ဥရောပမှာ ဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဘူအင်ဒီယာ

အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့အီမီဘူအင်ဒီယာဟာဥရောပမှာဖန်တီးမှုအများဆုံးပြုလုပ်ထားတဲ့ ကစားသမားအဖြစ်ဘရူနိုဖာနန်ဒက်စ်နှင့်ကီဗင်ဒီဘရိုင်းတို့ကဲ့သို့ နာမည်ကြီးကွင်းလယ်တိုက်စစ်သမားတို့အား ကျော်ဖြတ်ကာ ရပ်တည်နေကြောင်းတွေ့ရပါတယ်။

စနေနေ့တုန်းကဘန်စလေနှင့်ပွဲတွင်လည်းအနိုင်ဂိုးသွင်းယူခဲ့တဲ့ဘူအင်ဒီယာဟာယခုရာသီမှာနော့ဝှစ်ချ်အတွက် ချန်ပီယံရှစ်ပြိုင်ပွဲမှာဂိုးရနိုင်တဲ့အခွင့်အရေးပေါင်း ၆၂ ကြိမ်ပြုလုပ်ကာဥရောပရဲ့ဖန်တီးမှုအများဆုံးကစားသမားအ ဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဥရောပရဲ့ဖန်တီးမှုအများဆုံးဒုတိယနေရာမှာမန်ယူကပစ်မှတ်ထားတဲ့ဗီလာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ရှ် ဖြစ်ပြီးဂိုးရနိုင်တဲ့ဖန်တီးမှုပေါင်း၅၅ကြိမ်ရပ်တည်နေပါတယ်။တတိယနေရာမှာအေစီမီလန်ကိုစကူဒက်တိုဖလားအ တွက်စိန်ခေါ်နိုင်အောင်ကူညီထားတဲ့ကယ်ဟန်နိုဂလူဖြစ်ပြီး၅၃ကြိမ်ဖြင့်ရပ်တည်နေပါတယ်။

အဆင့်၄နေရာမှာချန်ပီယံရှစ်ကစားသမားတစ်ဦးပင်ဖြစ်တဲ့ဆွမ်စီးမှကော်နာရောဘတ်က၅၃ကြိမ်ဖြင့်ရပ်တည်နေပါတယ်။အဆင့်၅နေရာမှာမန်ယူကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်က၅၂ကြိမ်ဖြင့်လည်းကောင်း၊အဆင့်၆ နေရာမှာမန်စီးတီးရဲ့ကီဗင်ဒီဘရိုင်းက၄၅ကြိမ်ဖြင့်လည်းကောင်း၊အဆင့်၇နေရာမှာကျူပီအာမှလီယပ်စ်ချဲလ်ယားက လည်းကောင်း၊အဆင့်၈နေရာမှာဘိုင်ယန်မှ သောမတ်စ်မူလာက၄၂ကြိမ်ဖြင့်လည်းကောင်း၊အဆင့်၉နေရာမှာ လိုင်ယွန်မှဒီပေးက၄၁ကြိမ်ဖြင့်လည်းကောင်း၊အဆင့်၁၀နေရာမှာမီဝေါလ်မှဂျက်ဝဲလ်လစ်က၄၁ကြိမ်ဖြင့်လည်း ကောင်းအသီးသီးရပ်တည်နေပါတယ်။

အာဆင်နယ်ဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာအာဂျင်တီးနားအလယ်တန်းတိုက်စစ်သမားကို ပေါင်၁၅သန်းဖြင့်ခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။

အသက်၂၄နှစ်ရှိဘိုအင်ဒီယာဟာရီးရဲလ်မက်ဒရစ်၊ဂီတာဖေးလူငယ်အသင်းတို့လည်းကစားခဲ့ဖူးပြီးစပိန်နှင့်အာဂျင်တီးနားလူငယ်လက်ရွေးစင်အသင်းတို့အတွက်လည်းကစားခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

ဥေရာပမွာ ဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတဲ့ အာဆင္နယ္ပစ္မွတ္ထားေနတဲ့ ဘူအင္ဒီယာ

