ဦးခေါင်းအက်ဒဏ်ရာကြောင့် အရေးပေါ်ကုသခံနေရတဲ့ ဂေါ့ဇီရဲ့ညီ ဖီးလစ်

မာရီယိုဂေါ့ဇီရဲ့ညီဖြစ်သူဖီးလစ်ဟာကိုင်ဇာစလော့တန်အတွက်ကစားစဉ်ဦးခေါင်းရိုးအက်ဒဏ်ရာရရှိကာအရေးပေါ်ကုသမှုခံယူနေရကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိဖီးလစ်ဟာတနင်္ဂနွေနေ့တုန်းကကိုင်ဇာစလော့တန်နှင့်ဗစ်တိုးနီးယားဘာလင်နှင့်ပွဲစဉ်တွင်ကစားဖော်ဘိုရစ်တိုမီယာနှင့်တိုက်မိကာဦးခေါင်းအက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပွဲချိန်၇၂မိနစ်တွင်ကစားဖော်နှင့်ခေါင်းချင်းတိုက်မိပြီးနောက်လူနာထမ်းစင်ဖြင့်ထွက်ခွာခဲ့ရပြီးချက်ချင်းပင်အရေးပေါ်ဆေးရုံသို့ပို့ခဲ့ရပါတယ်။

ဂျာမန်တတိယတန်းကလပ်ကိုင်ဇာဆလော့တန်ကဗဟိုနောက်ခံလူဖီးလစ်ဟာဦးခေါင်းရိုးအက်ဒဏ်ရာရရှိခဲ့ကြောင်း၊ယခုအခါဒဏ်ရာမှသက်သာလာပြီဖြစ်ကာစိုးရိမ်စရာအနေအထားတွင်မရှိတော့ကြောင်းကြေညာထားပါတယ်။

ဖီးလစ်ဟာသူ့အစ်ကိုကစားခဲ့ရာဒေါ့မွန်နှင့်ဘိုင်ယန်မြူးနစ်တို့ရဲ့လူငယ်အသင်းတို့တွင်ကျင်လည်ခဲ့ဖူးပါတယ်။သူဟာ၂၀၁၇ခုနှစ်တုန်းကဘိုင်ယန်လူငယ်အသင်းမှစီနီယာအသင်းသို့ တက်ရောက်ခဲ့ဖူးပါတယ်။

သူဟာအော့ဘတ်သို့ပြောင်းခဲ့ပြီးနောက်ကိုင်ဇာဆလော့တန်တွင်၂ရာသီကြာအငှားဖြင့်ကစားလာခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ဦးေခါင္းအက္ဒဏ္ရာေၾကာင့္ အေရးေပၚကုသခံေနရတဲ့ ေဂါ့ဇီရဲ႕ညီ ဖီးလစ္

မာရီယိုေဂါ့ဇီရဲ႕ညီျဖစ္သူဖီးလစ္ဟာကိုင္ဇာစေလာ့တန္အတြက္ကစားစဥ္ဦးေခါင္း႐ိုးအက္ဒဏ္ရာရရွိကာအေရးေပၚကုသမႈခံယူေနရေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိဖီးလစ္ဟာတနဂၤေႏြေန႔တုန္းကကိုင္ဇာစေလာ့တန္ႏွင့္ဗစ္တိုးနီးယားဘာလင္ႏွင့္ပြဲစဥ္တြင္ကစားေဖာ္ဘိုရစ္တိုမီယာႏွင့္တိုက္မိကာဦးေခါင္းအက္ဒဏ္ရာရရွိခဲ့တာလည္းျဖစ္ပါတယ္။

သူဟာပြဲခ်ိန္၇၂မိနစ္တြင္ကစားေဖာ္ႏွင့္ေခါင္းခ်င္းတိုက္မိၿပီးေနာက္လူနာထမ္းစင္ျဖင့္ထြက္ခြာခဲ့ရၿပီးခ်က္ခ်င္းပင္အေရးေပၚေဆး႐ုံသို႔ပို႔ခဲ့ရပါတယ္။

ဂ်ာမန္တတိယတန္းကလပ္ကိုင္ဇာဆေလာ့တန္ကဗဟိုေနာက္ခံလူဖီးလစ္ဟာဦးေခါင္း႐ိုးအက္ဒဏ္ရာရရွိခဲ့ေၾကာင္း၊ယခုအခါဒဏ္ရာမွသက္သာလာၿပီျဖစ္ကာစိုးရိမ္စရာအေနအထားတြင္မရွိေတာ့ေၾကာင္းေၾကညာထားပါတယ္။

ဖီးလစ္ဟာသူ႔အစ္ကိုကစားခဲ့ရာေဒါ့မြန္ႏွင့္ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕လူငယ္အသင္းတို႔တြင္က်င္လည္ခဲ့ဖူးပါတယ္။သူဟာ၂၀၁၇ခုႏွစ္တုန္းကဘိုင္ယန္လူငယ္အသင္းမွစီနီယာအသင္းသို႔ တက္ေရာက္ခဲ့ဖူးပါတယ္။

သူဟာေအာ့ဘတ္သို႔ေျပာင္းခဲ့ၿပီးေနာက္ကိုင္ဇာဆေလာ့တန္တြင္၂ရာသီၾကာအငွားျဖင့္ကစားလာခဲ့သူလည္းျဖစ္ပါတယ္။