ဥရုဂွေးနှင့်ပွဲမှ ပေါ်တူဂီရဲ့ဦးဆောင်ဂိုးတွင် ခရစ္စတီယာနိုရော်နယ်ဒိုခေါင်းတိုက်ခဲ့ကြောင်း သက်သေပြလာကြတဲ့ ပရိသတ်များ

ဥရုဂွေးနှင့်ပွဲစဉ်တုန်းကပေါ်တူဂီရဲ့အဖွင့်ဂိုးတွင်ခရစ္စတီယာနိုရော်နယ်ဒိုမှာဘောလုံးနဲ့ထိခဲ့ကြောင်းပရိသတ်များကဓာတ်ပုံများနှင့်သက်သေထူလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဘရူနိုဖာနန်ဒက်စ်ရဲ့ဖြတ်တင်ဘောကနေခေါင်းခုန်တိုက်ပြီးနောက်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

သူဟာသူဂိုးသွင်းနိုင်ခဲ့တဲ့ပုံမျိုးဖြင့်အောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဖီဖာကတော့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးအဖြစ်မသတ်မှတ်ဘဲဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးအဖြစ်သာသတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုမှာပေါ်တူဂီအတွက်တစ်ရာမြောက် ပြိုင်ပွဲဂိုးနှင့်လွဲခဲ့ရပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပရိသတ်များဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးအဖြစ်သတ်မှတ်ပေးသင့်ကြောင်းကိုဓာတ်ပုံသက်သေများတင်အွန်လိုင်းမှာတင်နေကြပါတယ်။

ပရိသတ်များအွန်လိုင်းတွင်တက်လာတဲ့ဓာတ်ပုံများအရခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဆံပင်ကဘောလုံးနဲ့ထိခဲ့တာတွေ့ရပါတယ်။

အချို့ကလည်းခရစ္စတီယာနိုရော်နယ်ဒိုကို Hair Of God ဆိုပြီးတော့လှောင်ပြောင်မှုပြုလုပ်နေကြပါတယ်။

ပွဲအပြီးတွင်ဘရူနိုဖာနန်ဒက်စ်ကလည်း “ဘယ်သူဂိုးသွင်းတယ်ဆိုတာကအရေးမကြီးဘူး။အဲဒီတုန်းကကျွန်တော်ကတော့ခရစ္စတီယာနိုကကျွန်တော့်ဖြတ်တင်ဘောကိုထိသွားတယ်လို့ခံစားရတယ်။ခရစ္စတီယာနိုအတွက်ဖြတ်တင်ဘောပေးခဲ့တာပါ။ခရစ္စတီယာနိုဂိုးသွင်းတယ်ဆိုပြီးတော့ဘဲအောင်ပွဲခံခဲ့တယ်”လို့ပြောကြားသွားပါတယ်။

မနေ့ညတုန်းကပွဲစဉ်တွင်ပေါ်တူဂီဟာဘရူနိုဖာနန်ဒက်စ်ကနောက်ကျပင်နယ်တီဂိုးထပ်မံသွင်းယူခဲ့လို့ဥရုဂွေးကို၂-၀ဂိုးဖြင့်အနိုင်ရရှိပြီး၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားခဲ့ပါတယ်။

ZawGyi

ဥ႐ုေဂြးႏွင့္ပြဲမွ ေပၚတူဂီရဲ႕ဦးေဆာင္ဂိုးတြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုေခါင္းတိုက္ခဲ့ေၾကာင္း သက္ေသျပလာၾကတဲ့ ပရိသတ္မ်ား

ဥ႐ုေဂြးႏွင့္ပြဲစဥ္တုန္းကေပၚတူဂီရဲ႕အဖြင့္ဂိုးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုမွာေဘာလုံးနဲ႔ထိခဲ့ေၾကာင္းပရိသတ္မ်ားကဓာတ္ပုံမ်ားႏွင့္သက္ေသထူလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ျဖတ္တင္ေဘာကေနေခါင္းခုန္တိုက္ၿပီးေနာက္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

သူဟာသူဂိုးသြင္းႏိုင္ခဲ့တဲ့ပုံမ်ိဳးျဖင့္ေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမဲ့ဖီဖာကေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးအျဖစ္မသတ္မွတ္ဘဲဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဂိုးအျဖစ္သာသတ္မွတ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုမွာေပၚတူဂီအတြက္တစ္ရာေျမာက္ ၿပိဳင္ပြဲဂိုးႏွင့္လြဲခဲ့ရပါတယ္။

ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပရိသတ္မ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးအျဖစ္သတ္မွတ္ေပးသင့္ေၾကာင္းကိုဓာတ္ပုံသက္ေသမ်ားတင္အြန္လိုင္းမွာတင္ေနၾကပါတယ္။

ပရိသတ္မ်ားအြန္လိုင္းတြင္တက္လာတဲ့ဓာတ္ပုံမ်ားအရခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဆံပင္ကေဘာလုံးနဲ႔ထိခဲ့တာေတြ႕ရပါတယ္။

အခ်ိဳ႕ကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုကို Hair Of God ဆိုၿပီးေတာ့ေလွာင္ေျပာင္မႈျပဳလုပ္ေနၾကပါတယ္။

ပြဲအၿပီးတြင္ဘ႐ူႏိုဖာနန္ဒက္စ္ကလည္း “ဘယ္သူဂိုးသြင္းတယ္ဆိုတာကအေရးမႀကီးဘူး။အဲဒီတုန္းကကြၽန္ေတာ္ကေတာ့ခရစၥတီယာႏိုကကြၽန္ေတာ့္ျဖတ္တင္ေဘာကိုထိသြားတယ္လို႔ခံစားရတယ္။ခရစၥတီယာႏိုအတြက္ျဖတ္တင္ေဘာေပးခဲ့တာပါ။ခရစၥတီယာႏိုဂိုးသြင္းတယ္ဆိုၿပီးေတာ့ဘဲေအာင္ပြဲခံခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

မေန႔ညတုန္းကပြဲစဥ္တြင္ေပၚတူဂီဟာဘ႐ူႏိုဖာနန္ဒက္စ္ကေနာက္က်ပင္နယ္တီဂိုးထပ္မံသြင္းယူခဲ့လို႔ဥ႐ုေဂြးကို၂-၀ဂိုးျဖင့္အႏိုင္ရရွိၿပီး၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားခဲ့ပါတယ္။