ဥမင်လှိုဏ်ခေါင်းသို့ ပြေးဝင်ကာ လက်ဆွဲမနှုတ်ဆက်ခဲ့တဲ့ ဆီမြွန်နီကို လက်မထောင်ပြီးတုံ့ပြန်ခဲ့တဲ့ ကလော့ပ်

မနေ့ညတုန်းက Wanda Metropolitano ကွင်းမှာအက်သလက်တီကိုနှင့်လီဗာပူးတို့ရဲ့ပွဲကအကြိတ်အနယ်ရှိခဲ့ပြီးကြိုးကြာနီတို့အကြီးအကျယ်တိုက်ပွဲဝင်ကာ၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးဟာမိုဟာမက်ဆာလက်နှင့်နာဘီးကီတာတို့သွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်းဂရက်ဇ်မန်းနှင့်ချေပဂိုးနှစ်ဂိုးကြောင့်နှစ်ဂိုးစီသရေကျနေခဲ့ပါတယ်။ဒါပေမယ့်ဆာလက်က၃-၂ဖြစ်စေမယ့်ဂိုးကိုပင်နယ်တီကနေသွင်းယူခဲ့ပါတယ်။

ယင်းနောက်တွင်အက်သလက်တီကိုဟာဂျီမီနက်ဇ်ကိုဂျိုတာကလူချကစားလို့ပင်နယ်တီရခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်ကြောင့်ပင်နယ်တီမရခဲ့ပါဘူး။

ပွဲပြီးခရာမှုတ်ချိန်မှာဒီယေဂိုဆီမြွန်နီဟာဥမင်လှိုဏ်ခေါင်းအတွင်းသို့ပြေးဆင်းသွားခဲ့ပါတယ်။အားလုံးကဆီမြွန်နီဟာအရှုံးကိုဒေါသထွက်ကာကလော့ပ်ကိုလက်ဆွဲမနှုတ်ဆက်ချင်လို့ ပြေးဆင်းသွားတာလို့ယုံကြည်နေကြပါတယ်။

ဂျာမန်လူမျိုးနည်းပြကလော့ပ်ဟာပွဲသိမ်းခရာမှုတ်ပြီးချိန်မှာဆီမြွန်နီကိုလက်ဆွဲနှုတ်ဆက်ဖို့စောင့်ဆိုင်းနေပေမယ့်အာဂျင်တီးနားနည်းပြကဥမင်လှိုဏ်ခေါင်းသို့ဆင်းသွားမှုနဲ့အတူ လက်ဆွဲမနှုတ်ဆက်ခဲ့ရပါဘူး။ဒါပေမယ့်လည်းကလော့ပ်ဟာဆီမြွန်နီကို လက်မထောင်ပြကာစောင့်ဆိုင်းနေခဲ့တာကိုလည်းတွေ့ရပါတယ်။ကလော့ပ်ဟာလက်ဆွဲနှုတ်မဆက်ခဲ့တဲ့ ဒီယေဂိုဆီမြွန်နီကိုဒေါသထွက်ကာလက်ညှိုးထိုးနေခဲ့တာလည်းတွေ့ရပါတယ်။

ပရိသတ်အချို့တို့ကဆီမြွန်နီဟာဘယ်လိုရလဒ်ဘဲထွက်ပါစေပွဲပြီးတိုင်း ဥမင်လှိုဏ်ခေါင်းသို့စောစောစီးစီးပြေးဆင်းသွားတတ်ပြီးကလော့ပ်ကိုတမင်လက်ဆွဲနှုတ်မဆက်ခဲ့တာမဟုတ်ဘူးလို့ဆိုနေကြပါတယ်။

လီဗာပူးဟာအက်သလက်တီကိုနိုင်ပွဲကြောင့်ချန်ပီယံလိဂ်သုံးပွဲကစားပြီးချိန်မှာရမှတ်၉မှတ်ရရှိထားကာနောက်တစ်ဆင့်တက်ဖို့သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

