ဥရောပထိပ်သီးလိဂ်ငါးခုတွင် အိမ်ကွင်းအကောင်းဆုံးအသင်းအဖြစ် ဘယ်အသင်း ရပ်တည်နေလဲ?

၂၀၂၀ခုနှစ်၊မတ်လတုန်းကတစ်ကမ္ဘာလုံးမှာကိုဗစ်ကပ်ရောဂါကူးစက်ပျံ့နှံ့ပြီးနောက်ဘောလုံးကွင်းအတွင်းသို့ပရိသတ်များဝင်ရောက်ခွင့်မရရှိခဲ့ပါဘူး။

ယင်းသို့ပရိသတ်မပါဝင်ဘဲကစားရမှုနဲ့အတူအိမ်ရှင်အဖြစ်လက်ခံကစားရတဲ့အသင်းဟာယခင်ကကဲ့သို့ပရိသတ်အားမရရှိခဲ့ပါဘူး။ဒါပေမယ့်တစ်ချို့အသင်းတွေဟာပရိသတ်မပါဘဲကစားရပေမယ့်လည်းအိမ်ကွင်းမှာကစားရတဲ့ ပွဲတွေမှာယခင်တုန်းကပရိသတ်ပါဝင်တုန်းကလိုဘဲအိမ်ကွင်းရလဒ်ကောင်းကိုထိန်းထားတုန်းဖြစ်ပါတယ်။

ယနေ့မှာကိုဗစ်ကာလအတွင်းမှာအိမ်ကွင်းရလဒ်အကောင်းဆုံးဥရောပထိပ်သီးလိဂ်ငါးခုမှအသင်းများစာရင်းထွက်ပေါ်လာပါတယ်။လာလီဂါထိပ်သီးများဖြစ်ကြတဲ့အက်သလက်တီကိုနှင့်ရီးရဲလ်မက်ဒရစ်တို့ကဥရောပမှာအိမ်ကွင်းရလဒ်အကောင်း ဆုံးအသင်းများအဖြစ် ရပ်တည်နေပါတယ်။

CIES Football Observatory ရဲ့ဖော်ပြချက်အရဥရောပမှာကိုဗစ်ကာလအတွင်းအိမ်ကွင်းပွဲအားလုံးအနိုင်ရရှိတဲ့အ သင်းအဖြစ်နှစ်သင်းတည်းဘဲ ရပ်တည်နေကြောင်းသိရပါတယ်။နော်ဝေထိပ်သီးဘိုဒို/ဂလမ့်(၁၅ပွဲတွင်၁၅ပွဲနိုင်)နှင့်စ တီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ရိန်းဂျား(၁၂ပွဲတွင်၁၂ပွဲနိုင်)တို့ဘဲရှိပါတယ်။

ဒါပေမယ့်ဥရောပထိပ်သီးလိဂ်ငါးခုမှာတော့အက်သလက်တီကိုအိမ်ကွင်းအနိုင်၉၆.၇ရာခိုင်နှုန်းဖြင့်အိမ်ကွင်းအကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေပြီးရီးရဲလ်မက်ဒရစ်က၈၅.၇အနိုင်ရာခိုင်နှုန်းဖြင့်ဒုတိယနေရာမှာရပ်တည်နေ ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာဘာနေဗျူးကွင်းကိုပြန်လည်ပြုပြင်မွန်းမံနေချိန်မှာအယ်ဖရီဒိုဒီစတီဖာနိုကွင်းမှာကစားရပေမယ့်အိမ်ကွင်းရလဒ်ကောင်းကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။

တတိယနေရာမှာဘိုင်ယန်မြူးနစ်က၈၃.၃ရာခိုင်နှုန်းဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။အဆင့်၄နေရာမှာမန်စီးတီးက၈၁.၃ရာခိုင်နှုန်းဖြင့်လည်းကောင်း၊အဆင့်၅နေရာတွင်ပီအက်စ်ဂျီက၇၂.၇ရာခိုင်နှုန်းဖြင့်လည်းကောင်းရပ်တည်နေပါတယ်။ဥရောပထိပ်သီးလိဂ်ငါးခုတွင်အိမ်ကွင်းရလဒ်အကောင်းဆုံး၁၀သင်းစာရင်းတွင်ပါဝင်တဲ့အခြားကလပ်များကလီဗာပူး၊ရိုးမား၊အင်တာမီလန်၊အတ္တလန္တာ၊ဆီဗီလာတို့ပါဝင်ပါတယ်။

ZawGyi

ဥေရာပထိပ္သီးလိဂ္ငါးခုတြင္ အိမ္ကြင္းအေကာင္းဆုံးအသင္းအျဖစ္ ဘယ္အသင္း ရပ္တည္ေနလဲ?

