ဥရောပရဲ့အလိမ်အခေါက်အကောင်းဆုံးကစားသမားများထဲတွင် ထရာအိုရီနှင့်စိန့်မာဆီမင်တို့ပါဝင်ပြီး ထိပ်ဆုံး ၅၀ စာရင်းတွင် မက်ဆီမပါဝင်

အဒါမာထရာအိုရီ၊အယ်လန်စိန့်မာဆီမင်၊နေမာနှင့်ကိုင်လီယန်ဘက်ပေးတို့ဟာယခုရာသီဥရောပရဲ့အလိမ်အခေါက်အကောင်းဆုံးစာရင်းမှာပါဝင်နေကြပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီမှာရုန်းကန်နေရတဲ့လီယွန်နယ်မက်ဆီကတော့ထိပ်ဆုံး၅၀စာရင်းမှာတောင်မပါဝင်တာအံ့ဩဖို့ကောင်းနေပါတယ်။

ယခုထွက်ပေါ်လာတဲ့အချက်အလက်များအရထရာအိုရီဟာဂိုးသွင်းမှု၊ဖန်တီးမှုအပိုင်းမှာရုန်းကန်နေရတယ်ဆိုရင်တောင်ပြိုင်ဘက်ကိုဘောလုံးလိမ်ခေါက်ကျော်ဖြတ်မှုပိုင်းမှာအလွန်ကောင်းမွန်နေဆဲဆိုတာ မြင်တွေ့နိုင်ပါတယ်။

CIES football observatory ဟာဥရောပကစားသမားများရဲ့မိနစ်၁၀၀အတွင်းလိမ်ခေါက်ကျော်ဖြတ်နိုင်မှုကိုစစ်တမ်းပြုစုခဲ့တာဖြစ်ပါတယ်။

ဝုဗ်စတားထရာအိုရီဟာမိနစ်၁၀၀တွင်လိမ်ခေါက်ကျော်ဖြတ်နိုင်မှု၁၁.၂၄ကြိမ်အထိပြုလုပ်ထားနိုင်ပြီးအောင်မြင်မှု၇၉ရာခိုင်နှုန်းဖြင့်ထိပ်ဆုံးမှာရပ်တည်ထားနိုင်ပါတယ်။

သူ့ရဲ့အနီးစပ်ဆုံးပြိုင်ဘက်အဖြစ်ဒုတိယနေရာမှာအေစီမီလန်ရဲ့ရာဖေးလ်လီယိုက၇.၁၀ကြိမ်ဖြင့်ရပ်တည်နေကာနယူးကာဆယ်ရဲ့အယ်လန်စိန့်မာဆီမင်က၇.၀၂ဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။

နံပါတ်၄နေရာမှာရန်းနက်စ်ရဲ့ကာမယ်ဒန်းဆူးမာနာက၆.၄၄ဖြင့်ရပ်တည်နေပါတယ်။နေမာက၆.၂၈ကြိမ်ဖြင့်အဆင့်၅နေရာမှာရပ်တည်နေပါတယ်။

အဆင့်၆မှအဆင့်၁၀အတွင်းမှာအယ်ဖွန်ဆိုဒါးဗီးစ်(ဘိုင်ယန်)၊ဂျီရီမီဘိုဂါ(ဆက်စ်ဆူလို)၊ဆိုဖီယာနီဘူဖေးလ်(အင်းဂါး)၊နာဟီတာနန်ဒက်ဇ်(ကက်ဂလီယာရီ)နှင့်ကိုင်လီယန်ဘက်ပေး(ပီအက်စ်ဂျီ)တို့ရပ်တည်နေပါတယ်။

ZawGyi

ဥေရာပရဲ႕အလိမ္အေခါက္အေကာင္းဆုံးကစားသမားမ်ားထဲတြင္ ထရာအိုရီႏွင့္စိန႔္မာဆီမင္တို႔ပါဝင္ၿပီး ထိပ္ဆုံး ၅၀ စာရင္းတြင္ မက္ဆီမပါဝင္

အဒါမာထရာအိုရီ၊အယ္လန္စိန႔္မာဆီမင္၊ေနမာႏွင့္ကိုင္လီယန္ဘက္ေပးတို႔ဟာယခုရာသီဥေရာပရဲ႕အလိမ္အေခါက္အေကာင္းဆုံးစာရင္းမွာပါဝင္ေနၾကပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီမွာ႐ုန္းကန္ေနရတဲ့လီယြန္နယ္မက္ဆီကေတာ့ထိပ္ဆုံး၅၀စာရင္းမွာေတာင္မပါဝင္တာအံ့ဩဖို႔ေကာင္းေနပါတယ္။

ယခုထြက္ေပၚလာတဲ့အခ်က္အလက္မ်ားအရထရာအိုရီဟာဂိုးသြင္းမႈ၊ဖန္တီးမႈအပိုင္းမွာ႐ုန္းကန္ေနရတယ္ဆိုရင္ေတာင္ၿပိဳင္ဘက္ကိုေဘာလုံးလိမ္ေခါက္ေက်ာ္ျဖတ္မႈပိုင္းမွာအလြန္ေကာင္းမြန္ေနဆဲဆိုတာ ျမင္ေတြ႕ႏိုင္ပါတယ္။

CIES football observatory ဟာဥေရာပကစားသမားမ်ားရဲ႕မိနစ္၁၀၀အတြင္းလိမ္ေခါက္ေက်ာ္ျဖတ္ႏိုင္မႈကိုစစ္တမ္းျပဳစုခဲ့တာျဖစ္ပါတယ္။

ဝုဗ္စတားထရာအိုရီဟာမိနစ္၁၀၀တြင္လိမ္ေခါက္ေက်ာ္ျဖတ္ႏိုင္မႈ၁၁.၂၄ႀကိမ္အထိျပဳလုပ္ထားႏိုင္ၿပီးေအာင္ျမင္မႈ၇၉ရာခိုင္ႏႈန္းျဖင့္ထိပ္ဆုံးမွာရပ္တည္ထားႏိုင္ပါတယ္။

သူ႔ရဲ႕အနီးစပ္ဆုံးၿပိဳင္ဘက္အျဖစ္ဒုတိယေနရာမွာေအစီမီလန္ရဲ႕ရာေဖးလ္လီယိုက၇.၁၀ႀကိမ္ျဖင့္ရပ္တည္ေနကာနယူးကာဆယ္ရဲ႕အယ္လန္စိန႔္မာဆီမင္က၇.၀၂ျဖင့္တတိယေနရာမွာရပ္တည္ေနပါတယ္။

နံပါတ္၄ေနရာမွာရန္းနက္စ္ရဲ႕ကာမယ္ဒန္းဆူးမာနာက၆.၄၄ျဖင့္ရပ္တည္ေနပါတယ္။ေနမာက၆.၂၈ႀကိမ္ျဖင့္အဆင့္၅ေနရာမွာရပ္တည္ေနပါတယ္။

အဆင့္၆မွအဆင့္၁၀အတြင္းမွာအယ္ဖြန္ဆိုဒါးဗီးစ္(ဘိုင္ယန္)၊ဂ်ီရီမီဘိုဂါ(ဆက္စ္ဆူလို)၊ဆိုဖီယာနီဘူေဖးလ္(အင္းဂါး)၊နာဟီတာနန္ဒက္ဇ္(ကက္ဂလီယာရီ)ႏွင့္ကိုင္လီယန္ဘက္ေပး(ပီအက္စ္ဂ်ီ)တို႔ရပ္တည္ေနပါတယ္။