ဥရောပတွင် ဆက်ကစားလိုမှုကြောင့် တကိုယ်တော်လေ့ကျင့်ခန်းဆင်းနေရပေမဲ့ အယ်ဟီလယ်ကို ပယ်ချမယ့် အူဘာမီယန်

အူဘာမီယန်ဟာဥရောပတွင်သာဆက်လက်ကစားလိုနေမှုနဲ့အတူ အယ်ဟီလယ်ကကမ်းလှမ်းလာမှုကိုပယ်ချသွားမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၃၂နှစ်ရှိအာဆင်နယ်တိုက်စစ်မှူးဟာစည်းကမ်းချိုးဖောက်မှုကြောင့်အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ်မှဖယ်ရှားခြင်းခံခဲ့ရတဲ့အပြင် ဒီဇင်ဘာလ၆ရက်နေ့ကတည်းကအာဆင်နယ်အတွက်ကစားခွင့်မရလာသူလည်းဖြစ်ပါတယ်။

ဆော်ဒီကလပ်အယ်ဟီလယ်ဟာအူဘာမီယန်ကိုရာသီအကုန်တွင်အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် အငှားဖြင့်ခေါ်ယူရန်ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။

ဒါပေမဲ့ The Athletic ရဲ့ဖော်ပြလာမှုအရဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာဥရောပထိပ်သီးကလပ်တစ်ခုတွင်သာဆက်လက်ကစားလိုနေပါတယ်။

လက်ရှိအချိန်တွင်အူဘာမီယန်ကိုခေါ်ယူရန်ပီအက်စ်ဂျီကစိတ်ဝင်စားကြောင်းပြသလာသော်လည်းသူ့ရဲ့တစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀ကအတားအဆီးဖြစ်နေပါတယ်။

အူဘာမီယန်ဟာကိုဗစ်ကူးစက်ခံရပြီးနောက်နှလုံးပြဿနာအနည်းငယ်ရှိမှုနဲ့အတူဂါဘွန်အသင်းမှနုတ်ထွက်လာခဲ့ရသူဖြစ်ပါတယ်။သူဟာအာဆင်နယ်နှင့်အတူပူးပေါင်းခွင့်မရသေးဘဲတကိုယ်တည်းလေ့ကျင့်ခန်းဆင်းမှုသာပြုလုပ်နေသူလည်းဖြစ်ပါတယ်။

အူဘာမီယန်ဟာ၂၀၁၈ခုနှစ်၊ဇန်နဝါရီတွင်ဒေါ့မွန်မှရောက်လာပြီးနောက်အာဆင်နယ်အတွက်၁၆၃ပွဲကစားထားရာမှာ၉၂ဂိုးသွင်းထားသူဖြစ်ပြီးယခုရာသီတွင်၁၅ပွဲကစားထားရာမှာ၇ဂိုးသွင်းထားပါတယ်။သူ့ရဲ့လက်ရှိစာချုပ်မှာ၂၀၂၃ခုနှစ်ကုန်ဆုံးမှာဖြစ်ပြီးသူ့အနာဂတ်မှာအာဆင်နယ်ရဲ့ဆုံးဖြတ်ချက်အပေါ်တွင်မူတည်နေပါတယ်။

ZawGyi

ဥေရာပတြင္ ဆက္ကစားလိုမႈေၾကာင့္ တကိုယ္ေတာ္ေလ့က်င့္ခန္းဆင္းေနရေပမဲ့ အယ္ဟီလယ္ကို ပယ္ခ်မယ့္ အူဘာမီယန္

အူဘာမီယန္ဟာဥေရာပတြင္သာဆက္လက္ကစားလိုေနမႈနဲ႔အတူ အယ္ဟီလယ္ကကမ္းလွမ္းလာမႈကိုပယ္ခ်သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၂ႏွစ္ရွိအာဆင္နယ္တိုက္စစ္မႉးဟာစည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္အာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္မွဖယ္ရွားျခင္းခံခဲ့ရတဲ့အျပင္ ဒီဇင္ဘာလ၆ရက္ေန႔ကတည္းကအာဆင္နယ္အတြက္ကစားခြင့္မရလာသူလည္းျဖစ္ပါတယ္။

ေဆာ္ဒီကလပ္အယ္ဟီလယ္ဟာအူဘာမီယန္ကိုရာသီအကုန္တြင္အၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္ အငွားျဖင့္ေခၚယူရန္ကမ္းလွမ္းမႈျပဳလုပ္ထားပါတယ္။

ဒါေပမဲ့ The Athletic ရဲ႕ေဖာ္ျပလာမႈအရဂါဘြန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာဥေရာပထိပ္သီးကလပ္တစ္ခုတြင္သာဆက္လက္ကစားလိုေနပါတယ္။

လက္ရွိအခ်ိန္တြင္အူဘာမီယန္ကိုေခၚယူရန္ပီအက္စ္ဂ်ီကစိတ္ဝင္စားေၾကာင္းျပသလာေသာ္လည္းသူ႔ရဲ႕တစ္ပတ္လုပ္ခေပါင္၃၅၀၀၀၀ကအတားအဆီးျဖစ္ေနပါတယ္။

အူဘာမီယန္ဟာကိုဗစ္ကူးစက္ခံရၿပီးေနာက္ႏွလုံးျပႆနာအနည္းငယ္ရွိမႈနဲ႔အတူဂါဘြန္အသင္းမွႏုတ္ထြက္လာခဲ့ရသူျဖစ္ပါတယ္။သူဟာအာဆင္နယ္ႏွင့္အတူပူးေပါင္းခြင့္မရေသးဘဲတကိုယ္တည္းေလ့က်င့္ခန္းဆင္းမႈသာျပဳလုပ္ေနသူလည္းျဖစ္ပါတယ္။

အူဘာမီယန္ဟာ၂၀၁၈ခုႏွစ္၊ဇန္နဝါရီတြင္ေဒါ့မြန္မွေရာက္လာၿပီးေနာက္အာဆင္နယ္အတြက္၁၆၃ပြဲကစားထားရာမွာ၉၂ဂိုးသြင္းထားသူျဖစ္ၿပီးယခုရာသီတြင္၁၅ပြဲကစားထားရာမွာ၇ဂိုးသြင္းထားပါတယ္။သူ႔ရဲ႕လက္ရွိစာခ်ဳပ္မွာ၂၀၂၃ခုႏွစ္ကုန္ဆုံးမွာျဖစ္ၿပီးသူ႔အနာဂတ္မွာအာဆင္နယ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚတြင္မူတည္ေနပါတယ္။