၂၀၂၀ခုႏွစ္၊မတ္လတုန္းကတစ္ကမာၻလုံးမွာကိုဗစ္ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔ၿပီးေနာက္ေဘာလုံးကြင္းအတြင္းသို႔ပရိသတ္မ်ားဝင္ေရာက္ခြင့္မရရွိခဲ့ပါဘူး။

ယင္းသို႔ပရိသတ္မပါဝင္ဘဲကစားရမႈနဲ႔အတူအိမ္ရွင္အျဖစ္လက္ခံကစားရတဲ့အသင္းဟာယခင္ကကဲ့သို႔ပရိသတ္အားမရရွိခဲ့ပါဘူး။ဒါေပမယ့္တစ္ခ်ိဳ႕အသင္းေတြဟာပရိသတ္မပါဘဲကစားရေပမယ့္လည္းအိမ္ကြင္းမွာကစားရတဲ့ ပြဲေတြမွာယခင္တုန္းကပရိသတ္ပါဝင္တုန္းကလိုဘဲအိမ္ကြင္းရလဒ္ေကာင္းကိုထိန္းထားတုန္းျဖစ္ပါတယ္။

ယေန႔မွာကိုဗစ္ကာလအတြင္းမွာအိမ္ကြင္းရလဒ္အေကာင္းဆုံးဥေရာပထိပ္သီးလိဂ္ငါးခုမွအသင္းမ်ားစာရင္းထြက္ေပၚလာပါတယ္။လာလီဂါထိပ္သီးမ်ားျဖစ္ၾကတဲ့အက္သလက္တီကိုႏွင့္ရီးရဲလ္မက္ဒရစ္တို႔ကဥေရာပမွာအိမ္ကြင္းရလဒ္အေကာင္း ဆုံးအသင္းမ်ားအျဖစ္ ရပ္တည္ေနပါတယ္။

CIES Football Observatory ရဲ႕ေဖာ္ျပခ်က္အရဥေရာပမွာကိုဗစ္ကာလအတြင္းအိမ္ကြင္းပြဲအားလုံးအႏိုင္ရရွိတဲ့အ သင္းအျဖစ္ႏွစ္သင္းတည္းဘဲ ရပ္တည္ေနေၾကာင္းသိရပါတယ္။ေနာ္ေဝထိပ္သီးဘိုဒို/ဂလမ့္(၁၅ပြဲတြင္၁၅ပြဲႏိုင္)ႏွင့္စ တီဗင္ဂ်ရတ္ကိုင္တြယ္ေနတဲ့ရိန္းဂ်ား(၁၂ပြဲတြင္၁၂ပြဲႏိုင္)တို႔ဘဲရွိပါတယ္။

ဒါေပမယ့္ဥေရာပထိပ္သီးလိဂ္ငါးခုမွာေတာ့အက္သလက္တီကိုအိမ္ကြင္းအႏိုင္၉၆.၇ရာခိုင္ႏႈန္းျဖင့္အိမ္ကြင္းအေကာင္းဆုံးအသင္းအျဖစ္ရပ္တည္ေနၿပီးရီးရဲလ္မက္ဒရစ္က၈၅.၇အႏိုင္ရာခိုင္ႏႈန္းျဖင့္ဒုတိယေနရာမွာရပ္တည္ေန ပါတယ္။ရီးရဲလ္မက္ဒရစ္ဟာဘာေနဗ်ဴးကြင္းကိုျပန္လည္ျပဳျပင္မြန္းမံေနခ်ိန္မွာအယ္ဖရီဒိုဒီစတီဖာႏိုကြင္းမွာကစားရေပမယ့္အိမ္ကြင္းရလဒ္ေကာင္းကိုထိန္းထားႏိုင္ဆဲျဖစ္ပါတယ္။

တတိယေနရာမွာဘိုင္ယန္ျမဴးနစ္က၈၃.၃ရာခိုင္ႏႈန္းျဖင့္တတိယေနရာမွာရပ္တည္ေနပါတယ္။အဆင့္၄ေနရာမွာမန္စီးတီးက၈၁.၃ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊အဆင့္၅ေနရာတြင္ပီအက္စ္ဂ်ီက၇၂.၇ရာခိုင္ႏႈန္းျဖင့္လည္းေကာင္းရပ္တည္ေနပါတယ္။ဥေရာပထိပ္သီးလိဂ္ငါးခုတြင္အိမ္ကြင္းရလဒ္အေကာင္းဆုံး၁၀သင္းစာရင္းတြင္ပါဝင္တဲ့အျခားကလပ္မ်ားကလီဗာပူး၊႐ိုးမား၊အင္တာမီလန္၊အတၱလႏၲာ၊ဆီဗီလာတို႔ပါဝင္ပါတယ္။