ဥရောပထိပ်သီးများရဲ့စိတ်ဝင်စားခြင်းခံနေရပေမယ့် ချဲလ်ဆီးတွင် ရူဒီဂါပျော်ရွှင်နေ

အန်တိုနီရူဒီဂါဟာဥရောပထိပ်သီးကလပ်အမြောက်အမြားတို့ရဲ့စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်းချဲလ်ဆီးတွင်ပျော်ရွှင်နေသလိုနည်းပြသောမတ်စ်တူချယ်နှင့်လည်းအဆင်ပြေ နေကြောင်းသိရပါတယ်။

ဂျာမနီလက်ရွေးစင်ဗဟိုနာက်ခံလူဟာယခုရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးလာခဲ့တာကြာမြင့်ပြီဖြစ်ပေမယ့်အဆင်ပြေခြင်းမရှိသေးပါဘူး။

ရူဒီဂါဟာစာချုပ်သစ်အတွက်လုပ်ခများစွာရရှိနေပြီးချဲလ်ဆီးကလည်းပေါင်၁၃၀၀၀၀သာပေးလိုနေပါတယ်။ရူဒီဂါဟာချဲလ်ဆီးတွင်အဓိကကစားသမားတစ်ဦးဖြစ်ပေမယ့်လည်းတစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀သာရနေသူဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ရူဒီဂါအားဂျူဗင်တပ်၊ဘိုင်ယန်မြူးနစ်တို့ကတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀အထိပေးရန်အဆင့်ရှိနေပါတယ်။

ရူဒီဂါဟာယခုစာချုပ်မှာသူ့ကစားသမားဘဝတစ်လျှောက်အမြင့်မားဆုံးအကျိုးခံစားခွင့်ရရှိလာမယ့်စာချုပ်ဖြစ်လာမှာဖြစ်တာကြောင့်စာချုပ်နှင့်ပတ်သက်ပြီးအချိန်ယူစဉ်းစားသွားမှာဖြစ်ကြောင်းဆိုထားပါတယ်။

ZawGyi

ဥေရာပထိပ္သီးမ်ားရဲ႕စိတ္ဝင္စားျခင္းခံေနရေပမယ့္ ခ်ဲလ္ဆီးတြင္ ႐ူဒီဂါေပ်ာ္႐ႊင္ေန

အန္တိုနီ႐ူဒီဂါဟာဥေရာပထိပ္သီးကလပ္အေျမာက္အျမားတို႔ရဲ႕စိတ္ဝင္စားျခင္းခံေနရေပမယ့္လည္းခ်ဲလ္ဆီးတြင္ေပ်ာ္႐ႊင္ေနသလိုနည္းျပေသာမတ္စ္တူခ်ယ္ႏွင့္လည္းအဆင္ေျပ ေနေၾကာင္းသိရပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ဗဟိုနာက္ခံလူဟာယခုရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးလာခဲ့တာၾကာျမင့္ၿပီျဖစ္ေပမယ့္အဆင္ေျပျခင္းမရွိေသးပါဘူး။

႐ူဒီဂါဟာစာခ်ဳပ္သစ္အတြက္လုပ္ခမ်ားစြာရရွိေနၿပီးခ်ဲလ္ဆီးကလည္းေပါင္၁၃၀၀၀၀သာေပးလိုေနပါတယ္။႐ူဒီဂါဟာခ်ဲလ္ဆီးတြင္အဓိကကစားသမားတစ္ဦးျဖစ္ေပမယ့္လည္းတစ္ပတ္လုပ္ခေပါင္၁၀၀၀၀၀သာရေနသူျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္႐ူဒီဂါအားဂ်ဴဗင္တပ္၊ဘိုင္ယန္ျမဴးနစ္တို႔ကတစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀အထိေပးရန္အဆင့္ရွိေနပါတယ္။

႐ူဒီဂါဟာယခုစာခ်ဳပ္မွာသူ႔ကစားသမားဘဝတစ္ေလွ်ာက္အျမင့္မားဆုံးအက်ိဳးခံစားခြင့္ရရွိလာမယ့္စာခ်ဳပ္ျဖစ္လာမွာျဖစ္တာေၾကာင့္စာခ်ဳပ္ႏွင့္ပတ္သက္ၿပီးအခ်ိန္ယူစဥ္းစားသြားမွာျဖစ္ေၾကာင္းဆိုထားပါတယ္။