ဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်သမားအဖြစ် လီဝန်ဒေါ့စကီးရပ်တည်နေ

ရောဘတ်လီဝန်ဒေါ့စကီးဟာယခုရာသီမှာဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်သမားအဖြစ်ရပ်တည်နေပါတယ်။

ပိုလန်တိုက်စစ်မှူးဟာပြီးခဲ့တဲ့နှစ်ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့စနေနေ့တုန်းကစတုဂတ်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ၂၂မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့ပါတယ်။

ယင်းဟက်ထရစ်ကြောင့်လီဝန်ဒေါ့စကီးဟာယခုရာသီမှာပြိုင်ပွဲအရပ်ရပ်တွင်၃၅ပွဲကစားထားရာမှာ၄၂ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ဒါ့အပြင်သူဟာဖန်တီးမှု၇ကြိမ်လည်းပြုလုပ်ထားရာဂိုးရရှိရေးပါဝင်မှု၄၉ ကြိမ်အထိရှိထားပါတယ်။သူဟာဥရောပထိပ်သီးလိဂ်၁၅ခုတွင်ကြောက်စရာအကောင်းဆုံးတိုက်စစ်သမား အဖြစ်ရပ်တည်ထားနိုင်ပါတယ်။

ဒုတိယနေရာမှာစပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းက၂၇ဂိုး၊ဖန်တီးမှု၁၆ကြိမ်ဖြင့်ဂိုးရရှိရာမှာပါဝင်မှု၄၃ ကြိမ်ဖြင့်ရပ်တည်နေပါတယ်။

တတိယနေရာမှာမက်ဆီက၂၉ဂိုး၊ဖန်တီးမှု၁၃ကြိမ်ဖြင့်ရပ်တည်နေပါတယ်။အဆင့်၄နေရာမှာအာလင်းဟာလန်းက၃၁ဂိုး၊ဖန်တီးမှု၈ကြိမ်ဖြင့်ရပ်တည်နေပြီးအဆင့်၅နေရာမှာကိုင်လီယန်အမ်ဘက်ပီကဂိုး၃၀၊ဖန်တီးမှု၉ကြိမ်ဖြင့်ရပ်တည်နေပါတယ်။

အဆင့်၆နေရာမှာအေဂျက်စ်မှဒူဆန်တာဒစ်ကဂိုး၂၀၊ဖန်တီးမှု၁၉ကြိမ်ဖြင့်စုစုပေါင်းဂိုးရရှိရာမှာပါဝင်မှု၃၉ ကြိမ်ဖြင့်ရပ်တည်နေပါတယ်။အဆင့်၇နေရာမှာဘရူနိုဖာနန်ဒက်စ်က၂၇ဂိုး၊ဖန်တီးမှု၈ကြိမ်ဖြင့်ရပ်တည်နေပါတယ်။အဆင့်၈နေရာမှာပက်ဆင်ဒါကာက၂၇ဂိုး၊ဖန်တီးမှု၈ကြိမ်ဖြင့်ရပ်တည်နေပြီးအဆင့်၉နေရာမှာ ခရစ္စတီယာနိုရော်နယ်ဒိုကဂိုး၃၀၊ဖန်တီးမှု၄ကြိမ်ဖြင့်ရပ်တည်နေပါတယ်။အဆင့်၁၀နေရာမှာဆန်ဟောင်မင်က၁၈ဂိုး၊ဖန်တီးမှု၁၆ဂိုးဖြင့်ရပ်တည်နေပါတယ်။

ZawGyi

ဥေရာပရဲ႕ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္သမားအျဖစ္ လီဝန္ေဒါ့စကီးရပ္တည္ေန

ေရာဘတ္လီဝန္ေဒါ့စကီးဟာယခုရာသီမွာဥေရာပရဲ႕ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္သမားအျဖစ္ရပ္တည္ေနပါတယ္။

ပိုလန္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့ႏွစ္ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့သူလည္း ျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့စေနေန႔တုန္းကစတုဂတ္ကို၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ၂၂မိနစ္အတြင္း ဟက္ထရစ္သြင္းယူခဲ့ပါတယ္။

ယင္းဟက္ထရစ္ေၾကာင့္လီဝန္ေဒါ့စကီးဟာယခုရာသီမွာၿပိဳင္ပြဲအရပ္ရပ္တြင္၃၅ပြဲကစားထားရာမွာ၄၂ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။ဒါ့အျပင္သူဟာဖန္တီးမႈ၇ႀကိမ္လည္းျပဳလုပ္ထားရာဂိုးရရွိေရးပါဝင္မႈ၄၉ ႀကိမ္အထိရွိထားပါတယ္။သူဟာဥေရာပထိပ္သီးလိဂ္၁၅ခုတြင္ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္သမား အျဖစ္ရပ္တည္ထားႏိုင္ပါတယ္။

ဒုတိယေနရာမွာစပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းက၂၇ဂိုး၊ဖန္တီးမႈ၁၆ႀကိမ္ျဖင့္ဂိုးရရွိရာမွာပါဝင္မႈ၄၃ ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။

တတိယေနရာမွာမက္ဆီက၂၉ဂိုး၊ဖန္တီးမႈ၁၃ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။အဆင့္၄ေနရာမွာအာလင္းဟာလန္းက၃၁ဂိုး၊ဖန္တီးမႈ၈ႀကိမ္ျဖင့္ရပ္တည္ေနၿပီးအဆင့္၅ေနရာမွာကိုင္လီယန္အမ္ဘက္ပီကဂိုး၃၀၊ဖန္တီးမႈ၉ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။

အဆင့္၆ေနရာမွာေအဂ်က္စ္မွဒူဆန္တာဒစ္ကဂိုး၂၀၊ဖန္တီးမႈ၁၉ႀကိမ္ျဖင့္စုစုေပါင္းဂိုးရရွိရာမွာပါဝင္မႈ၃၉ ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။အဆင့္၇ေနရာမွာဘ႐ူႏိုဖာနန္ဒက္စ္က၂၇ဂိုး၊ဖန္တီးမႈ၈ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။အဆင့္၈ေနရာမွာပက္ဆင္ဒါကာက၂၇ဂိုး၊ဖန္တီးမႈ၈ႀကိမ္ျဖင့္ရပ္တည္ေနၿပီးအဆင့္၉ေနရာမွာ ခရစၥတီယာႏိုေရာ္နယ္ဒိုကဂိုး၃၀၊ဖန္တီးမႈ၄ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။အဆင့္၁၀ေနရာမွာဆန္ေဟာင္မင္က၁၈ဂိုး၊ဖန္တီးမႈ၁၆ဂိုးျဖင့္ရပ္တည္ေနပါတယ္။