ဥရုဂွေးဘောလုံးအဖွဲ့ချုပ်နှင့်ကစားသမားလေးဦးတို့ကို ဖီဖာစွဲချက်တင်လာ

ဖီဖာဟာဂါနှင့်ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှဖြစ်ရပ်အတွက်ဥရုဂွေးဘောလုံးအဖွဲ့ချုပ်နှင့်ကစားသမားလေးဦးတို့ကိုစွဲချက်တင်လာပါတယ်။

ဥရုဂွေးဟာအုပ်စုနောက်ဆုံးပွဲတွင်ဂါနာကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပေမဲ့အုပ်စုတတိယနေရာမှာသာရပ်တည်နိုင်ခဲ့ကာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပါတယ်။

ဂါနာကိုအနိုင်ရတဲ့ပွဲအပြီးတွင်ဂါနာကစားသမားများဟာပင်နယ်တီမပေးခဲ့မှုအတွက်ဒိုင်လူကြီးနှင့်စည်းကြပ်ဒိုင်များကိုဝိုင်းဝန်းစောဒကတက်ခဲ့ကြပါတယ်။

ဖီဖာဟာဟိုဆေးမာရီယာဂျီမီနက်ဇ်၊အက်ဒီဆင်ကာဗာနီ၊မူဆလီရာနှင့်ဂိုဒန်တို့အားအပြုအမူပိုင်းနှင့်လုပ်ဆောင်မှုများအတွက်စွဲချက်တင်ခြင်းခံလာရပါတယ်။

ဒါ့အပြင်ဥရုဂွေးဘောလုံးအဖွဲ့ချုပ်မှာလည်းကစားသမားများကဲ့သို့ပင်စည်းမျဉ်းချိုးဖောက်မှုအတွက်စွဲချက်တင်ခံလာရပါတယ်။

အဆိုပါပွဲအပြီးတွင်အက်ဒီဆင်ကာဗာနီဟာဥမင်လှိုဏ်ခေါင်းသို့ဝင်ရာလမ်းတွင် VAR Monitor ကိုထိုးလှဲခဲ့တာတွေ့ရပါတယ်။ဒါ့အပြင်ဂျီမီနက်ဇ်မှာလည်းဖီဖာဒါရိုက်တာတစ်ဦးကိုတံတောင်ဖြင့်တွက်ခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင်ဖီဖာဟာဆွစ်ဇာလန်ကို၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှဆားဘီးယားပရိသတ်များရဲ့နိုင်ငံရေးနှင့်သက်ဆိုင်တဲ့အော်ဟစ်မှု၊နာဇီအပြုအမူများပြုလုပ်မှုအတွက်ဆားဘီးယားကိုစွဲချက်တင်လာပါတယ်။

ဆားဘီးယားဟာဘရာဇီးကိုရှုံးနိမ့်တဲ့ပွဲအပြီးတွင်အငြင်းပွားဖွယ်ကိုဆိုဗိုမြေပုံပါအလံကိုအဝတ်အစားလဲခန်းတွင်ချိတ်ထားမှုအတွက်ဖီဖာရဲ့စစ်ဆေးမှုလည်းခံထားရပြီးဖြစ်ပါတယ်။

ZawGyi

ဥ႐ုေဂြးေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ကစားသမားေလးဦးတို႔ကို ဖီဖာစြဲခ်က္တင္လာ

ဖီဖာဟာဂါႏွင့္ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲစဥ္မွျဖစ္ရပ္အတြက္ဥ႐ုေဂြးေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ကစားသမားေလးဦးတို႔ကိုစြဲခ်က္တင္လာပါတယ္။

ဥ႐ုေဂြးဟာအုပ္စုေနာက္ဆုံးပြဲတြင္ဂါနာကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ေပမဲ့အုပ္စုတတိယေနရာမွာသာရပ္တည္ႏိုင္ခဲ့ကာကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရပါတယ္။

ဂါနာကိုအႏိုင္ရတဲ့ပြဲအၿပီးတြင္ဂါနာကစားသမားမ်ားဟာပင္နယ္တီမေပးခဲ့မႈအတြက္ဒိုင္လူႀကီးႏွင့္စည္းၾကပ္ဒိုင္မ်ားကိုဝိုင္းဝန္းေစာဒကတက္ခဲ့ၾကပါတယ္။

ဖီဖာဟာဟိုေဆးမာရီယာဂ်ီမီနက္ဇ္၊အက္ဒီဆင္ကာဗာနီ၊မူဆလီရာႏွင့္ဂိုဒန္တို႔အားအျပဳအမူပိုင္းႏွင့္လုပ္ေဆာင္မႈမ်ားအတြက္စြဲခ်က္တင္ျခင္းခံလာရပါတယ္။

ဒါ့အျပင္ဥ႐ုေဂြးေဘာလုံးအဖြဲ႕ခ်ဳပ္မွာလည္းကစားသမားမ်ားကဲ့သို႔ပင္စည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္စြဲခ်က္တင္ခံလာရပါတယ္။

အဆိုပါပြဲအၿပီးတြင္အက္ဒီဆင္ကာဗာနီဟာဥမင္လႈိဏ္ေခါင္းသို႔ဝင္ရာလမ္းတြင္ VAR Monitor ကိုထိုးလွဲခဲ့တာေတြ႕ရပါတယ္။ဒါ့အျပင္ဂ်ီမီနက္ဇ္မွာလည္းဖီဖာဒါ႐ိုက္တာတစ္ဦးကိုတံေတာင္ျဖင့္တြက္ခဲ့တာေတြ႕ရပါတယ္။

ဒါ့အျပင္ဖီဖာဟာဆြစ္ဇာလန္ကို၃-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွဆားဘီးယားပရိသတ္မ်ားရဲ႕ႏိုင္ငံေရးႏွင့္သက္ဆိုင္တဲ့ေအာ္ဟစ္မႈ၊နာဇီအျပဳအမူမ်ားျပဳလုပ္မႈအတြက္ဆားဘီးယားကိုစြဲခ်က္တင္လာပါတယ္။

ဆားဘီးယားဟာဘရာဇီးကိုရႈံးနိမ့္တဲ့ပြဲအၿပီးတြင္အျငင္းပြားဖြယ္ကိုဆိုဗိုေျမပုံပါအလံကိုအဝတ္အစားလဲခန္းတြင္ခ်ိတ္ထားမႈအတြက္ဖီဖာရဲ႕စစ္ေဆးမႈလည္းခံထားရၿပီးျဖစ္ပါတယ္။