ဥရောပထိပ်သီးလိဂ်ငါးခုတွင်ကစားနေတဲ့ ကစားသမားမဟုတ်တော့တဲ့ လီယွန်နယ်မက်ဆီ

ဥရောပထိပ်သီးလိဂ်ငါးခုစာရင်းမှလီဂူး၁နေရာကိုပေါ်တူဂီအဆင့်မြင့်တန်းလိဂ်ကလွဲပြောင်းရယူသွားပြီးနောက်လီယွန်နယ်မက်ဆီဟာဥရောပထိပ်သီးလိဂ်ငါးခုတွင်ကစားနေတဲ့ကစားသမားမဟုတ်တော့ပါဘူး။

အသက်၃၄နှစ်ရှိအာဂျင်တီးနားစတားဟာယခုလအစောပိုင်းတုန်းကဘာစီလိုနာနှင့်လမ်းခွဲကာပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

မက်ဆီဟာလီဂူး၁မှာပီအက်စ်ဂျီအတွက်တစ်ပွဲမျှမကစားရသေးပါဘူး။ဒါပေမယ့်ယခုအခါမှာတော့ယူအီးအက်ဖ်အေရဲ့ထိပ်သီးလိဂ်ငါးခုစာရင်းမှလီဂူး၁ဖယ်ရှားခံရမှုနဲ့အတူမက်ဆီဟာဥရောပထိပ်သီးလိဂ်ငါးခုတွင်ကစားနေတဲ့ကစားသမားတစ်ဦးမဟုတ်တော့ပါဘူး။

ယူအီးအက်ဖ်အေဟာဥရောပကလပ်ပြိုင်ပွဲများမှဥရောပကလပ်များရဲ့တစ်သင်းချင်းစီ ရလဒ်အပေါ်အခြေခံကာဥရောပထိပ်သီးလိဂ်စာရင်းကိုဆုံးဖြတ်တာဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းကဘင်ဖီကာကပီအက်စ်ဗွီအားအနိုင်ရရှိလိုက်မှုနဲ့အတူပေါ်တူဂီဟာ၄၂.၂၁၇ဖြင့်ပြင်သစ်ကိုကျော်ဖြတ်ကာဥရောပထိပ်သီးလိဂ်ငါးခုရဲ့နံပါတ်၅နေရာကိုလီဂူး၁ထံမှလွဲပြောင်းရယူသွားခဲ့ပါတယ်။လီဂူး၁ကတော့ရမှတ်၄၂.၁၆၇ဖြင့်အဆင့်၆သို့ဆင်းခဲ့ရပါတယ်။

တစ်ဖက်တွင်ဗုဒ္ဓဟူးနေ့ကမိုနာကိုဟာရှက်တာဒိုးနက်စ်အားရှုံးနိမ့်ခဲ့မှုကလည်းလီဂူး၁အားအဆင့်လျှော့ကျလာစေခဲ့ပါတယ်။

ဘင်ဖီကာနှင့်ရှက်တာဒိုးနက်စ်တို့ဟာယနေ့ညချန်ပီယံလိဂ်မဲခွဲမှုမှာအိုး(၃)တွင်နေရာရရှိလာကြပါတယ်။

လက်ရှိအချိန်တွင်ဥရောပထိပ်သီးလိဂ်ရဲ့ထိပ်ဆုံးလေးနေရာကိုအင်္ဂလန်ကရယူထားပြီးလာလီဂါကဒုတိယ၊အီတလီကတတိယနှင့်ဘွန်ဒက်စ်လီဂါကစတုတ္ထအသီးသီးရယူထားပါတယ်။

ZawGyi

ဥေရာပထိပ္သီးလိဂ္ငါးခုတြင္ကစားေနတဲ့ ကစားသမားမဟုတ္ေတာ့တဲ့ လီယြန္နယ္မက္ဆီ

ဥေရာပထိပ္သီးလိဂ္ငါးခုစာရင္းမွလီဂူး၁ေနရာကိုေပၚတူဂီအဆင့္ျမင့္တန္းလိဂ္ကလြဲေျပာင္းရယူသြားၿပီးေနာက္လီယြန္နယ္မက္ဆီဟာဥေရာပထိပ္သီးလိဂ္ငါးခုတြင္ကစားေနတဲ့ကစားသမားမဟုတ္ေတာ့ပါဘူး။

အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားစတားဟာယခုလအေစာပိုင္းတုန္းကဘာစီလိုနာႏွင့္လမ္းခြဲကာပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

မက္ဆီဟာလီဂူး၁မွာပီအက္စ္ဂ်ီအတြက္တစ္ပြဲမွ်မကစားရေသးပါဘူး။ဒါေပမယ့္ယခုအခါမွာေတာ့ယူအီးအက္ဖ္ေအရဲ႕ထိပ္သီးလိဂ္ငါးခုစာရင္းမွလီဂူး၁ဖယ္ရွားခံရမႈနဲ႔အတူမက္ဆီဟာဥေရာပထိပ္သီးလိဂ္ငါးခုတြင္ကစားေနတဲ့ကစားသမားတစ္ဦးမဟုတ္ေတာ့ပါဘူး။

ယူအီးအက္ဖ္ေအဟာဥေရာပကလပ္ၿပိဳင္ပြဲမ်ားမွဥေရာပကလပ္မ်ားရဲ႕တစ္သင္းခ်င္းစီ ရလဒ္အေပၚအေျခခံကာဥေရာပထိပ္သီးလိဂ္စာရင္းကိုဆုံးျဖတ္တာျဖစ္ပါတယ္။

အဂၤါေန႔တုန္းကဘင္ဖီကာကပီအက္စ္ဗြီအားအႏိုင္ရရွိလိုက္မႈနဲ႔အတူေပၚတူဂီဟာ၄၂.၂၁၇ျဖင့္ျပင္သစ္ကိုေက်ာ္ျဖတ္ကာဥေရာပထိပ္သီးလိဂ္ငါးခုရဲ႕နံပါတ္၅ေနရာကိုလီဂူး၁ထံမွလြဲေျပာင္းရယူသြားခဲ့ပါတယ္။လီဂူး၁ကေတာ့ရမွတ္၄၂.၁၆၇ျဖင့္အဆင့္၆သို႔ဆင္းခဲ့ရပါတယ္။

တစ္ဖက္တြင္ဗုဒၶဟူးေန႔ကမိုနာကိုဟာရွက္တာဒိုးနက္စ္အားရႈံးနိမ့္ခဲ့မႈကလည္းလီဂူး၁အားအဆင့္ေလွ်ာ့က်လာေစခဲ့ပါတယ္။

ဘင္ဖီကာႏွင့္ရွက္တာဒိုးနက္စ္တို႔ဟာယေန႔ညခ်န္ပီယံလိဂ္မဲခြဲမႈမွာအိုး(၃)တြင္ေနရာရရွိလာၾကပါတယ္။

လက္ရွိအခ်ိန္တြင္ဥေရာပထိပ္သီးလိဂ္ရဲ႕ထိပ္ဆုံးေလးေနရာကိုအဂၤလန္ကရယူထားၿပီးလာလီဂါကဒုတိယ၊အီတလီကတတိယႏွင့္ဘြန္ဒက္စ္လီဂါကစတုတၳအသီးသီးရယူထားပါတယ္။