ဦးနှောက်သွေးယိုမှုကြောင့် မှတ်ဉာဏ်ပျောက်ဆုံးမှာ စိုးရိမ်ခဲ့ရတဲ့ သရဲနီဂန္ထဝင်ဖာဂူဆန်

ဆာအဲလက်စ်ဖာဂူဆန်ဟာ၂၀၁၈ခုနှစ်တုန်းကဦးနှောက်သွေးယိုမှုကြောင့်မှတ်ဉာဏ်များပျောက်ဆုံးသွားရမည်ကို စိုးရိမ်ရတဲ့အခြေအနေနှင့်ရင်ဆိုင်ခဲ့ရကြောင်းသိရပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ၂၀၁၈ခုနှစ်တုန်းကဦးနှောက်သွေးယိုမှုကြောင့်အရေးပေါ်ဆေးရုံတက်ခဲ့ရပြီးတစ်ကမ္ဘာလုံးမှဘောလုံးပရိသတ်များရင်တမမဖြင့်ဆုတောင်းခဲ့ကြရပါတယ်။

ဒါပေမယ့်ကံကောင်းစွာဘဲခွဲစိတ်ကုသမှုမှာအောင်မြင်မှုရရှိခဲ့သလိုဆေးရုံမှပြန်လည်ဆင်းချိန်တွင်လည်းကျွမ်းကျင် သူနာပြုများနှင့်မိသားစုဝင်များရဲ့ပြုစုစောင့်ရှောက်မှုကြောင့်ပြန်လည်ကျန်းမာလာခဲ့ပါတယ်။

အသက်၇၉နှစ်ရှိဆာအဲလက်စ်ဖာဂူဆန်ဟာသူ့အသက်အတွက်တိုက်ပွဲဝင်မှုအကြောင်းကိုလာမယ့်မတ်လ၂၇ရက်နေ့တွင်ရုံတင်ပြသလာမယ့် Sir Alex Ferguson : Never Give In အမည်ရှိ မှတ်တမ်းရုပ်ရှင်တွင်ဖွင့်ဟလာမှာ လည်းဖြစ်ပါတယ်။

ယင်းမှတ်တမ်းရုပ်ရှင်ကိုမေလ၂၉ရက်နေ့မှစတင်ကာ Amazon Prime တွင်လည်းကြည့်ရှုနိုင်ပါမယ်။ ယင်းမှတ်တမ်းရုပ်ရှင်ကိုသားဖြစ်သူဂျေဆင်ကဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး ယင်းမှတ်တမ်းရုပ်ရှင်တွင်ဆာအဲလက်စ်ဖာဂူဆန်ရဲ့ဘဝ၊နည်းပြဘဝနှင့်ဘောလုံးပြင်ပဘဝအကြောင်းကိုမြင်တွေ့ရပါမယ်။

ဖာဂူဆန်ဟာအဘာဒင်းကိုဥရောပရှုံးထွက်ဗိုလ်များဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ပြီးနောက်မန်ယူကိုကိုင်တွယ်ခွင့်ရရှိခဲ့ပြီးဆယ်စုနှစ်နှစ်ခုကျော်ကြာကိုင်တွယ်ခဲ့ကာပရီးမီးယားလိဂ်ဖလား၁၃ကြိမ်၊အက်ဖ်အေဖလား၅ကြိမ် နှင့်ချန်ပီယံလိဂ်ဖလား၂ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာဘောလုံးသမိုင်းတွင်ကလပ်ဆုဖလားအများဆုံးဆွတ်ခူး ထားနိုင်တဲ့နည်းပြအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

မတ်လပြသလာမယ့်ဆာအဲလက်စ်ဖာဂူဆန်ရဲ့မှတ်တမ်းရုပ်ရှင်တွင်ဖာဂူဆန်အပြင်ဇနီးသည်ကေသီ၊သားများ၊ လုပ်ဖော်ကိုင်ဖက်များ၊အဲရစ်ကန်တိုနာ၊ရွိုင်ယန်ဂစ်၊ဂေါ်ဒွန်စထရာချန်တို့အပြင်နာမည်ကျော်ဘောလုံးသမားများ၊ နည်းပြဟောင်းများရဲ့အင်တာဗျူးလည်းပါဝင်ပါတယ်။

ZawGyi

ဦးေႏွာက္ေသြးယိုမႈေၾကာင့္ မွတ္ဉာဏ္ေပ်ာက္ဆုံးမွာ စိုးရိမ္ခဲ့ရတဲ့ သရဲနီဂႏၴဝင္ဖာဂူဆန္

