
အာဆင်နယ်ဟာနည်းစနစ်ဒါရိုက်တာအီဒူးကိုခေါ်ယူရေး ဥရောပထိပ်သီးကလပ်နှစ်ခုကစိတ်ဝင်စားလာမှုနှင့်အတူ စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးလာပါတယ်။
အသက်၄၄နှစ်ရှိအီဒူးဟာအာဆင်နယ်အသင်းရဲ့၂၀၂၂-၂၃ရာသီအောင်မြင်မှုတွင်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေသူလည်းဖြစ်ပါတယ်။
သူဟာနွေရာသီတုန်းကဂါဘရီရယ်ဂျေဆူး၊အိုလီဇန္ဒားဇင်ချန်ကို၊ဖေဘီယိုဗီအဲရာတို့ကိုခေါ်ယူကာအာဆင်နယ်ကိုပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်အောင်ကူညီထားနိုင်ပါတယ်။
ဒါ့အပြင်သူဟာမလိုချင်တော့စတားကစားသမားများကိုအသင်းမှဖယ်ရှားပြီး အသင်းရဲ့အသုံးစရိတ်များစွာလျှော့ချမှုပြုလုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
အီဒူးရဲ့ယင်းသို့ပါးနပ်စွာလုပ်ဆောင်မှုကိုဥရောပဘောလုံးလောကကမျက်ကွယ်မပြုထားပါဘူး။သူ့ကိုခန့်အပ်ရန်ဥရောပထိပ်သီးကလပ်နှစ်ခုကစိတ်ဝင်စားနေပါတယ်။
ဒါကြောင့်လည်းအာဆင်နယ်ဟာအီဒူးကိုလက်လွှတ်မခံရရေးအတွက် နှစ်ရှည်စာချုပ်ချုပ်ဆိုပြီးထိန်းထားရန်စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
တဖက်တွင်အီဒူးကိုယ်တိုင်ကလည်းအာဆင်နယ်တွင်ပျော်ရွှင်နေရာ စာချုပ်သစ်ချုပ်ဆိုရန်အသင့်ရှိနေကြောင်းသိရပါတယ်။
အီဒူးဟာအာဆင်နယ်ကိုပရီးမီးယားလိဂ်ဖလားအတွက်ဆက်လက်စိန်ခေါ်နိုင်ရေးအတွက်လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်လည်း ပေါင်သန်း၅၀အသုံးပြုပြီးကစားသမားသစ်များခေါ်ယူအားဖြည့်ပေးသွားပါဦးမယ်။
ZawGyi
ဥေရာပထိပ္သီးေတြ ပစ္မွတ္ထားလာလို႔ အီဒူးကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္လာတဲ့ အာဆင္နယ္
အာဆင္နယ္ဟာနည္းစနစ္ဒါ႐ိုက္တာအီဒူးကိုေခၚယူေရး ဥေရာပထိပ္သီးကလပ္ႏွစ္ခုကစိတ္ဝင္စားလာမႈႏွင့္အတူ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးလာပါတယ္။
အသက္၄၄ႏွစ္ရွိအီဒူးဟာအာဆင္နယ္အသင္းရဲ႕၂၀၂၂-၂၃ရာသီေအာင္ျမင္မႈတြင္အေရးပါတဲ့အခန္းက႑ကပါဝင္ေနသူလည္းျဖစ္ပါတယ္။
သူဟာေႏြရာသီတုန္းကဂါဘရီရယ္ေဂ်ဆူး၊အိုလီဇႏၵားဇင္ခ်န္ကို၊ေဖဘီယိုဗီအဲရာတို႔ကိုေခၚယူကာအာဆင္နယ္ကိုပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ႏိုင္ေအာင္ကူညီထားႏိုင္ပါတယ္။
ဒါ့အျပင္သူဟာမလိုခ်င္ေတာ့စတားကစားသမားမ်ားကိုအသင္းမွဖယ္ရွားၿပီး အသင္းရဲ႕အသုံးစရိတ္မ်ားစြာေလွ်ာ့ခ်မႈျပဳလုပ္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
အီဒူးရဲ႕ယင္းသို႔ပါးနပ္စြာလုပ္ေဆာင္မႈကိုဥေရာပေဘာလုံးေလာကကမ်က္ကြယ္မျပဳထားပါဘူး။သူ႔ကိုခန႔္အပ္ရန္ဥေရာပထိပ္သီးကလပ္ႏွစ္ခုကစိတ္ဝင္စားေနပါတယ္။
ဒါေၾကာင့္လည္းအာဆင္နယ္ဟာအီဒူးကိုလက္လႊတ္မခံရေရးအတြက္ ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးထိန္းထားရန္စတင္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။
တဖက္တြင္အီဒူးကိုယ္တိုင္ကလည္းအာဆင္နယ္တြင္ေပ်ာ္႐ႊင္ေနရာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အသင့္ရွိေနေၾကာင္းသိရပါတယ္။
အီဒူးဟာအာဆင္နယ္ကိုပရီးမီးယားလိဂ္ဖလားအတြက္ဆက္လက္စိန္ေခၚႏိုင္ေရးအတြက္လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္လည္း ေပါင္သန္း၅၀အသုံးျပဳၿပီးကစားသမားသစ္မ်ားေခၚယူအားျဖည့္ေပးသြားပါဦးမယ္။