
ဘာနတ်ဒိုဆေးလ်ဗားဟာအီတလီထိပ်သီးအေစီမီလန်သို့ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
ပေါ်တူဂီလက်ရွေးစင်အလယ်တန်းကစားသမားဟာပြီးခဲ့တဲ့ရာသီများကတည်းကမန်စီးတီးမှထွက်ခွာမယ်လို့သတင်းထွက်လာခဲ့သူဖြစ်ပြီးယခုနွေရာသီမှာတော့အသင်းပြောင်းဖို့သေချာနေပြီဖြစ်ပါတယ်။
လက်ရှိအချိန်တွင်ဘာနတ်ဒိုဆေးလ်ဗားဟာအေစီမီလန်သို့ပြောင်းရန်ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူထားတာဖြစ်ပြီးအေစီမီလန်နှင့်မန်စီးတီးအကြားမှာတော့သဘောတူညီမှုမရသေးပါဘူး။ဒါပေမယ့်အေစီမီလန်နှင့်မန်စီးတီးတို့ဟာအပြောင်းအရွှေ့မပိတ်မီ သဘောတူညီမှုရရှိလာမယ်လို့ယုံကြည်ရပါတယ်။
ဆေးလ်ဗားဟာ၂၀၁၇ခုနှစ်တွင်မန်စီးတီးသို့ရောက်လာပြီးနောက်ပရီးမီးယားလိဂ်ဖလားသုံးကြိမ်နှင့်အက်ဖ်အေဖလား၁ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။
သူဟာယခုနွေရာသီတွင်ဂျက်ဂရဲလ်လစ်ရှ်ရောက်လာမှုနဲ့အတူပွဲကစားခွင့်ပိုမိုနည်းပါးလာတော့မှာဖြစ်လို့အသင်းပြောင်းခွင့်တောင်းဆိုခဲ့ပါတယ်။သူဟာဘာစီလိုနာမပါအဝင်အခြားဥရောပကလပ်များရဲ့ကမ်းလှမ်းမှုရခဲ့ပေမယ့်ယခုအခါမှာတော့အေစီမီလန်သို့ပြောင်းရန်သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။
ZawGyi
ဥေရာပထိပ္သီးကလပ္တစ္ခုသို႔ ေျပာင္းရန္ သေဘာတူညီမႈရရွိသြားၿပီျဖစ္တဲ့ ဘာနတ္ဒိုေဆးလ္ဗား
ဘာနတ္ဒိုေဆးလ္ဗားဟာအီတလီထိပ္သီးေအစီမီလန္သို႔ေျပာင္းေ႐ႊ႕ကစားရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။
ေပၚတူဂီလက္ေ႐ြးစင္အလယ္တန္းကစားသမားဟာၿပီးခဲ့တဲ့ရာသီမ်ားကတည္းကမန္စီးတီးမွထြက္ခြာမယ္လို႔သတင္းထြက္လာခဲ့သူျဖစ္ၿပီးယခုေႏြရာသီမွာေတာ့အသင္းေျပာင္းဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္ဘာနတ္ဒိုေဆးလ္ဗားဟာေအစီမီလန္သို႔ေျပာင္းရန္ပုဂၢိဳလ္ေရးသေဘာတူညီမႈရယူထားတာျဖစ္ၿပီးေအစီမီလန္ႏွင့္မန္စီးတီးအၾကားမွာေတာ့သေဘာတူညီမႈမရေသးပါဘူး။ဒါေပမယ့္ေအစီမီလန္ႏွင့္မန္စီးတီးတို႔ဟာအေျပာင္းအေ႐ႊ႕မပိတ္မီ သေဘာတူညီမႈရရွိလာမယ္လို႔ယုံၾကည္ရပါတယ္။
ေဆးလ္ဗားဟာ၂၀၁၇ခုႏွစ္တြင္မန္စီးတီးသို႔ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ဖလားသုံးႀကိမ္ႏွင့္အက္ဖ္ေအဖလား၁ႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။
သူဟာယခုေႏြရာသီတြင္ဂ်က္ဂရဲလ္လစ္ရွ္ေရာက္လာမႈနဲ႔အတူပြဲကစားခြင့္ပိုမိုနည္းပါးလာေတာ့မွာျဖစ္လို႔အသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့ပါတယ္။သူဟာဘာစီလိုနာမပါအဝင္အျခားဥေရာပကလပ္မ်ားရဲ႕ကမ္းလွမ္းမႈရခဲ့ေပမယ့္ယခုအခါမွာေတာ့ေအစီမီလန္သို႔ေျပာင္းရန္ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။