
ခရစ္စတီယာနိုရော်နယ်ဒိုဟာတနင်္လာနေ့ညတုန်းကဥရုဂွေးကိုပေါ်တူဂီက၂-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးကိုသူ့ဂိုးအဖြစ်သတ်မှတ်နိုင်ရေးအတွက်ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။
ပေါ်တူဂီဟာတနင်္လာနေ့ညတုန်းကကမ္ဘာ့ဖလားအုပ်စု(ဇ)တွင်နှစ်ပွဲဆက်နိုင်ပွဲရရှိပြီးနောက်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ဖာနန်ဒိုဆန်းတို့စ်ရဲ့အသင်းရဲ့ဘရူနိုဖာနန်ဒက်စ်ရဲ့ဖြတ်တင်ဘောဂိုးပေါက်ထဲသို့တိုက်ရိုက်ဝင်သွားပြီးနောက်ဦးဆောင်ဂိုးရခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဘရူနိုဖာနန်ဒက်စ်ရဲ့ဖြတ်တင်ဘောကိုခေါင်းတိုက်ရန်ကြိုးပမ်းခဲ့ပြီးဂိုးဝင်သွားပြီးနောက်သူဂိုးသွင်းခဲ့တဲ့ပုံမျိုးဖြင့်အောင်ပွဲခံခဲ့ပါတယ်။
ဒါပေမဲ့ဖီဖာကယင်းဂိုးကိုခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဘောလုံးမထိခဲ့ဘူးလို့ယုံကြည်မှုနှင့်အတူဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးအဖြစ်သာသတ်မှတ်ပေးခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဖာနန်ဒက်စ်ရဲ့ဖြတ်တင်ဘောကိုခေါင်းတိုက်ရာကြိုးပမ်းခဲ့ရာတွင်ဆံပင်ဖြင့်သာဘောလုံးကိုထိခဲ့တာတွေ့ရပါတယ်။
ယူနိုက်တက်ကွင်းလယ်ကစားသမားဟာပွဲပြီးခါနီးအချိန်တွင်ပေါ်တူဂီအတွက်အနိုင်သေချာစေမဲ့ဂိုးကိုပင်နယ်တီမှတဆင့်ထပ်မံသွင်းယူခဲ့ပါတယ်။
ပွဲပြီးချိန်တွင်ဘရူနိုဖာနန်ဒက်စ်ကသူ့ရဲ့ပထမဂိုးကိုခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးအဖြစ်သတ်မှတ်ပါကလည်းပြဿနာမရှိကြောင်းနှင့်အရေးအကြီးဆုံးမှာအသင်းနိုင်ပွဲရရှိကာနောက်တဆင့်သို့တက်ရောက်ရေးသာဖြစ်ကြောင်းဆိုသွားပါတယ်။
ဒါပေမဲ့အသက်၃၇နှစ်ရှိပေါ်တူဂီအသင်းခေါင်းဆောင်ဟာပွဲပြီးချိန်တွင်ပွဲတာဝန်ရှိသူများထံသို့သွားရောက်ပြီးဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးကိုသူ့ဂိုးအဖြစ်သတ်မှတ်ပေးရန် ပွဲတာဝန်ရှိသူများထံသို့သွားရောက်ဆွေးနွေးကြိုးပမ်းခဲ့တာတွေ့ရပါတယ်။
ဒါ့အပြင်ဖီဖာဟာအင်္ဂါနေ့တွင်လည်းယင်းဂိုးအားနည်းပညာဆိုင်ရာဖြင့်ဆက်လက်စစ်ဆေးမှုပြုလုပ်ကာဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးအဖြစ်ပင်ဆက်လက်သတ်မှတ်ပေးခဲ့ပါတယ်။
ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့တက်ရောက်သွားပြီဖြစ်တဲ့ပေါ်တူဂီဟာလာမယ့်သောကြာနေ့မှာကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲအဖြစ်တောင်ကိုရီးယားနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
