ဥရောပရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားငါးဦးစာရင်းထွက်ပေါ်လာ

ဥရောပဘောလုံးလောကရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားငါးဦးစာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။လီယွန်နယ်မက်ဆီဟာဥရောပရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားအဖြစ်ထိပ်ဆုံးမှာရရှိနေပြီးခရစ္စတီယာနိုရော်နယ်ဒိုထက်လုပ်ခနှစ်ဆအထိမြင့်မားနေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလီယွန်နယ်မက်ဆီရဲ့စာချုပ်ပေါက်ကြားခဲ့ဖူးပြီးအာဂျင်တီးနားစတားဟာအား ကစားသမားသမိုင်းတွင်အကြီးမားဆုံးစာချုပ်ချုပ်ဆိုထားတာသိခဲ့ရပါတယ်။

L’Equipe ရဲ့ဖော်ပြချက်အရမက်ဆီဟာတစ်ပတ်လုပ်ခပေါင်၂.၁သန်းရရှိနေပြီးတစ်နှစ်လုပ်ခပေါင်၁၀၈.၂ သန်းရရှိနေပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုကဂျူဗင်တပ်မှာတစ်ပတ်လုပ်ခပေါင်၉၀၀၀၀၀တည်းသာရရှိနေပြီးတစ်နှစ်လုပ်ခ ပေါင်၄၆.၇သန်းဘဲရရှိနေပါတယ်။မက်ဆီရဲ့လုပ်ခတစ်ဝက်မျှသာရရှိနေပါတယ်။

တတိယလုပ်ခအများဆုံးကစားသမားအဖြစ်ပီအက်စ်ဂျီစူပါစတားနေမာကတစ်ပတ်လုပ်ခပေါင်၆၀၆၀၀၀ ဖြင့်ရပ်တည်နေပြီးတစ်နှစ်လုပ်ခပေါင်၃၁.၅သန်းရရှိနေပါတယ်။စတုတ္ထလုပ်ခအများဆုံးကစားသမားအဖြစ်အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်က တစ်ပတ်လုပ်ခပေါင်၅၇၅၀၀၀ဖြင့်ရပ်တည်နေပြီးဘာစီလိုနာစတားအန်တိုနီဂရက်ဇ်မန်းကလည်းပြင်သစ် စတားနှင့်အတူလုပ်ခအတူတူရရှိနေပါတယ်။

ZawGyiဥေရာပရဲ႕လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားငါးဦးစာရင္းထြက္ေပၚလာ

ဥေရာပေဘာလုံးေလာကရဲ႕လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားငါးဦးစာရင္းထြက္ေပၚလာၿပီျဖစ္ပါတယ္။လီယြန္နယ္မက္ဆီဟာဥေရာပရဲ႕လုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားအျဖစ္ထိပ္ဆုံးမွာရရွိေနၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုထက္လုပ္ခႏွစ္ဆအထိျမင့္မားေနတာေတြ႕ရပါတယ္။ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကလီယြန္နယ္မက္ဆီရဲ႕စာခ်ဳပ္ေပါက္ၾကားခဲ့ဖူးၿပီးအာဂ်င္တီးနားစတားဟာအား ကစားသမားသမိုင္းတြင္အႀကီးမားဆုံးစာခ်ဳပ္ခ်ဳပ္ဆိုထားတာသိခဲ့ရပါတယ္။

L’Equipe ရဲ႕ေဖာ္ျပခ်က္အရမက္ဆီဟာတစ္ပတ္လုပ္ခေပါင္၂.၁သန္းရရွိေနၿပီးတစ္ႏွစ္လုပ္ခေပါင္၁၀၈.၂ သန္းရရွိေနပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုကဂ်ဴဗင္တပ္မွာတစ္ပတ္လုပ္ခေပါင္၉၀၀၀၀၀တည္းသာရရွိေနၿပီးတစ္ႏွစ္လုပ္ခ ေပါင္၄၆.၇သန္းဘဲရရွိေနပါတယ္။မက္ဆီရဲ႕လုပ္ခတစ္ဝက္မွ်သာရရွိေနပါတယ္။တတိယလုပ္ခအမ်ားဆုံးကစားသမားအျဖစ္ပီအက္စ္ဂ်ီစူပါစတားေနမာကတစ္ပတ္လုပ္ခေပါင္၆၀၆၀၀၀ ျဖင့္ရပ္တည္ေနၿပီးတစ္ႏွစ္လုပ္ခေပါင္၃၁.၅သန္းရရွိေနပါတယ္။

စတုတၳလုပ္ခအမ်ားဆုံးကစားသမားအျဖစ္အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉးလူးဝစ္ဆြာရက္ဇ္က တစ္ပတ္လုပ္ခေပါင္၅၇၅၀၀၀ျဖင့္ရပ္တည္ေနၿပီးဘာစီလိုနာစတားအန္တိုနီဂရက္ဇ္မန္းကလည္းျပင္သစ္ စတားႏွင့္အတူလုပ္ခအတူတူရရွိေနပါတယ္။