ဥရောပစူပါလိဂ်အတွက် လက်မလျှော့သေးတဲ့ စူပါလိဂ်သူပုန် ရီးရဲလ်၊ ဘာကာနှင့်ဂျူဗီ

ဥရောပစူပါလိဂ်သူပုန်များဖြစ်ကြတဲ့ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်တို့ဟာဥရောပစူပါလိဂ်စီမံကိန်းအတွက်လုံးဝလက်မလျှော့ကြသေးပါဘူး။

၎င်းတို့ဟာလာမယ့်တနင်္လာနေ့မှာဂျီနီဗာမှာဥရောပကလပ်များအဖွဲ့ချုပ်အစည်းအဝေးသို့ တမင်တကာမတက်ရောက်ဘဲနေကြပါတယ်။အဆိုပါအစည်းအဝေးသို့ဥရောပစူပါလိဂ်အစီအစဉ်မှနုတ်ထွက်ခဲ့ကြတဲ့ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းအပါအဝင်အခြားကလပ်များတက်ရောက်ကြပါမယ်။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့ဟာလန်ဒန်နှင့်ဘရပ်ဆဲလ်တို့တွင် ထိပ်သီး PR ကုမ္ပဏီတစ်ခုကိုငှားရမ်းထားပြီးသူတို့ရဲ့ဥရောပစူပါလိဂ်ဖြစ်မြောက်ရေးစီမံကိန်းကိုဆက်လက်လှုပ်ရှားနေပါတယ်။

၎င်းတို့ဟာပြီးခဲ့တဲ့ဧပြီလတုန်းကဥရောပစူပါလိဂ်ကျင်းပရန်ဦးဆောင်လုပ်ဆောင်မှုအတွက်ယူအီးအက်ဖ်အေရဲ့အရေးယူခြင်းခံရမယ့်အခြေအနေကြုံခဲ့ပေမယ့်အီးယူရဲ့လွတ်လပ်စွာယှဉ်ပြိုင်ရေးစည်းမျဉ်းကြောင့်လွတ်မြောက်ခဲ့ကြပါတယ်။

၎င်းတို့ကယူအီးအက်ဖ်အေဟာချန်ပီယံလိဂ်ပြိုင်ပွဲကိုလက်ဝါးကြီးအုပ်လုပ်ဆောင်နေပြီး၎င်းတို့အတွက်ငွေများစွာပိုမိုရရှိသင့်တဲ့ထိပ်တန်းလိဂ်တစ်ခုဖြစ်ပေါ်လာသင့်တယ်လို့ယုံကြည်နေကြပါတယ်။

ZawGyi

ဥေရာပစူပါလိဂ္အတြက္ လက္မေလွ်ာ့ေသးတဲ့ စူပါလိဂ္သူပုန္ ရီးရဲလ္၊ ဘာကာႏွင့္ဂ်ဴဗီ

ဥေရာပစူပါလိဂ္သူပုန္မ်ားျဖစ္ၾကတဲ့ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္တို႔ဟာဥေရာပစူပါလိဂ္စီမံကိန္းအတြက္လုံးဝလက္မေလွ်ာ့ၾကေသးပါဘူး။

၎တို႔ဟာလာမယ့္တနလၤာေန႔မွာဂ်ီနီဗာမွာဥေရာပကလပ္မ်ားအဖြဲ႕ခ်ဳပ္အစည္းအေဝးသို႔ တမင္တကာမတက္ေရာက္ဘဲေနၾကပါတယ္။အဆိုပါအစည္းအေဝးသို႔ဥေရာပစူပါလိဂ္အစီအစဥ္မွႏုတ္ထြက္ခဲ့ၾကတဲ့ပရီးမီးယားလိဂ္ထိပ္သီးေျခာက္သင္းအပါအဝင္အျခားကလပ္မ်ားတက္ေရာက္ၾကပါမယ္။

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔ဟာလန္ဒန္ႏွင့္ဘရပ္ဆဲလ္တို႔တြင္ ထိပ္သီး PR ကုမၸဏီတစ္ခုကိုငွားရမ္းထားၿပီးသူတို႔ရဲ႕ဥေရာပစူပါလိဂ္ျဖစ္ေျမာက္ေရးစီမံကိန္းကိုဆက္လက္လႈပ္ရွားေနပါတယ္။

၎တို႔ဟာၿပီးခဲ့တဲ့ဧၿပီလတုန္းကဥေရာပစူပါလိဂ္က်င္းပရန္ဦးေဆာင္လုပ္ေဆာင္မႈအတြက္ယူအီးအက္ဖ္ေအရဲ႕အေရးယူျခင္းခံရမယ့္အေျခအေနႀကဳံခဲ့ေပမယ့္အီးယူရဲ႕လြတ္လပ္စြာယွဥ္ၿပိဳင္ေရးစည္းမ်ဥ္းေၾကာင့္လြတ္ေျမာက္ခဲ့ၾကပါတယ္။

၎တို႔ကယူအီးအက္ဖ္ေအဟာခ်န္ပီယံလိဂ္ၿပိဳင္ပြဲကိုလက္ဝါးႀကီးအုပ္လုပ္ေဆာင္ေနၿပီး၎တို႔အတြက္ေငြမ်ားစြာပိုမိုရရွိသင့္တဲ့ထိပ္တန္းလိဂ္တစ္ခုျဖစ္ေပၚလာသင့္တယ္လို႔ယုံၾကည္ေနၾကပါတယ္။