ဥ႐ုေဂြးႏိုင္ပြဲအၿပီးတြင္ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဂိုးကို ျပန္လည္ရယူႏိုင္ေရးအတြက္ ခရစၥတီယာႏိုေရာ္နယ္ဒိုႀကိဳးပမ္းခဲ့
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာတနလၤာေန႔ညတုန္းကဥ႐ုေဂြးကိုေပၚတူဂီက၂-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဂိုးကိုသူ႔ဂိုးအျဖစ္သတ္မွတ္ႏိုင္ေရးအတြက္ႀကိဳးပမ္းခဲ့တာေတြ႕ရပါတယ္။
ေပၚတူဂီဟာတနလၤာေန႔ညတုန္းကကမာၻ႔ဖလားအုပ္စု(ဇ)တြင္ႏွစ္ပြဲဆက္ႏိုင္ပြဲရရွိၿပီးေနာက္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
ဖာနန္ဒိုဆန္းတို႔စ္ရဲ႕အသင္းရဲ႕ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ျဖတ္တင္ေဘာဂိုးေပါက္ထဲသို႔တိုက္႐ိုက္ဝင္သြားၿပီးေနာက္ဦးေဆာင္ဂိုးရခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ျဖတ္တင္ေဘာကိုေခါင္းတိုက္ရန္ႀကိဳးပမ္းခဲ့ၿပီးဂိုးဝင္သြားၿပီးေနာက္သူဂိုးသြင္းခဲ့တဲ့ပုံမ်ိဳးျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။
ဒါေပမဲ့ဖီဖာကယင္းဂိုးကိုခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေဘာလုံးမထိခဲ့ဘူးလို႔ယုံၾကည္မႈႏွင့္အတူဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဂိုးအျဖစ္သာသတ္မွတ္ေပးခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဖာနန္ဒက္စ္ရဲ႕ျဖတ္တင္ေဘာကိုေခါင္းတိုက္ရာႀကိဳးပမ္းခဲ့ရာတြင္ဆံပင္ျဖင့္သာေဘာလုံးကိုထိခဲ့တာေတြ႕ရပါတယ္။
ယူႏိုက္တက္ကြင္းလယ္ကစားသမားဟာပြဲၿပီးခါနီးအခ်ိန္တြင္ေပၚတူဂီအတြက္အႏိုင္ေသခ်ာေစမဲ့ဂိုးကိုပင္နယ္တီမွတဆင့္ထပ္မံသြင္းယူခဲ့ပါတယ္။
ပြဲၿပီးခ်ိန္တြင္ဘ႐ူႏိုဖာနန္ဒက္စ္ကသူ႔ရဲ႕ပထမဂိုးကိုခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးအျဖစ္သတ္မွတ္ပါကလည္းျပႆနာမရွိေၾကာင္းႏွင့္အေရးအႀကီးဆုံးမွာအသင္းႏိုင္ပြဲရရွိကာေနာက္တဆင့္သို႔တက္ေရာက္ေရးသာျဖစ္ေၾကာင္းဆိုသြားပါတယ္။
ဒါေပမဲ့အသက္၃၇ႏွစ္ရွိေပၚတူဂီအသင္းေခါင္းေဆာင္ဟာပြဲၿပီးခ်ိန္တြင္ပြဲတာဝန္ရွိသူမ်ားထံသို႔သြားေရာက္ၿပီးဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဂိုးကိုသူ႔ဂိုးအျဖစ္သတ္မွတ္ေပးရန္ ပြဲတာဝန္ရွိသူမ်ားထံသို႔သြားေရာက္ေဆြးေႏြးႀကိဳးပမ္းခဲ့တာေတြ႕ရပါတယ္။
ဒါ့အျပင္ဖီဖာဟာအဂၤါေန႔တြင္လည္းယင္းဂိုးအားနည္းပညာဆိုင္ရာျဖင့္ဆက္လက္စစ္ေဆးမႈျပဳလုပ္ကာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဂိုးအျဖစ္ပင္ဆက္လက္သတ္မွတ္ေပးခဲ့ပါတယ္။
ကမာၻ႔ဖလားရႈံးထြက္အဆင့္သို႔တက္ေရာက္သြားၿပီျဖစ္တဲ့ေပၚတူဂီဟာလာမယ့္ေသာၾကာေန႔မွာကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲအျဖစ္ေတာင္ကိုရီးယားႏွင့္ရင္ဆိုင္ကစားရပါမယ္။