ဥရုဂွေးလက်ရွေးစင်ကစားသမားဘဝကို ကယ်တင်ဖို့ ဇန်နဝါရီတွင် မန်ယူမှ ထွက်ခွာဖို့ လိုအပ်နေတဲ့ ကာဗာနီ

အက်ဒီဆင်ကာဗာနီဟာသူ့ရဲ့လက်ရွေးစင်ကစားသမားဘဝကိုကယ်တင်နိုင်ဖို့အတွက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်မန်ချက်စတာယူနိုက်တက်မှထွက်ခွာဖို့လိုအပ်နေပြီဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာယခုဘောလုံးရာသီတွင်မန်ယူအတွက်ပရီးမီးယားလိဂ်တွင်၁၀၄မိနစ်တည်းသာကစားခွင့်ရရှိထားမှုနဲ့အတူဥရုဂွေးရဲ့နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲများတွင်အရန်ခုံတွင်ထိုင်လာရပါတယ်။

ကာဗာနီဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူမန်ယူတွင်ကစားခွင့်ရရှိရန်အလွန်နည်းပါးလာတာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဥရုဂွေးလက်ရွေးစင်ဟောင်းဂပ်စ်ပိုယက်က ကာဗာနီအနေဖြင့်အသင်းပြောင်းရန်လိုအပ်နေပြီလို့ပြောကြားလာပါတယ်။

ဆန်းဒါးလန်းနည်းပြဟောင်းက “သူကိုကကံဆိုးတာပါ။ရော်နယ်ဒိုမရောက်လာခင်တုန်းကအဓိကတိုက်စစ်မှူးအဖြစ်ကစားခွင့်ရလာခဲ့တာပါ။ဂျူဗင်တပ်၊မန်စီးတီးတို့ရဲ့ဆုံးဖြတ်ချက်တွေကကာဗာနီအပေါ်မှာထိခိုက်လာခဲ့တယ်။ဇန်နဝါရီမှာသူအသင်းပြောင်းဖို့လိုနေပါတယ်။သူ့စိတ်ထဲမယ်ဘယ်လိုရှိမလဲမသိပါဘူး။အခုအပြင်ကနေ ပြောရမယ်ဆိုရင်သူဟာကလပ်မှာကစားခွင့်မရလို့လက်ရွေးစင်မှာလည်းမိနစ်၉၀ပြည့်မကစားရတော့ပါဘူး”လို့ပြောကြားသွားပါတယ်။

အသက်၃၄နှစ်ရှိကာဗာနီဟာမန်ယူအတွက်ကစားတဲ့ပထမဆုံးရာသီတွင်၃၉ပွဲကစားခဲ့ရာမှာ၁၇ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာနွေရာသီမှာရော်နယ်ဒိုရောက်လာပြီးနောက်သူ့ရဲ့ကျောနံပါတ်၇ကိုလွဲပြောင်းပေးခဲ့ရသလိုပွဲကစားခွင့်လည်းနည်းပါးလာခဲ့ပါတယ်။

မကြာသေးမီကအင်တာဗျူးတစ်ခုမှာတော့ကာဗာနီကမန်ယူတွင်နေရာရရှိရေးအတွက်မလျှော့သောဇွဲဖြင့်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုထားပါတယ်။

ZawGyi

ဥ႐ုေဂြးလက္ေ႐ြးစင္ကစားသမားဘဝကို ကယ္တင္ဖို႔ ဇန္နဝါရီတြင္ မန္ယူမွ ထြက္ခြာဖို႔ လိုအပ္ေနတဲ့ ကာဗာနီ

အက္ဒီဆင္ကာဗာနီဟာသူ႔ရဲ႕လက္ေ႐ြးစင္ကစားသမားဘဝကိုကယ္တင္ႏိုင္ဖို႔အတြက္ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မန္ခ်က္စတာယူႏိုက္တက္မွထြက္ခြာဖို႔လိုအပ္ေနၿပီျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာယခုေဘာလုံးရာသီတြင္မန္ယူအတြက္ပရီးမီးယားလိဂ္တြင္၁၀၄မိနစ္တည္းသာကစားခြင့္ရရွိထားမႈနဲ႔အတူဥ႐ုေဂြးရဲ႕ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲမ်ားတြင္အရန္ခုံတြင္ထိုင္လာရပါတယ္။

ကာဗာနီဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူမန္ယူတြင္ကစားခြင့္ရရွိရန္အလြန္နည္းပါးလာတာလည္းျဖစ္ပါတယ္။ဒါေၾကာင့္လည္းဥ႐ုေဂြးလက္ေ႐ြးစင္ေဟာင္းဂပ္စ္ပိုယက္က ကာဗာနီအေနျဖင့္အသင္းေျပာင္းရန္လိုအပ္ေနၿပီလို႔ေျပာၾကားလာပါတယ္။

ဆန္းဒါးလန္းနည္းျပေဟာင္းက “သူကိုကကံဆိုးတာပါ။ေရာ္နယ္ဒိုမေရာက္လာခင္တုန္းကအဓိကတိုက္စစ္မႉးအျဖစ္ကစားခြင့္ရလာခဲ့တာပါ။ဂ်ဴဗင္တပ္၊မန္စီးတီးတို႔ရဲ႕ဆုံးျဖတ္ခ်က္ေတြကကာဗာနီအေပၚမွာထိခိုက္လာခဲ့တယ္။ဇန္နဝါရီမွာသူအသင္းေျပာင္းဖို႔လိုေနပါတယ္။သူ႔စိတ္ထဲမယ္ဘယ္လိုရွိမလဲမသိပါဘူး။အခုအျပင္ကေန ေျပာရမယ္ဆိုရင္သူဟာကလပ္မွာကစားခြင့္မရလို႔လက္ေ႐ြးစင္မွာလည္းမိနစ္၉၀ျပည့္မကစားရေတာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အသက္၃၄ႏွစ္ရွိကာဗာနီဟာမန္ယူအတြက္ကစားတဲ့ပထမဆုံးရာသီတြင္၃၉ပြဲကစားခဲ့ရာမွာ၁၇ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာေႏြရာသီမွာေရာ္နယ္ဒိုေရာက္လာၿပီးေနာက္သူ႔ရဲ႕ေက်ာနံပါတ္၇ကိုလြဲေျပာင္းေပးခဲ့ရသလိုပြဲကစားခြင့္လည္းနည္းပါးလာခဲ့ပါတယ္။

မၾကာေသးမီကအင္တာဗ်ဴးတစ္ခုမွာေတာ့ကာဗာနီကမန္ယူတြင္ေနရာရရွိေရးအတြက္မေလွ်ာ့ေသာဇြဲျဖင့္ဆက္လက္တိုက္ပြဲဝင္သြားမယ္လို႔ဆိုထားပါတယ္။