗင္တပ္ဂိုးသမားဆက္ဇက္နီကာကြယ္သြားပါတယ္။

ဂ်ဴဗင္တပ္ဟာ႐ိုးမားကို၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးနည္းျပေမာ္ရင္ဟိုႏွင့္႐ိုးမားကစားသမားတို႔အႀကီးအက်ယ္ေဒါသထြက္ခဲ့ၾကပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ ေမာ္ရင္ဟိုက “ဥမင္လႈိဏ္ေခါင္းနဲ႔အဝတ္အစားလဲခန္းမွာဂ်ဴဗင္တပ္ဆီကစကားေတြၾကားရပါတယ္။အဲဒီစကားေတြကိုလူသိရွင္ၾကားေျပာလာဖို႔လည္းေမွ်ာ္လင့္ပါတယ္။ကြၽန္ေတာ္တို႔နဲ႔ပြဲမွာသူတို႔ဘယ္ေလာက္႐ုန္းကန္ရသလဲသူတို႔အသိဆုံးပါ။ကြၽန္ေတာ္ဟာေကာင္းေကာင္းမကစားဘဲႏွစ္ေပါင္းမ်ားစြာႏိုင္ပြဲယူလာတဲ့သူပါ။ဒီေတာ့ေကာင္းေကာင္းကစားၿပီးရႈံးခဲ့ရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဆိုပါပြဲစဥ္တြင္ေမာ္ရင္ဟိုဟာဂ်ဴဗင္တပ္ပရိသတ္မ်ားကို လက္သုံးေခ်ာင္းေထာင္ၿပီးေတာ့ျပသခဲ့ပါတယ္။ေမာ္ရင္ဟိုဟာအင္တာမီလန္ကိုကိုင္တြယ္စဥ္ကတစ္ႏွစ္တည္းတြင္ခ်န္ပီယံလိဂ္အပါအဝင္ဖလားသုံးလုံးရရွိခဲ့မႈကိုရည္႐ြယ္ကာဂ်ဴဗင္တပ္ပရိသတ္မ်ားကိုတုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။