ဥရောပသူရဲကောင်းသုံးဦးတို့ရဲ့ ရုပ်ထုကို ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းဟာကလပ်ရဲ့လူချစ်လူခင်အများဆုံးဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ဘော်ဘီမိုး၊ဂျော့ဖ်ဟတ်ရှ်၊မာတင်ပီတာတို့ရဲ့ရုပ်ထုကိုလန်ဒန်ကွင်းမှာတည်ထားဂုဏ်ပြုလိုက်ပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာယင်းရုပ်ထုသုံးခုရဲ့အောက်ခြေတွင်၂၀၁၉ခုနှစ်၊ဒီဇင်ဘာလတုန်းကကွယ်လွန်သွားခဲ့တဲ့အင်္ဂလန်ကမ္ဘာ့ဖလားသူရဲကောင်းတဲ့မာတင်ပီတာရဲ့အရိုးပြာကိုထည့်သွင်းထားပါတယ်။

အဆိုပါဝက်စ်ဟမ်းဂန္ထဝင်ကစားသမားသုံးဦးတို့ဟာဝက်စ်ဟမ်းအကယ်ဒမီထုတ်ကစားသမားများဖြစ်ကြပြီးအင်္ဂလန်နှင့်အတူ၁၉၆၆ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ကြသူများလည်းဖြစ်ပါတယ်။

ဘော်ဘီမိုးဟာအနောက်ဂျာမနီအား၄-၂ဂိုးဖြင့်အနိုင်ရကာကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့အင်္ဂလန်အသင်းကိုအသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ခဲ့သူဖြစ်ပြီးဂျော့ဟတ်ရှ်မှာဟက်ထရစ်သွင်းခဲ့သလိုပီတာမှာလည်းတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ပီတာဟာအသက်၁၅နှစ်အရွယ် ၁၉၅၉ခုနှစ်တွင်ဝက်စ်ဟမ်းသို့ရောက်လာပြီးနောက်၃၆၄ပွဲကစားခဲ့ပြီး၁၉၆၅ခုနှစ်တုန်းကဥရောပရှုံးထွက်ဗိုလ်များဖလားဆွတ်ခူးနိုင်အောင်ကူညီနိုင်ခဲ့ကာ၁၉၆၅ခုနှစ်ဝက်စ်ဟမ်းတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်၇၉နှစ်ရှိပြီဖြစ်တဲ့အင်္ဂလန်တိုက်စစ်မှူးဂျော့ဟတ်ရှ်ဟာရုပ်ထုထုလုပ်ဂုဏ်ပြုခံရတဲ့ကစားသမားသုံးဦးတွင်အသက်ရှင်သန်နေဆဲဖြစ်တဲ့တစ်ဦးတည်းသောကစားသမားလည်းဖြစ်ပါတယ်။သူဟာရုပ်ထုဖွင့်လှစ်ပွဲသို့ကိုယ်တိုင်တက်ရောက်ခဲ့သလို၁၉၆၅ ဥရောပရှုံးထွက်ဗိုလ်များဖလားချန်ပီယံအသင်းတွင်ပါဝင်တဲ့ဘရိုင်ယန်ဒီးယား၊ရွန်နီဘွိုက်စ်၊ကန်ဘရောင်းနှင့်ဂျက်ဘတ်ကက်တို့လည်းတက်ရောက်ခဲ့ကြပါတယ်။

ZawGyi





ဘော်ဘီမိုးဟာအနောက်ဂျာမနီအား၎-၂ဂိုးဖြင့်အနိုင်ရကာကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့အင်္ဂလန်အသင်းကိုအသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ခဲ့သူဖြစ်ပြီးဂျော့ဟတ်ရှ်မှာဟက်ထရစ်သွင်းခဲ့သလိုပီတာမှာလည်းတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

