ဥရုဂွေးအား ၃-၀ ဖြင့် အနိုင်ရရှိတဲ့ပွဲမှာ ဂိုးမသွင်းဘဲ ဂိုးတစ်ဂိုးရရှိပြီး သမိုင်းမှတ်တိုင်စိုက်ထူခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာကစားသမားဘဝတစ်လျှောက်မှာမဖြစ်နိုင်တဲ့ဂိုးများအပါအဝင်အံ့ဩဆန်းပြားလှတဲ့ဂိုးပေါင်းများစွာကိုသွင်းယူလာခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

Ballon d’Or ဆုကိုခြောက်ကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့ဖူးတဲ့မက်ဆီဟာကြီးကျယ်ခမ်းနားလှတဲ့သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာအံ့ဩဆန်းပြားလှတဲ့အခိုက်အတန့်ပေါင်းများစွာကိုဖန်တီးလာခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ယနေ့နံနက်ပိုင်းတုန်းကဥရုဂွေးနှင့်ပွဲစဉ်မှာတော့သူဟာမရည်ရွယ်ဘဲ ဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။ဟုတ်ပါတယ်။မက်ဆီဟာဘောလုံးပေးပို့လိုက်ရာကနေဂိုးတစ်ဂိုးရရှိခဲ့တာပါ။

အသက်၃၄နှစ်ရှိအာဂျင်တီးနားအသင်းခေါင်းဆောင်ဟာဧရိယာအပြင်ကနေ ဘယ်ခြေဖြင့်အသာကော်မပြီးဧရိယာအတွင်းသို့ချပေးခဲ့ပါတယ်။မက်ဆီတင်ပေးလိုက်တဲ့ဘောလုံးကိုကစားဖော်နီကိုလပ်စ်ဂွန်ဇာလက်ကပိတ်သွင်းဖို့ကြိုးစားသလိုဥရုဂွေးဂိုးသမားကလည်းကာကွယ်ခဲ့ပေမယ့်ဘယ်သူနဲ့မှမထိဘဲဂိုးပေါက်သို့တန်းတန်းမတ်မတ်ဝင်သွားခဲ့ပါတယ်။

ယင်းဂိုးဟာလီယွန်နယ်မက်ဆီရဲ့အာဂျင်တီးနားအတွက်ဂိုး၈၀မြောက်ဂိုးလည်းဖြစ်ပါတယ်။မက်ဆီဟာယင်းဂိုးကြောင့်တောင်အမေရိကမှာလက်ရွေးစင်ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးလာနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအတွက်ကျန်အနိုင်ဂိုးနှစ်ဂိုးကိုရိုဒရီဂိုဒီပေါလ်နှင့်မာတီနက်ဇ်တို့ကသွင်းယူခဲ့ကြပါတယ်။အာဂျင်တီးနားဟာဥရုဂွေးနိုင်ပွဲကြောင့်တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာပွဲစဉ်၁၀အပြီးမှာရမှတ်၂၂မှတ်ဖြင့်ဒုတိယနေရာမှာရပ်တည်နေပြီးထိပ်ဆုံးမှဘရာဇီးနှင့်ရမှတ်၆မှတ်ကွာဟနေပါတယ်။

ZawGyi

ဥ႐ုေဂြးအား ၃-၀ ျဖင့္ အႏိုင္ရရွိတဲ့ပြဲမွာ ဂိုးမသြင္းဘဲ ဂိုးတစ္ဂိုးရရွိၿပီး သမိုင္းမွတ္တိုင္စိုက္ထူခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာကစားသမားဘဝတစ္ေလွ်ာက္မွာမျဖစ္ႏိုင္တဲ့ဂိုးမ်ားအပါအဝင္အံ့ဩဆန္းျပားလွတဲ့ဂိုးေပါင္းမ်ားစြာကိုသြင္းယူလာခဲ့ဖူးတဲ့သူျဖစ္ပါတယ္။

Ballon d’Or ဆုကိုေျခာက္ႀကိမ္တိုင္တိုင္ဆြတ္ခူးခဲ့ဖူးတဲ့မက္ဆီဟာႀကီးက်ယ္ခမ္းနားလွတဲ့သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္မွာအံ့ဩဆန္းျပားလွတဲ့အခိုက္အတန႔္ေပါင္းမ်ားစြာကိုဖန္တီးလာခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ယေန႔နံနက္ပိုင္းတုန္းကဥ႐ုေဂြးႏွင့္ပြဲစဥ္မွာေတာ့သူဟာမရည္႐ြယ္ဘဲ ဂိုးတစ္ဂိုးရရွိခဲ့ပါတယ္။ဟုတ္ပါတယ္။မက္ဆီဟာေဘာလုံးေပးပို႔လိုက္ရာကေနဂိုးတစ္ဂိုးရရွိခဲ့တာပါ။

အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာဧရိယာအျပင္ကေန ဘယ္ေျချဖင့္အသာေကာ္မၿပီးဧရိယာအတြင္းသို႔ခ်ေပးခဲ့ပါတယ္။မက္ဆီတင္ေပးလိုက္တဲ့ေဘာလုံးကိုကစားေဖာ္နီကိုလပ္စ္ဂြန္ဇာလက္ကပိတ္သြင္းဖို႔ႀကိဳးစားသလိုဥ႐ုေဂြးဂိုးသမားကလည္းကာကြယ္ခဲ့ေပမယ့္ဘယ္သူနဲ႔မွမထိဘဲဂိုးေပါက္သို႔တန္းတန္းမတ္မတ္ဝင္သြားခဲ့ပါတယ္။

ယင္းဂိုးဟာလီယြန္နယ္မက္ဆီရဲ႕အာဂ်င္တီးနားအတြက္ဂိုး၈၀ေျမာက္ဂိုးလည္းျဖစ္ပါတယ္။မက္ဆီဟာယင္းဂိုးေၾကာင့္ေတာင္အေမရိကမွာလက္ေ႐ြးစင္ဂိုးအမ်ားဆုံးသြင္းယူႏိုင္သူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးလာႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားအတြက္က်န္အႏိုင္ဂိုးႏွစ္ဂိုးကို႐ိုဒရီဂိုဒီေပါလ္ႏွင့္မာတီနက္ဇ္တို႔ကသြင္းယူခဲ့ၾကပါတယ္။အာဂ်င္တီးနားဟာဥ႐ုေဂြးႏိုင္ပြဲေၾကာင့္ေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုမွာပြဲစဥ္၁၀အၿပီးမွာရမွတ္၂၂မွတ္ျဖင့္ဒုတိယေနရာမွာရပ္တည္ေနၿပီးထိပ္ဆုံးမွဘရာဇီးႏွင့္ရမွတ္၆မွတ္ကြာဟေနပါတယ္။