ဥရုဂွေးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အား ဒူးဒဏ်ရာကြောင့် မက်ဆီ လွဲချော်လွဲချော်နိုင်

ပီအက်စ်ဂျီစူပါစတားလီယွန်နယ်မက်ဆီဟာနိုင်ငံတကာပွဲကစားရန်လက်ရွေးစင်အသင်းနှင့်ပူးပေါင်းစဉ်အတွင်းဒဏ်ရာနှင့်ကြုံလာရပါတယ်။

TNT Sports ရဲ့ဖော်ပြချက်အရလီယွန်နယ်မက်ဆီဟာမန်စီးတီးနှင့်ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီတုန်းကကြုံခဲ့ရတဲ့ဘယ်ဖက်ဒူးဒဏ်ရာနေရာမှပင်နာကျင်လာခဲ့တာဖြစ်ကြောင်းသိရပါတယ်။

Ballon d’Or ဆုကိုခြောက်ကြိမ်ရအာဂျင်တီးနားအသင်းခေါင်းဆောင်ဟာယင်းဒဏ်ရာပြဿနာကြောင့်မနက်ဖြန်မနက်၆နာရီတွင်ဥရုဂွေးနှင့်ရင်ဆိုင်ကစားရမယ့်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေပါတယ်။

ဒါ့အပြင်သူဟာလာမယ့်ကြာသပတေးနေ့တွင်ပီရူးနှင့်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်လည်းပါဝင်ရန်မသေချာပါဘူး။

အာဂျင်တီးနားစူပါစတားဟာအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားပြိုင်ပွဲကစားခဲ့ရမှုနဲ့အတူရာသီကြိုခြေစမ်းပွဲကောင်းကောင်းမလုပ်ခဲ့ရမှုနဲ့အတူပီအက်စ်ဂျီသို့ပြောင်းပြီးနောက်ပွဲကစားနိုင်ရန်ကြံ့ခိုင်မှုပြည့်ဝရေးအချိန်များစွာယူခဲ့ရပါတယ်။

ZawGyi

ဥ႐ုေဂြးႏွင့္ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္အား ဒူးဒဏ္ရာေၾကာင့္ မက္ဆီ လြဲေခ်ာ္လြဲေခ်ာ္ႏိုင္

ပီအက္စ္ဂ်ီစူပါစတားလီယြန္နယ္မက္ဆီဟာႏိုင္ငံတကာပြဲကစားရန္လက္ေ႐ြးစင္အသင္းႏွင့္ပူးေပါင္းစဥ္အတြင္းဒဏ္ရာႏွင့္ႀကဳံလာရပါတယ္။

TNT Sports ရဲ႕ေဖာ္ျပခ်က္အရလီယြန္နယ္မက္ဆီဟာမန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္မီတုန္းကႀကဳံခဲ့ရတဲ့ဘယ္ဖက္ဒူးဒဏ္ရာေနရာမွပင္နာက်င္လာခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

Ballon d’Or ဆုကိုေျခာက္ႀကိမ္ရအာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာယင္းဒဏ္ရာျပႆနာေၾကာင့္မနက္ျဖန္မနက္၆နာရီတြင္ဥ႐ုေဂြးႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနပါတယ္။

ဒါ့အျပင္သူဟာလာမယ့္ၾကာသပေတးေန႔တြင္ပီ႐ူးႏွင့္ကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲတြင္လည္းပါဝင္ရန္မေသခ်ာပါဘူး။

အာဂ်င္တီးနားစူပါစတားဟာအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားၿပိဳင္ပြဲကစားခဲ့ရမႈနဲ႔အတူရာသီႀကိဳေျခစမ္းပြဲေကာင္းေကာင္းမလုပ္ခဲ့ရမႈနဲ႔အတူပီအက္စ္ဂ်ီသို႔ေျပာင္းၿပီးေနာက္ပြဲကစားႏိုင္ရန္ႀကံ့ခိုင္မႈျပည့္ဝေရးအခ်ိန္မ်ားစြာယူခဲ့ရပါတယ္။