ဆာအဲလက္စ္ဖာဂူဆန္ဟာ၂၀၁၈ခုႏွစ္တုန္းကဦးေႏွာက္ေသြးယိုမႈေၾကာင့္မွတ္ဉာဏ္မ်ားေပ်ာက္ဆုံးသြားရမည္ကို စိုးရိမ္ရတဲ့အေျခအေနႏွင့္ရင္ဆိုင္ခဲ့ရေၾကာင္းသိရပါတယ္။

ဆာအဲလက္စ္ဖာဂူဆန္ဟာ၂၀၁၈ခုႏွစ္တုန္းကဦးေႏွာက္ေသြးယိုမႈေၾကာင့္အေရးေပၚေဆး႐ုံတက္ခဲ့ရၿပီးတစ္ကမာၻလုံးမွေဘာလုံးပရိသတ္မ်ားရင္တမမျဖင့္ဆုေတာင္းခဲ့ၾကရပါတယ္။

ဒါေပမယ့္ကံေကာင္းစြာဘဲခြဲစိတ္ကုသမႈမွာေအာင္ျမင္မႈရရွိခဲ့သလိုေဆး႐ုံမွျပန္လည္ဆင္းခ်ိန္တြင္လည္းကြၽမ္းက်င္ သူနာျပဳမ်ားႏွင့္မိသားစုဝင္မ်ားရဲ႕ျပဳစုေစာင့္ေရွာက္မႈေၾကာင့္ျပန္လည္က်န္းမာလာခဲ့ပါတယ္။

အသက္၇၉ႏွစ္ရွိဆာအဲလက္စ္ဖာဂူဆန္ဟာသူ႔အသက္အတြက္တိုက္ပြဲဝင္မႈအေၾကာင္းကိုလာမယ့္မတ္လ၂၇ရက္ေန႔တြင္႐ုံတင္ျပသလာမယ့္ Sir Alex Ferguson : Never Give In အမည္ရွိ မွတ္တမ္း႐ုပ္ရွင္တြင္ဖြင့္ဟလာမွာ လည္းျဖစ္ပါတယ္။

ယင္းမွတ္တမ္း႐ုပ္ရွင္ကိုေမလ၂၉ရက္ေန႔မွစတင္ကာ Amazon Prime တြင္လည္းၾကည့္ရႈႏိုင္ပါမယ္။ ယင္းမွတ္တမ္း႐ုပ္ရွင္ကိုသားျဖစ္သူေဂ်ဆင္ကဒါ႐ိုက္တာအျဖစ္တာဝန္ယူ႐ိုက္ကူးထားတာျဖစ္ၿပီး ယင္းမွတ္တမ္း႐ုပ္ရွင္တြင္ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ဘဝ၊နည္းျပဘဝႏွင့္ေဘာလုံးျပင္ပဘဝအေၾကာင္းကိုျမင္ေတြ႕ရပါမယ္။

ဖာဂူဆန္ဟာအဘာဒင္းကိုဥေရာပရႈံးထြက္ဗိုလ္မ်ားဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ၿပီးေနာက္မန္ယူကိုကိုင္တြယ္ခြင့္ရရွိခဲ့ၿပီးဆယ္စုႏွစ္ႏွစ္ခုေက်ာ္ၾကာကိုင္တြယ္ခဲ့ကာပရီးမီးယားလိဂ္ဖလား၁၃ႀကိမ္၊အက္ဖ္ေအဖလား၅ႀကိမ္ ႏွင့္ခ်န္ပီယံလိဂ္ဖလား၂ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာေဘာလုံးသမိုင္းတြင္ကလပ္ဆုဖလားအမ်ားဆုံးဆြတ္ခူး ထားႏိုင္တဲ့နည္းျပအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

မတ္လျပသလာမယ့္ဆာအဲလက္စ္ဖာဂူဆန္ရဲ႕မွတ္တမ္း႐ုပ္ရွင္တြင္ဖာဂူဆန္အျပင္ဇနီးသည္ေကသီ၊သားမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ား၊အဲရစ္ကန္တိုနာ၊႐ြိဳင္ယန္ဂစ္၊ေဂၚဒြန္စထရာခ်န္တို႔အျပင္နာမည္ေက်ာ္ေဘာလုံးသမားမ်ား၊ နည္းျပေဟာင္းမ်ားရဲ႕အင္တာဗ်ဴးလည္းပါဝင္ပါတယ္။