ဥရောပထိပ်သီးကလပ်သို့ ဟာလန်းကို ရောင်းချဖို့ နှုတ်အားဖြင့် သဘောတူညီမှုရယူထားပြီဖြစ်တဲ့ ဒေါ့မွန်

ဒေါ့မွန်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အာလင်းဟာလန်းအားရောင်းချရန်အတွက်ရီးရဲလ်မက်ဒရစ်နှင့်နှုတ်အားဖြင့်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီးဥရောပထိပ်သီးကလပ်အမြောက်အမြားတို့ရဲ့ပစ်မှတ်ထားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

သူ့ကိုခေါ်ယူရန်စိတ်ဝင်စားနေတဲ့ကလပ်များထဲတွင်မန်ယူ၊မန်စီးတီး၊ပီအက်စ်ဂျီ၊ဘိုင်ယန်မြူးနစ်နှင့်ချဲလ်ဆီးတို့ကထိပ်ဆုံးကပါဝင်ပါတယ်။

ဒါပေမယ့် Dario Madridista ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာအာလင်းဟာလန်းအပြောင်းအရွှေ့နှင့်ပတ်သက်ပြီးဒေါ့မွန်နှင့်အကြမ်းဖျင်းသဘောတူညီမှုရယူထားနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဟာလန်းအပြင်ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးကိုလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ကြိုးပမ်းပါမယ်။

ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတုန်းကဘက်ပေးကိုခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပေမယ့်လည်းလာမယ့်ဇန်နဝါရီတွင်အကြိုစာချုပ်ချုပ်ဆိုမယ်လို့ယုံကြည်ရပါတယ်။

ZawGyi

ဥေရာပထိပ္သီးကလပ္သို႔ ဟာလန္းကို ေရာင္းခ်ဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈရယူထားၿပီျဖစ္တဲ့ ေဒါ့မြန္

ေဒါ့မြန္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အာလင္းဟာလန္းအားေရာင္းခ်ရန္အတြက္ရီးရဲလ္မက္ဒရစ္ႏွင့္ႏႈတ္အားျဖင့္သေဘာတူညီမႈရရွိထားၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၁ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးဟာဥေရာပရဲ႕အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရသူျဖစ္ၿပီးဥေရာပထိပ္သီးကလပ္အေျမာက္အျမားတို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရသူလည္းျဖစ္ပါတယ္။

သူ႔ကိုေခၚယူရန္စိတ္ဝင္စားေနတဲ့ကလပ္မ်ားထဲတြင္မန္ယူ၊မန္စီးတီး၊ပီအက္စ္ဂ်ီ၊ဘိုင္ယန္ျမဴးနစ္ႏွင့္ခ်ဲလ္ဆီးတို႔ကထိပ္ဆုံးကပါဝင္ပါတယ္။

ဒါေပမယ့္ Dario Madridista ရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ဟာအာလင္းဟာလန္းအေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးေဒါ့မြန္ႏွင့္အၾကမ္းဖ်င္းသေဘာတူညီမႈရယူထားႏိုင္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဟာလန္းအျပင္ျပင္သစ္စူပါစတားကိုင္လီယန္ဘက္ေပးကိုလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္ႀကိဳးပမ္းပါမယ္။

ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီတုန္းကဘက္ေပးကိုေခၚယူရန္ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့ေပမယ့္လည္းလာမယ့္ဇန္နဝါရီတြင္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုမယ္လို႔ယုံၾကည္ရပါတယ္။