ZawGyi

ဥမင္လႈိဏ္ေခါင္းသို႔ ေျပးဝင္ကာ လက္ဆြဲမႏႈတ္ဆက္ခဲ့တဲ့ ဆီႁမြန္နီကို လက္မေထာင္ၿပီးတုံ႔ျပန္ခဲ့တဲ့ ကေလာ့ပ္

မေန႔ညတုန္းက Wanda Metropolitano ကြင္းမွာအက္သလက္တီကိုႏွင့္လီဗာပူးတို႔ရဲ႕ပြဲကအႀကိတ္အနယ္ရွိခဲ့ၿပီးႀကိဳးၾကာနီတို႔အႀကီးအက်ယ္တိုက္ပြဲဝင္ကာ၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

လီဗာပူးဟာမိုဟာမက္ဆာလက္ႏွင့္နာဘီးကီတာတို႔သြင္းယူတဲ့ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္းဂရက္ဇ္မန္းႏွင့္ေခ်ပဂိုးႏွစ္ဂိုးေၾကာင့္ႏွစ္ဂိုးစီသေရက်ေနခဲ့ပါတယ္။ဒါေပမယ့္ဆာလက္က၃-၂ျဖစ္ေစမယ့္ဂိုးကိုပင္နယ္တီကေနသြင္းယူခဲ့ပါတယ္။

ယင္းေနာက္တြင္အက္သလက္တီကိုဟာဂ်ီမီနက္ဇ္ကိုဂ်ိဳတာကလူခ်ကစားလို႔ပင္နယ္တီရခဲ့ေပမယ့္ VAR ဆုံးျဖတ္ခ်က္ေၾကာင့္ပင္နယ္တီမရခဲ့ပါဘူး။

ပြဲၿပီးခရာမႈတ္ခ်ိန္မွာဒီေယဂိုဆီႁမြန္နီဟာဥမင္လႈိဏ္ေခါင္းအတြင္းသို႔ေျပးဆင္းသြားခဲ့ပါတယ္။အားလုံးကဆီႁမြန္နီဟာအရႈံးကိုေဒါသထြက္ကာကေလာ့ပ္ကိုလက္ဆြဲမႏႈတ္ဆက္ခ်င္လို႔ ေျပးဆင္းသြားတာလို႔ယုံၾကည္ေနၾကပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပကေလာ့ပ္ဟာပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္မွာဆီႁမြန္နီကိုလက္ဆြဲႏႈတ္ဆက္ဖို႔ေစာင့္ဆိုင္းေနေပမယ့္အာဂ်င္တီးနားနည္းျပကဥမင္လႈိဏ္ေခါင္းသို႔ဆင္းသြားမႈနဲ႔အတူ လက္ဆြဲမႏႈတ္ဆက္ခဲ့ရပါဘူး။ဒါေပမယ့္လည္းကေလာ့ပ္ဟာဆီႁမြန္နီကို လက္မေထာင္ျပကာေစာင့္ဆိုင္းေနခဲ့တာကိုလည္းေတြ႕ရပါတယ္။ကေလာ့ပ္ဟာလက္ဆြဲႏႈတ္မဆက္ခဲ့တဲ့ ဒီေယဂိုဆီႁမြန္နီကိုေဒါသထြက္ကာလက္ညႇိဳးထိုးေနခဲ့တာလည္းေတြ႕ရပါတယ္။

ပရိသတ္အခ်ိဳ႕တို႔ကဆီႁမြန္နီဟာဘယ္လိုရလဒ္ဘဲထြက္ပါေစပြဲၿပီးတိုင္း ဥမင္လႈိဏ္ေခါင္းသို႔ေစာေစာစီးစီးေျပးဆင္းသြားတတ္ၿပီးကေလာ့ပ္ကိုတမင္လက္ဆြဲႏႈတ္မဆက္ခဲ့တာမဟုတ္ဘူးလို႔ဆိုေနၾကပါတယ္။

လီဗာပူးဟာအက္သလက္တီကိုႏိုင္ပြဲေၾကာင့္ခ်န္ပီယံလိဂ္သုံးပြဲကစားၿပီးခ်ိန္မွာရမွတ္၉မွတ္ရရွိထားကာေနာက္တစ္ဆင့္တက္ဖို႔ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။