အာဆင္နယ္အသင္းက ေခၚယူဖို႔ ပစ္မွတ္ထားတဲ့အီမီဘူအင္ဒီယာဟာဥေရာပမွာဖန္တီးမႈအမ်ားဆုံးျပဳလုပ္ထားတဲ့ ကစားသမားအျဖစ္ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္ကီဗင္ဒီဘ႐ိုင္းတို႔ကဲ့သို႔ နာမည္ႀကီးကြင္းလယ္တိုက္စစ္သမားတို႔အား ေက်ာ္ျဖတ္ကာ ရပ္တည္ေနေၾကာင္းေတြ႕ရပါတယ္။

စေနေန႔တုန္းကဘန္စေလႏွင့္ပြဲတြင္လည္းအႏိုင္ဂိုးသြင္းယူခဲ့တဲ့ဘူအင္ဒီယာဟာယခုရာသီမွာေနာ့ဝွစ္ခ်္အတြက္ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာဂိုးရႏိုင္တဲ့အခြင့္အေရးေပါင္း ၆၂ ႀကိမ္ျပဳလုပ္ကာဥေရာပရဲ႕ဖန္တီးမႈအမ်ားဆုံးကစားသမားအ ျဖစ္ရပ္တည္ေနတာလည္းျဖစ္ပါတယ္။

ဥေရာပရဲ႕ဖန္တီးမႈအမ်ားဆုံးဒုတိယေနရာမွာမန္ယူကပစ္မွတ္ထားတဲ့ဗီလာအသင္းေခါင္းေဆာင္ဂ်က္ဂရဲလ္လစ္ရွ္ ျဖစ္ၿပီးဂိုးရႏိုင္တဲ့ဖန္တီးမႈေပါင္း၅၅ႀကိမ္ရပ္တည္ေနပါတယ္။တတိယေနရာမွာေအစီမီလန္ကိုစကူဒက္တိုဖလားအ တြက္စိန္ေခၚႏိုင္ေအာင္ကူညီထားတဲ့ကယ္ဟန္ႏိုဂလူျဖစ္ၿပီး၅၃ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။

အဆင့္၄ေနရာမွာခ်န္ပီယံရွစ္ကစားသမားတစ္ဦးပင္ျဖစ္တဲ့ဆြမ္စီးမွေကာ္နာေရာဘတ္က၅၃ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။အဆင့္၅ေနရာမွာမန္ယူကြင္းလယ္ကစားသမားဘ႐ူႏိုဖာနန္ဒက္စ္က၅၂ႀကိမ္ျဖင့္လည္းေကာင္း၊အဆင့္၆ ေနရာမွာမန္စီးတီးရဲ႕ကီဗင္ဒီဘ႐ိုင္းက၄၅ႀကိမ္ျဖင့္လည္းေကာင္း၊အဆင့္၇ေနရာမွာက်ဴပီအာမွလီယပ္စ္ခ်ဲလ္ယားက လည္းေကာင္း၊အဆင့္၈ေနရာမွာဘိုင္ယန္မွ ေသာမတ္စ္မူလာက၄၂ႀကိမ္ျဖင့္လည္းေကာင္း၊အဆင့္၉ေနရာမွာ လိုင္ယြန္မွဒီေပးက၄၁ႀကိမ္ျဖင့္လည္းေကာင္း၊အဆင့္၁၀ေနရာမွာမီေဝါလ္မွဂ်က္ဝဲလ္လစ္က၄၁ႀကိမ္ျဖင့္လည္း ေကာင္းအသီးသီးရပ္တည္ေနပါတယ္။

အာဆင္နယ္ဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္းမွာအာဂ်င္တီးနားအလယ္တန္းတိုက္စစ္သမားကို ေပါင္၁၅သန္းျဖင့္ေခၚယူရန္ပစ္မွတ္ထားေနပါတယ္။

အသက္၂၄ႏွစ္ရွိဘိုအင္ဒီယာဟာရီးရဲလ္မက္ဒရစ္၊ဂီတာေဖးလူငယ္အသင္းတို႔လည္းကစားခဲ့ဖူးၿပီးစပိန္ႏွင့္အာဂ်င္တီးနားလူငယ္လက္ေ႐ြးစင္အသင္းတို႔အတြက္လည္းကစားခဲ့ဖူးသူျဖစ္ပါတယ္။